Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, September 7, 2013

သရက်မြို့ တူရကီစစ်သင်္ချိုင်းပြင်ရန် တူရကီကမ်းလှမ်း

မကွေး၊ စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ တူရကီစစ်သင်္ချိုင်းကို ပြင်ဆင်မှုများ ပြုလုပ်ရန် တူရကီနိုင်ငံမှ တာဝန်ရှိသူများက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ မေတ္တာရပ်ခံထားကြောင်း မကွေးတိုင်း
ဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေက ပြောကြားသည်။

စက်တင်ဘာလ ၅ ရက်နေ့တွင် နန်းထိုက်သူဟိုတယ်၌ ပြုလုပ်သော မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ၄င်းက အထက်ပါအတိုင်း ထုတ်ဖော်ပြောကြား ခဲ့ခြင်း ဖြစ်သည်။

မကွေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ယင်းစစ်သင်္ချိုင်းကို ပြည်တွင်းပြည်ပ ခရီးသွားများကို ဆွဲဆောင်ရာနေရာ တစ်ခုအဖြစ် ခရီးသွားလမ်းညွှန်အတွင်း ထည့်သွင်းထားကြောင်း ဟိုတယ်လုပ်ငန်းရှင် အသင်းဥက္ကဋ္ဌ ဦးကြည်ထွန်းက ရှင်းပြသည်။

"ဘာသာရေးကိစ္စတွေ ဘာတွေညာတွေကြောင့် ဒါကို (တူရကီစစ်သင်္ချိုင်းပြင်ဖို့) ခဏဆိုင်းထား တယ်" ဟု ဦးဘုန်းမော်ရွှေက ဆိုသည်။

ယင်းစစ်သင်္ချိုင်းသည် ဒုတိယ အင်္ဂလိပ်-ဗမာ စစ်ပွဲအတွင်း တူရကီနိုင်ငံမှ ဖမ်းဆီးလာသော တူရကီ စစ်သုံ့ပန်းများကို အလုပ်ခိုင်းစေရင်း ဝမ်းရောဂါဖြင့် သေဆုံးသွားသူများကို မြှုပ်နှံထားသောနေရာ ဖြစ်သည်။

No comments:

Post a Comment