Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 23, 2013

မွန်ဂို ဘုရင် ကူဗလိုင်ခန်


ဒီနေ့ဟာ ကမ္ဘာအရှေ့ဘက်တစ်လွှားကို စစ်ပြုပြီး သိမ်းပိုက်ခဲ့တဲ့ မွန်ဂို ဘုရင် ကူဗလိုင်ခန် ကို မွေးဖွားခဲ့တဲ့နေ့ဖြစ်ပါတယ်။ ကူဗလိုင်ခန် ကို သမိုင်းမှတ်တမ်းအရ စက်တင်ဘာ ၂၃၊ ၁၂၁၅ မှာ ဖွားမြင်တယ်လို့ဆိုပါတယ်။
သူကို့ ၁၂၆၀ မှာ မွန်ဂိုဘုရင် သေဆုံးတော့ အစည်းအဝေးအရ ကူဗလိုင်ခန်ကို ဘုရင်အဖြစ်တင်မြှောက်ပါတယ်။ လက်ရုံးရည်၊ နှလုံးရည် မှာလည်း သူ့အဘိုး ဂျင်ဂစ်ခန် အတိုင်း ဖြစ်နေတော့ စစ်ပြုကာ တရုတ်တပြည်လုံးကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပုဂံကိုလည်း မွန်ဂိုသံအမတ်တွေ ရောက်ရှိခဲ့ပါတယ်။ ထိုခေတ်က မွန်ဂိုတွေက စစ်ဘက်မှ အလွန်အင်အားကြီးတော့ မွန်ဂိုသံအမတ်တွေက ပုဂံဘုရင် နရသီဟပတေ့ကို မထီမဲ့မြင်လုပ်တော့ ဘုရင်က သံအမတ်တွေကို သတ်ရာကနေ မွန်ဂိုတပ်တွေ ပုဂံအထိ ချီတက်လာရအထိ ဖြစ်သွားပါတယ်။ သို့သော် မွန်ဂိုတပ်တွေ ပုဂံဘုရားများကို မဖျက်စီးခဲ့ပါ။ ထိုစဉ်က ကူဗလိုင်ခန်က မဟာယာနဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် သတ်မှတ်ထားသဖြင့် မွန်ဂိုစစ်သူကြီးများက ဗုဒ္ဓဘာသာဝင်ပီပီ ဖျက်စီးခြင်းပြု ခဲ့ပုံမပေါ်ပါ။ တကယ်လို့ ဖျက်စီးတယ်ဆိုလျှင် ယခု ပုဂံတွင် ဘုရားတစ်ဆူမှ ကျန်စရာအကြောင်းမရှိပါ။

နောက်မှ အရှင်ဒီသာပါမောက်မှ သံအမတ်အဖြစ် ပီကင်းအထိသွားပြီး ငြိမ်းချမ်းရေး ဆိုတော့မှ မွန်ဂိုတပ်တွေ ဆုတ်ရခြင်း ဖြစ်ပါတယ်။ နောက်ပိုင်း မွန်ဂိုတပ်တွေ ဥရောပမှာ စစ်ပြု နေသဖြင့် ပုဂံကို သူတို့ မေ့သွားဟန်တူပါတယ်။ စစ်ထပ်မပြု တော့ပါဘူး။ ကူဗလိုင်ခန်ကတော့ ၁၂၉၄ မှာ ကွယ်လွန်ပါတယ်။ သူကွယ်လွန်ချိန် ပုဂံမှာ ကျော်စွာမင်း ( ၁၂၈၇- ၁၂၉၈) အုပ်ချုပ်နေပါတယ်။

No comments:

Post a Comment