Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 7, 2013

ဒေါ်လာ ၅၀ နဲ့ နေပြည်တော်- ဘန်ကောက် သွားမယ်

ထိုင်းနိုင်ငံ ဘန်ကောက်က မြန်မာနိုင်ငံ နေပြည်တော်ကို အမေရိကန် ဒေါ်လာ ၅၀ ထဲနဲ့ ပြေးဆွဲမယ့် 
လေကြောင်းလိုင်းကတော့ အဲအေးရှ ( Air Asia ) လေကြောင်းဖြစ်ပါတယ်။ 


 ဓာတ်ပုံ- traveldailynews.asia

အဲအေးရှအနေနဲ့ ဘန်ကောက်-နေပြည်တော် ခရီးစဉ်တိုးချဲ့ပြေးဆွဲမှုကို အောက်တိုဘာလားမှ စတင်မှာ ဖြစ်တယ်လို့ အဲအေးရှားက ထုတ်ပြန်ကြေညာပါတယ်။

ဗန်ကောက်- နေပြည်တော် ခရီးစဉ်ကို အောက်တိုဘာလ ၂၈ ရက်က စတင်ပြေးဆွဲ မှာ ဖြစ်ပြီး လေယာဉ် ကွင်း အခွန်နဲ့ အခြား အခွန်အခ တွေအပါအ၀င် လေယာဉ်လက်မှတ်ခက ခရီးစဉ်တကြောင်းစာအတွက်  ဒေါ်လာ ၅၀ အထူးဈေးနှုန်း သတ်မှတ်ထားပါတယ်တဲ့။

အဲဒီ နှုန်းနဲ့ ခရီးစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့ထိ တပတ်ကို ၃ ကြိမ် ပြေးဆွဲသွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုပြေးဆွဲမှုက မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၂၇ ကြိမ်မြောက် Seagames အတွက် အထူး အစီအစဉ်ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီလျှော့ဈေးအတွက် လက်မှတ်ဝယ်တဲ့ရက်၊ လေယာဉ်စီးရမယ့်ရက်ကိုတော့ ကန့်သတ်ထားပါတယ်။ ကြိုက်တဲ့အချိန်ဝယ် ကြိုက်တဲ့အချိန်တက်စီး ဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်ပါ။
ဒါကတော့ အဲအေးရှရဲ့ အရောင်းမြှင့်တင်ရေးဗျူဟာတခုပါပဲ။

အဲအေးရှား လေကြောင်းလိုင်းအနေနဲ့ လက်ရှိမှာတော့ ဘန်ကောက်- ရန်ကုန် တနေ့ ၃ ကြိမ်ပြေးဆွဲနေပြီး ဘန်ကောက်-မန္တလေး ကို တနေ့ တကြိမ်ပြေးဆွဲနေတာပါ။

တန်ဘိုးနည်း လေကြောင်းလိုင်း အဲအေးရှားဟာ ရန်ကုန်ကနေ ကွာလာ လမ်ပူကိုလည်း တနေ့ တကြိမ် ပြေးဆွဲပေးနေပါသေးတယ်။


အိမ့်သံစဉ် ~

No comments:

Post a Comment