Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 7, 2013

“နည်းပညာလေ့လာနေသူများအတွက် သတင်းကောင်း”

(မသိသေးတဲ့သူတွေအတွက် ပြန်လည်တင်ပြအပ်ပါသည်။)

3/9/2013
ကျွန်တော်တွေ့ရှိထားတဲ့ 72coder Online University ဆိုတဲ့ နည်းပညာများကို အခမဲ့သင်ကြားပေးနေတဲ့ Site တစ်ခုကို ပြန်လည်ညွှန်ကြားပါရစေ။ စေတနာနဲ့သင်ကြားပေးတဲ့ ဆရာကိုကျေးဇူးဆပ်တဲ့အနေရော၊ ဇင်ယော် ပရိတ်သတ်ကြီးလဲ ကွန်ပျူတာနည်းပညာများ လွယ်ကူစွာသင်ယူတတ်မြောက်နိုင်စေတာမို့ ကြော်ငြာပေးလိုက်ပါတယ်။

72coder Online University ကိုထူထောင်ပြီး အခမဲ့သင်ကြားပေးနေတာကတော့ ဆရာ Waifer Kolar ပါ။ သူ့ရဲ့ Facebook ကတော့ https://www.facebook.com/72coder ဒါပဲဖြစ်ပါတယ်။ 72coder Online University ဆိုပြီး Facebook Page တစ်ခုထောင်ထားတာကိုလဲ တွေ့ရပါတယ်ခင်ဗျာ။Page link က https://www.facebook.com/pages/72coder-Online-University/344135542373953 ဖြစ်ပါတယ်။ IT နည်းပညာများကို အဆင့်မြင့်မြင့် အလွယ်တကူလေ့လာချင်ကြတဲ့ မိတ်ဆွေတွေအတွက်တော့ သတင်းကောင်းတစ်ခုဖြစ်မှာပါ။

အားလုံးကို Video Tutorials တွေနဲ့ ရှင်းလင်းထားတာဆိုတော့ လေ့လာရတာ အရမ်းလွယ်ကူပါတယ် ။ သင်တန်းသွားစရာမလိုပါဘူး။ အချိန်ကုန်သက်သာတယ်၊ အိမ်မှာ Video Tutorials သင်ခန်းစာတွေကို ဇိမ်ရှိရှိထိုင်ကြည့်ရင်း တကယ်တော်တဲ့ ဆရာတစ်ယောက်ရဲ့ အာဘော်တွေနဲ့ အကောင်းဆုံး လေ့လာနိုင်မှာပါ။ သိန်းဂဏန်းရှိတဲ့ သင်တန်းတွေထက် လုံးဝ မလျော့နည်းတဲ့ နည်းပညာတွေ အခမဲ့ပေးဝေနေခြင်းဖြစ်ပါတ်။ ဆရာ့ရဲ့ Video သင်ခန်းစာတွေကို Youtube မှာ အားလုံး တင်ပေးထားတာတွေ့ရမှာပါ။ သူ့ရဲ့ Youtube Channel ကတော့ http://www.youtube.com/user/72CODER/ ဖြစ်ပါတယ်။

ပါဝင်တဲ့ သင်ခန်းစာများကတော့-
HTML,
CSS,
Javascript,
PHP,
MySQL & SQL Database,
Ajax, JQuery,
Web Design Basic,
CMSWebsite နှင့် Admin Panel,
PSD Website Design,
CSS3,
HTML5,
HTML5 Game Development,
PHP OOP Lessons,
Networking,
Space Fighter Game Development,
Flash Animation,
C Program,
Android Development,
MS-DOS,
C++ Console Game,
Python Programming,
Java Programming စတာတွေဖြစ်ပါတယ်။

ကဲ… ကျွန်တော်အပြောကြီးနေတာလား၊ တကယ်ပဲ စေတနာနဲ့ပြောနေတာလားဆိုတာ ဇင်ယော်ပရိတ်သတ်ကြီး သူ့ရဲ့ Youtube Channel ကိုဝင်ကြည့်လိုက်တာနဲ့ သိရမှာပါ။ ဇင်ယော်ပရိတ်သတ်ကြီး နည်းပညာများကို သက်သာစွာလေ့လာပြီး တကယ်တော်တဲ့ ပညာရှင်ကြီးများဖြစ်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ကျွန်တော်လေးစားရတဲ့ ဆရာ Waifer Kolar ကို ဒီ Post လေးနဲ့ ကျေးဇူးဆပ်ပါရစေ။

ZinYawNews

1 comment:

  1. Right! Mr.Waifer Kolar also has a profession language center, Brighter Myanmar

    ReplyDelete