Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, September 6, 2013

နောက်ဆုံးထွက် Honda Fit ဂျပန်မှာ ကြေညာပြီ


Friday, September 6, 2013

Honda Fit လို့အမည်ရတဲ့ Sub-compact ကားကို တော်တော်များများ သိကြမှာပါ။ မြန်မာပြည်ကို အရောက်များတဲ့ ကားစာရင်းထဲမှာလည်း ပါဝင်ပါတယ်။ အများစုက ဂျပန်လေလံဈေးကွက်က ရောက်ရှိတာပါ။ ယခု မြင်တွေ့ရတဲ့ ကားကတော့ ၂၀၁၅ မော်ဒယ် Honda Fit ပဲ ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်ကတည်းက ထုတ်လုပ်တဲ့ကား ဖြစ်ပြီး ၂၀၁၅ မော်ဒယ်ကိုတော့ တတိယမျိုးဆက်လို့ သတ်မှတ်လိုက်ပါတယ်။ ထူးခြားလာမှု တစ်ခုက ဟိုင်းဘရစ်ဗားရှင်းပါ ပူးတွဲ ထုတ်လုပ်လာမှာ ဖြစ်ပါတယ်။ ဟိုင်းဘရစ် ဖစ်တ် က ဆီတစ်ဂါလံကို ၈၆ မိုင်အထိ မောင်းနှင်နိုင်မယ့်ကားပါ။ အံ့မခန်း ဆီစားသက်သာတဲ့ကား ဖြစ်ပါတယ်။ ဒါကြောင့်လည်း အမေရိကနဲ့ ဥရောပ ဈေးကွက်ကပါ Honda Fit အသစ်ကို မျော်နေကြပါပြီ။

ပုံစံအားဖြင့် ထူးထူးခြားခြားပြောင်းလဲသွားမှု မရှိသလို အင်ဂျင်အရွယ်လည်း သိပ်မပြောင်းသွားပါဘူး။ ၁.၄ လီတာ ဆလင်ဒါလေးလုံး ဗားရှင်းဖြစ်ပြီး စွမ်းဆောင်ရည်နဲ့ Fuel Economy အပိုင်းမှာကျ သိသိသာသာ မြင့်တက် သွားမှု ဖြစ်ပါတယ်။ အရွယ်အစားကတော့ အရင်အတိုင်းပါပဲ။ မိသားစုစီး ကားငယ်ေးလ တစ်စီး အဖြစ် ရှိနေအုံးမှာပါ။

ဂျပန်နိုင်ငံမှာပဲ ယခုရက်ပိုင်းအတွက် Honda က မိတ်ဆက်ပြသသွားခြင်း ဖြစ်ပါတယ်။ ၂၀၁၅ မော်ဒယ် Honda Fit ကို ၂၀၁၄ နှစ်ဆန်းမှာ ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

Ref: autoblog
ColayAutomobile

No comments:

Post a Comment