CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, September 20, 2013
ဒု-ဗိုလ်ချုပ်ကြီးတင်ဦး နေအိမ်ဗုံးပေါက်ကွဲမှုဖြင့် ပြစ်ဒဏ်ပေးခံရသူများကို နိုင်ငံကူးလက်မှတ်ရဖို့ အာဏာပိုင်တို့ ကူညီမည်
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၂) ဒု-ဗိုလ်ချုပ်ကြီး တင်ဦးနေအိမ်သို့ ပါဆယ်ဗုံးပို့ ဖောက်ခွဲလုပ်ကြံမှုနှင့် စွပ်စွဲခံရပြီး အပြစ်ဒဏ်ပေးခံရသူ ကိုမိုးကျော်သူနှင့် ဇနီးမောင်နှံတို့အတွက် နိုင်ငံကူး လက်မှတ် ရရှိရန် အကူအညီပေးမည်ဟု ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံး တာဝန်ရှိသူများက ဆက်သွယ်ပြောဆိုသည်ဟု ကာယကံရှင်များက မဇ္ဈိမကို ပြောသည်။
“ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံးက ပြောတာ၊ လိုအပ်တာ အကူအညီပေးပါမယ်တဲ့၊ ရန်ကုန်မှာလာပြီး တင်ဖို့ ပြောပါတယ်။ ဒီနေ့ (စက်တင်ဘာ ၁၉ ရက်) ကျွန်တော့် မိတ်ဆွေတစ်ယောက်ကို ကျွန်တော် ပတ်စ်ပို့ ကိစ္စသွားမေးခိုင်းတာဗျ။ ရန်ကုန်ရုံးက အဲဒီလိုပြောလိုက်တယ်”ဟု ကိုမိုးကျော်သူက မဇ္ဈိမကို ပြောသည်။
ကိုမိုးကျော်သူတို့ ဇနီးမောင်နှံသည် ၁၉၉၇ ခုနှစ်တွင် ထောင်ဒဏ် စတင်ကျခံခဲ့ရပြီး ၂၀၀၂ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့သည်။ ယင်းနောက် ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင် နိုင်ငံကူးလက်မှတ် လျှောက်ထားခဲ့သော်လည်း မရရှိဘဲဖြစ်နေရာ တစ်နှစ်နီးပါးကြာမြင့်သည့် အချိန်တွင် အာဏာပိုင်များမှ အကူအညီပေးမည်ဟု
ပြောဆိုလာခြင်းဖြစ်သည်။
၂၀၀၇ ခုနှစ် ဗုံးပေါက်ကွဲမှုတွင် ဒု-ဗိုလ်ချုပ်ကြီးတင်ဦး၏ သမီးဖြစ်သူ မချိုလဲ့ဦး သေဆုံးသွားခဲ့ရပြီး အာဏာပိုင်များအနေဖြင့် ဖောက်ခွဲမှုကို စီမံဆောင်ရွက်သူအား ဖမ်းဆီးနိုင်ခြင်း မရှိဘဲ၊ နိုင်ငံတော်လုံခြုံမှုအတွက် အရေးကြီးသည်ဟုဆိုကာ ကိုမိုးကျော်သူတို့ ဇနီးမောင်နှံအား ထောင်ဒဏ်အသီးသီး အပြစ်ဒဏ် ပေးခဲ့သည်။
၎င်းတို့က နိုင်ငံကူးလက်မှတ်သည် နိုင်ငံသားတစ်ဦး၏ ရသင့်ရထိုက်သည့် အခွင့်အရေးဖြစ်ရာ ထိုအချိန်က ဗုံးပေါက်ကွဲမှုတွင်လည်း လုံးဝပတ်သက်ခြင်းမရှိကြောင်း သြဂုတ်လပိုင်းက မဇိ္ဈမနှင့် အင်တာဗျူးတွင် ပြောဆိုထားခဲ့သည်။
၁၉၉၇ ခု၌ ပါဆယ်ဗုံးလုပ်ကြံမှုမှ လွတ်မြောက်ခဲ့သော ဒု-ဗိုလ်ချုပ်ကြီး တင်ဦးသည် ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလက ကရင်ပြည်နယ်၊ ဘာအံမြို့အနီး ရဟတ်ယာဉ်ပျက်ကျသဖြင့် သေဆုံးသွားခဲ့သည်
Mizzima - News in Burmese
ဒု-ဗိုလ်ချုပ်ကြီးတင်ဦး နေအိမ်ဗုံးပေါက်ကွဲမှုဖြင့် ပြစ်ဒဏ်ပေးခံရသူများကို နိုင်ငံကူးလက်မှတ်ရဖို့ အာဏာပိုင်တို့ ကူညီမည်
Reviewed by VC
on
September 20, 2013
Rating: 5
Reviewed by VC
on
September 20, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment