Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 21, 2013

ကွန်ဂို သီလရှင်တစ်ဦးအား ကုလသမဂ္ဂက ဒုက္ခသည်များ ကူညီ စောင့်ရှောက်မှုဆုချီးမြှင့်



ယူဂန်ဒါ သူပုန်များ၏လက်မှ ထွက်ပြေး လွတ်မြောက်လာခဲ့သော အမျိုးသမီး များအား စောင့်ရှောက်ခဲ့သူ ကွန်ဂို သီလရှင် တစ်ဦးအား UNHCR မှ နှစ်စဉ် ရွေးချယ် ချီးမြှင့်နေ ကျဖြစ် သည့် Nansen ဆုကို ပေးအပ်မည် ဖြစ်ကြောင်း ဒုက္ခသည်များ အေဂျင်စီမှ စက်တင်ဘာ ၁၇ ရက်က ကြေညာခဲ့ သည်။

သီလရှင် Angelique Namaik သည် ကုလသမဂ္ဂမှ ချီးမြှင့်သည့် အမေရိကန် ဒေါ်လာတစ်သိန်း ရရှိမည် ဖြစ်သည်။ ၄င်းသည် ယူဂန်ဒါ သူပုန်များ၏ Lord’s Resistance Army (LRA) မှ ထွက်ပြေး လွတ်မြောက်လာခဲ့သည့် အမျိုးသမီး များအား စောင့်ရှောက် ကူ ညီခဲ့သူ ဖြစ်သည်။

၎င်းသည် ကွန်ဂိုနိုင်ငံ အရှေ့ မြောက်ပိုင်းရှိ ဝေးလံခေါင်ဖျား ဒေသ၌ ပြန်လည် စုဆောင်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးစင်တာ ဖွင့်လှစ်၍ ကူညီ စောင့်ရှောက်မှုများ လုပ်ကိုင် လျက်ရှိသည်။

၎င်းစ င်တာ၌ အနိုင်ကျင့် ခံရသည့် အမျိုးသမီးများ အထူးသဖြင့် LRA လက် အတွင်း၌ ကျရောက်ခဲ့သူ အမျိုးသမီးပေါင်း ၂ဝဝဝ ကျော်၏ ဘဝများ အားကောင်းမွန် လှပစေရန် ကူညီခဲ့ ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင် ရာ အေဂျင်စီက ကြေညာခဲ့သည်။

”စိတ် မချမ်းမြေ့ဖွယ် အတွေ့အကြုံများ နှင့် ပျက်စီး ဆုံးရှုံးမှု များမှ ပြန်လည် နိုးထဖို့ အတွက် သူ့ရဲ့ တစ်ဦးချင်းစီ အားပေးမှုက အထောက်အကူ ပြုပါတယ်။ တုန်လှုပ် ချောက်ချားစရာတွေ နဲ့ ကြုံတွေ့ခဲ့ရတဲ့ သူတို့လေးတွေ ကို မိသားစု တွေနဲ့ လူ့ အသိုက်အဝန်းက ဖယ်ကြဉ် ထားကြတယ်”ဟု အဆိုပါ ကြေညာချက် ထဲ၌ ထည့် သွင်းဖော်ပြထားသည်။

LRA အဖွဲ့သည် ယူဂန်ဒါနိုင်ငံ၌ ၁၉၈၇ ခုနှစ် မှစ၍ တိုက်ပွဲများ တိုက် ခိုက်လျက် ရှိသည်။ ၂ဝဝ၈ ခုနှစ်၌ သီလ ရှင် Angelique Namaik အပါအဝင် ခန့်မှန်းခြေ လူပေါင်း ၃၂ဝဝဝဝ ခန့်သည် ကွန်ဂိုနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အိုရီ ယန်းတေးလ် ပြည်နယ် သို့ ထွက်ပြေး တိမ်းရှောင်ခဲ့သည်။

၎င်းသည် စက်တင်ဘာ ၃ဝ ရက် နေ့တွင် ဂျီနီဗာ၌ ကျင်းပမည့် ဆုပေး ပွဲ အခမ်းအနား၌ ဆုလက်ခံ ရယူမည်ဖြစ် ကာ ပဲရစ်၊ ဘရပ်ဆဲလ်နှင့် အော့စလို မြို့များ၌ အစည်း အဝေး မတက်ရောက် ခင် ရောမ မြို့သို့ သွားရောက်ကာ ပုပ် ရဟန်း မင်းကြီး ဖရန့်စစ်နှင့် တွေ့ဆုံမည် ဖြစ်သည်။
Nansen ဒုက္ခသည် စောင့်ရှောက် ရေးဆုသည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာ မင်းကြီးရုံးမှ ချီးမြှင့်သော အမြင့်ဆုံးဆု ဖြစ်ပြီး တစ်ဦးချင်း (သို့) အဖွဲ့အစည်း များအား နှစ်စဉ်ပေးအပ် လျက်ရှိသည်။

သိင်္ဂီဝင်း
Ref:AFP


Popular Myanmar News Journal < Thanks

No comments:

Post a Comment