Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 17, 2013

eyecream ကို ဘယ်လိုလိမ်းကြမလဲ



မျက်လုံးဆိုတာ လူတစ်ယောက်နှင့်တစ်ယောက်ဆက်သွယ်ရာမှာ အလွန်အရေးပါတဲ့ အရာတစ်ခုဖြစ်တယ်... သင်၏မျက်လုံးလေးတွေလှပနေဖို့က အရမ်းကိုအရေးပါတယ်နော်... လူတစ်ယောက်၏အသက်အရွယ်ကိုလည်း မျက်လုံးတစ်ဝိုက်ရှိအရေးအကြောင်းတွေက ဖော်ပြပေးနေတယ်... မျက်လုံးတစ်ဝိုက်က အရေပြားတွေဟာအရမ်းကို နူးညံ့လွန်းနေတယ် ဒါကြောင့်မို့ မျက်လုံးကို အထူးဂရုစိုက်ဖို့လိုတယ်... eyecream ကို ဘယ်လိုလိမ်းကြမယ်ဆိုတာဖော်ပြပေးလိုက်ပါတယ်
(၁) မျက်နှာအား သန့်စင်စွာဆေးကြောပါ... မျက်လုံးတစ်ဝိုက် သန့်စင်စေဖို့ eyeremover ဖြင့်သန့်စင်ပေးပါ။
(၂) မိမိနှင့်သင့်တော်သည့် eyecream အား လက်သည်းခွံအရွယ်အစားလောက်ညှစ်ယူပါ (များလွန်းလျှင် အရေပြားထဲသို့ မစိမ့်ဝင်နိုင်ဘဲ နည်းလွန်းလျှင် အကျိုးမရှိဖြစ်တတ်သည်)
(၃) နားကြပ်တံ (သို့) လက်သကြွယ်ဖြင့် ယူပြီး မျက်လုံးတစ်ဝိုက် အထက်အောက်အစက်ချပေးပါ။
(၄) ပြီးလျှင်လက်သကြွယ်ဖြင့် ညင်သာစွာ မျက်လုံးအပေါ်အောက် အတွင်းမှအပြင်သို့ လိမ်းပေးပါ။(အရေးကြောင်းနေရာများကို သေချာစွာစိမ့်ဝင်စေရန် ညင်သာစွာ ပွတ်လိမ်းပေးပါ)

အထူးသတိပြုရန်

- ပိုပြီးအကျိုးထူးစေရန် ရေခဲသေတ္တာထဲတွင်သိမ်းထားပါ
- နေ့ရော၊ညပါလိမ်းပေးပါ
- eyecream လိမ်းပြီ ၁၅မိနစ်နေပြီးမှ အခြားအရာများလိမ်းပါ
- လိမ်းနေစဉ်တွင် ခြေခြင်း၊ပွတ်ခြင်း၊ဖိခြင်းများမပြုလုပ်ရပါ


(အလှအပရေးရာ)

No comments:

Post a Comment