Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

SEA Games ကျင်းပမည့် နေပြည်တော် အခြေခံကျောင်းများ ဒီဇင်ဘာ တစ်လလုံး ပိတ်မည်

ရန်ကုန်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် SEA Games ပြိုင်ပွဲ ကျင်းပမည့် နေပြည်တော်တွင် ပြိုင်ပွဲကျင်းပစဉ် ကာလအတွင်း အခြေခံကျောင်းများ ဒီဇင်ဘာတစ်လလုံး ပိတ်မည် ဖြစ်သဖြင့် အစားထိုး ကျောင်းဖွင့်ရက်ကို သီတင်းကျွတ် ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး တစ်ဦးက The Voice သို့ ပြောကြားသည်။
“ဆီးဂိမ်းကျင်းပမယ့် နေပြည်တော်မှာပဲ အောက်တိုဘာ ကျောင်းပိတ်ရက်မှာ ဆက်တက်ရမှာ။ ကျန်တဲတိုင်းနဲ့ပြည်နယ်တွေက အရင်စာသင်နှစ် အတိုင်းပဲ ကျောင်းပိတ်မှာ” ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

SEA Games ပြိုင်ပွဲအချို့ ကျင်းပမည့် ရန်ကုန်မြို့တွင် ကျောင်းပိတ်ခြင်း ရှိမရှိ မသတ်မှတ်ရသေးသော်လည်း အောက်တိုဘာလတွင် ကျရောက်မည့် သီတင်းကျွတ် ကျောင်းပိတ်ရက်တွင် ကျောင်းများ ဆက်လက် ဖွင့်လှစ်ရေးအတွက် စီစဉ်လျက် ရှိကြောင်း ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။
“အစကတော့ အောက်တိုဘာ ကျောင်းတက်ရမယ်လို့ ပြောတယ်။ အခုတော့ မတက်ရတော့ဘူးတဲ့။ ဒါပေမဲ့ နှစ်ဝက် စာမေးပွဲတွေကိုတော့ အရင်ကလို နိုဝင်ဘာမှာ မစစ်တော့ဘူး။ အောက်တိုဘာမှာ စစ်မယ်လို့ ကြားတယ်” ဟု ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ ကျောင်းသူတစ်ဦးက ဆိုသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့ရှိ အခြေခံကျောင်းများ၏ ကျောင်းပိတ်ရက်ကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁၈ ရက်မှ ၂၇ ရက်နေ့အထိ သတ်မှတ်ထားကြောင်း၊ နေပြည်တော်ကဲ့သို့ ကျောင်းပိတ်ရန် ညွှန်ကြားချက်များ မရှိကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ မူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာကြီး တစ်ဦးက The Voice သို့ ပြောကြားသည်။

No comments:

Post a Comment