Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 25, 2013

ကြက်သောက်ဆမ်း




Thursday, September 26, 2013

---ကြက်သားကိုရေဆေးပြီးလိုသလိုတုံးပါ။
ဆား၊နနွင်း၊အရသာမှုန့်ငံပြာရည်ထည့်ပြီးနယ်ထားပါ။

---ကြက်သွန်ဖြ+နီ၊ဂျင်း၊ငရုတ်သီးစိမ်းတို့ကိုဇီယာအနည်းငယ်
ထည့်ပြီးညက်အောင်ထောင်းပါ။

---အိုးထဲကိုကြက်သွန်ဆီသတ်လျှင် မကပ်ရုံ
ဆီနည်းနည်းလေးထည့်တည်ပါ။

ဆီပူလာရင်ကြက်သွန်ထောင်းထားတာတွေဆီသတ်ပါ။
ကြက်သွန်တော်တော်လေးနွမ်းရင်မျှင်ငပိနည်းနည်းထည့်ပါ။
ပြီးရင် ကြက်သားတွေထည့်ပြီးကြက်သားတွေဖြူလာတဲ့အထိ
နာနာလှော်ပေးပါ။

---ကြက်သားတွေဖြူလာရင် ရေထည့်ပြီး
ကြက်သားနူးအောင်တည်ပါ။

---ကြက်သားနူးလာရင် ပင်စိမ်းရွက်အုပ်ပြီး
အရည်ဆမ်း၊အရည်သောက် ကြက်သားဟင်း
(သို့မဟုတ်)ကြက်သောက်ဆမ်းမွှေးမွှေးလေး
ဟင်းကို စားဖို့အဆင်သင့်ဖြစ်ပါပြီ။၊

Aunty Lawyer

No comments:

Post a Comment