CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, September 26, 2013
မြေဈေးနှုန်းသတ်မှတ်သော်လည်း ရန်ကုန် အိမ်ခြံမြေဈေး ကျဆင်းခြင်းမရှိ
ရန်ကုန် ၊ စက်တင်ဘာ ၂၅။ ။ ကာလ တန်ဖိုး သတ်မှတ်ရေးအဖွဲ့ (ရန်ကုန်တိုင်းဒေသကြီး)မှ ရန်ကုန်မြို့ တွင်း မြို့နယ်အလိုက် မြေဈေးနှုန်း များ သတ်မှတ်ပေးသော်လည်း ရန်ကုန်အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းသွားခြင်းမရှိဘဲ အရောင်း အဝယ် အေးစက်နေကြောင်း ရန် ကုန်အိမ်ခြံမြေအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ယခုကဲ့သို့ မြို့နယ်အလိုက် မြေဈေးနှုန်းများ သတ်မှတ်လိုက် ခြင်းသည် အစိုးရမှ မြေဈေးအား ထိန်းချုပ်ခြင်းအတွက် မဟုတ်ဘဲ အိမ်ခြံမြေရောင်း ဝယ်ခြင်းများ မှ အခွန်အား တိကျစွာရရှိနိုင်ရန် အတွက် ယခုကဲ့သို့ သတ်မှတ်လိုက် ခြင်းဖြစ်ကြောင်း အိမ်ခြံမြေကျွမ်း ကျင်သူများက ဆိုသည်။
ဝါရင့်အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်သူ ဦးနေလင်းစိုးက ''အ ခုမြေဈေးတွေ သတ်မှတ်ပေးတယ် ဆိုပေမယ့် အခုချိန်အထိ ကျွန်တော် တို့ဆီမှာအပ်ထား တဲ့ အကွက်တွေ က ဈေးနှုန်းပြောင်းလဲပြီး ပြန်အပ် တယ်ဆိုတာမရှိဘူး။ အရင်အတိုင်း ပဲ။ အရောင်းအဝယ်ကတော့ အေး နေတယ်''ဟု ပြောသည်။
ရန်ကုန်မြို့တွင်း အိမ်ခြံမြေ အရောင်းများသည့် မြို့နယ်များ တွင် မြို့နယ်အလိုက် ကာလတန် ဖိုး သတ်မှတ်ရေးအဖွဲ့မှ မြေဈေး နှုန်းများ မသတ်မှတ်ခင် အချိန်များ အထိ အရောင်းအဝယ်များ အေး စက်နေပြီး ယခုကဲ့သို့ သတ်မှတ် လိုက်ခြင်းကြောင့် အိမ်ခြံမြေအ ရောင်းများမှာ ပိုမိုအေးစက်နိုင် ကြောင်းလည်း အိမ်ခြံမြေလုပ်ကိုင် နေသူများ ကသုံးသပ်ပြောဆိုသည်။
မေဇင်ဦး အိမ်ခြံမြေအကျိုး ဆောင်မှ မဝါဝါက ''မြေဈေးနှုန်း တွေ မသတ်မှတ် ခင်ကတည်းက အရောင်းအဝယ်က အေးနေတာ။ အဓိကတော့ အရောင်းဈေး ကွက် ပေါ့။ အငှားဈေးကွက် အေးတယ် ဆိုတာက ဝါတွင်း ကာလ ဖြစ်နေ လို့ပါ။ နောက်တစ်ခုက အခုချိန် ထိ ကျွန်မတို့ဆီမှာ အပ်ထားတဲ့မြေ ကွက်တွေကတော့ ဈေးအပြောင်း အလဲမရှိသေးဘူး''ဟု ပြောသည်။
