Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

Ford မော်တော်ယာဉ် အရောင်းပြခန်း အောက်တိုဘာ ၄ ရက်နေ့ ဖွင့်မည်



ရန်ကုန်၊ စက်တင်ဘာ ၂၈

မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်မည့် Ford မော်တော်ယာဉ် အရောင်းပြခန်းကို အောက်တိုဘာ ၄ ရက်နေ့တွင် တရားဝင် စဖွင့်လှစ်သွားမည် ဖြစ်ကြောင်း အမေရိကန် နာမည်ကျော် မော်တော်ယာဉ် ကုမ္ပဏီ Ford Motor Company ကုမ္ပဏီထံမှ သိရှိရသည်။

ရန်ကုန်မြို့ လှိုင်မြို့နယ် အင်းစိန် လမ်းပေါ်တွင် ဖွင့်လှစ်ထားသော အဆိုပါ Ford မော်တော်ယာဉ် အရောင်းပြခန်းတွင် မော်တော်ယာဉ် ရောင်းချခြင်း သာမက စက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူများဖြင့်
မော်တော်ယာဉ် ပြုပြင် ထိန်းသိမ်းခြင်း ဝန်ဆောင်မှုများကိုပါ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း Ford ကုမ္ပဏီနှင့် ပူးပေါင်း ဆောင်ရွက်နေသော ပြည်တွင်းရှိ Capital Automotive ကုမ္ပဏီထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ပထမဦးဆုံး ဖွင့်လှစ်မည့် အဆိုပါ အရောင်းပြခန်းတွင် တစ်ကမ္ဘာလုံးတွင် ရောင်းချနေသော Ford ကုမ္ပဏီထုတ် မော်တော်ယာဉ် အမျိုးအစားများကို ရောင်းချပေးသွားမည် ဖြစ်ပြီး ပြည်တွင်းရှိ Ford မော်တော်ယာဉ်များကို ပြုပြင် ထိန်းသိမ်းရေး ဝန်ဆောင်မှုများ ဆောင် ရွက်နိုင်ရန် ထိုင်းနိုင်ငံရှိ RMA Academy တွင် မြန်မာဝန်ထမ်း ၁၀ ဦးကို သြဂုတ်လ အတွင်းက တစ်လခန့် လေ့ကျင့်သင်တန်း ပေးခဲ့ကြောင်း အဆိုပါ ကုမ္ပဏီထံမှ သိရှိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် Suzuki၊ Nissan၊ Tata အစရှိသော မော်တော်ယာဉ် ကုမ္ပဏီများက တရားဝင် အရောင်းပြခန်းများ ဖွင့်လှစ်၍ မော်တော်ယာဉ် ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှု များပေးနေပြီး Mazda၊ Macedes၊ BMW အစရှိသော နာမည်ကျော် မော်တော်ယာဉ် အရောင်းပြခန်းများလည်း မကြာမီ ဖွင့်လှစ်တော့မည် ဖြစ်သည်။

No comments:

Post a Comment