ယခု ကာလတန်ဖိုး သတ်မှတ်ရေးအဖွဲ့မှ သတ်မှတ်လိုက် သည့် ဒဂုံမြို့ နယ် ပြည်လမ်း တွင် တစ်ပေပတ်လည်လျှင် ကျပ်သုံး သိန်းနှစ်သောင်း ငါးထောင် သတ် မှတ်လိုက်ပြီး ဗဟန်းမြို့နယ်ရှိ အင်း လျားမြိုင်၊ ရွှေတောင်ကြား လမ်း၊ သံလွင်လမ်း၊ ကမ္ဘောဇရိပ်သာလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ ရွှေဂုံတိုင် လမ်းများကို တစ်ပေပတ်လည်လျှင် ကျပ် နှစ်သိန်း ခုနစ်သောင်း ငါး ထောင် ဈေးနှုန်းများအဖြစ် သတ် မှတ်လိုက်သည့်အပြင် ရန်ကုန်မြို့ လယ်ကောင်ရှိ မြေကွက်များ၏ တစ် ပေပတ်လည်တန်ဖိုးမှာ ကျပ်နှစ် သိန်းလေးသောင်းသည် အမြင့် ဆုံးဈေးဖြစ်ကြောင်း သိရသည်။
ကာလတန်ဖိုးသတ်မှတ်ရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က''ကျွန် တော်တို့ က ဈေးနှုန်းတွေ သတ် မှတ်တယ်ဆိုပေမယ့် အပြင်မှာက ကြိုက်ရောင်းကြိုက် ဝယ်ပါ။ အိမ်ခြံ မြေနဲ့ ပတ်သက်တဲ့အခွန်ကို တိတိ ကျကျရဖို့အတွက် သတ်မှတ်လိုက် တာပါ''ဟု ပြောသည်။
ယခုကဲ့သို့ အိမ်ခြံမြေဈေး နှုန်းများ သတ်မှတ်ခြင်းကို ရန် ကုန်တိုင်းဒေသကြီး အဖွဲ့မှ မြန်မာ နိုင်ငံ အိမ်ခြံမြေအသင်းကပေး သည့် မြို့နယ်အလိုက် လမ်းနေ ရာများ၊ ကာလတန်ဖိုးများနှင့်အ ညီ ပေါက်နေသည့် ဈေးနှုန်းများ အား ယခုကဲ့သို့ သတ်မှတ်ထား ခြင်းဖြစ်ကြောင်း သိရသည်။
အိမ်ခြံမြေအသင်းမှ အတွင်း ရေးမှူး ဦးခင်မောင်အေးက ''ကျွန် တော်တို့ အသင်းဆီကနေပြီး လက် ရှိနေရာအလိုက် ပေါက်နေ တဲ့ ဈေး နှုန်းတွေ ကို တောင်းတယ်။ အခု သတ်မှတ်ပေးတာကလဲ မြို့နယ် အလိုက် တကယ်ပေါက် သင့်တဲ့ ဈေးတွေပါ။ ဒီလိုမျိုး သတ်မှတ် ပေးလိုက်တယ် ဆိုပေမယ့် လဲ ဈေး တွေက မကျနိုင်ဘူး။ အရောင်း အဝယ်တော့ အေးသွား နိုင်တယ်'' ဟု ပြောသည်။
ကာလတန်ဖိုး သတ်မှတ်ပေး ရေးအဖွဲ့မှ မြို့နယ်အလိုက် မြေ ကွက်များ၏ ဈေးနှုန်းများအပြင် တိုက်ခန်းဈေးနှုန်းများကိုလည်း သတ်မှတ်ပေးထားပြီး အောက် တိုဘာ ၁ ရက်မှစ၍ တရားဝင် မည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ဒေးဒရဲ)
Yangon Media Group
မြေဈေးနှုန်းသတ်မှတ်သော်လည်း ရန်ကုန် အိမ်ခြံမြေဈေး ကျဆင်းခြင်းမရှိ
Reviewed by VC
on
September 26, 2013
Rating: 5
Reviewed by VC
on
September 26, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment