Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

(အမျှဝေခြင်း)


( ဘဒ္ဒန္တ တိလောကသာရ ဖြေသည်)
Sunday, September 29, 2013

(အမျှဝေခြင်း)
မေး။ ။ဘဝတပါးသို့ ပြောင်းသွားသောပုဂ္ဂိုလ်အတွက် ကျန်ရစ်သူ မိသားစုက ကောင်းမှုကုသိုလ်ပြုလုပ်၍ အမျှဝေလျှင် ရနိုင်ပါသလား၊ သတင်းစာမှာ ထည့်၍ အမျှဝေကြသည်ကို တွေ့ရပါသည်။ ဤသို့ အမျှဝေ၍လည်း ရနိုင်ပါသလားဘုရား၊ ဖြေကြားတော်မူပါရန်။
(စိုးမြင့်အောင်-ပညာရံသီ) ပိန္နဲကုန်းရပ်ကွက်၊ အင်းစိန်။

ဖြေ။ ။ ကွန်လွန်ပြီးနောက် ပေတဂတိသို့ရောက်၍ ပေတဂတိတွင်လည်း ပရဒတ္တူပဇီဝိက-ခေါ် သူတပါးပေးလှူ၍ အမျှဝေလျှင် သာဓုခေါ်နိုင်သော ပေတဘဝမျိုးသို့ ရောက်ရှိနေသူဖြစ်ရပါမည်။ ထိုသူမျိုးသည် သူကိုယ်တိုင်ကပင် “မိမိ၏ အိမ်သူအိမ်သား ဆွေမျိုးများက ငါ့အတွက် မည်သည့်အချိန်တွင် အလှူဒါနပြု၍ အမျှဝေပါမည်နည်း”ဟု ငံပလင့်စောင့်မျှော်နေတတ်ပါသည်။ ထိုသူမျိုးသာ သာဓုခေါ်ဆိုနိုင်ပြီး ကုသိုလ်ကောင်းမှုအကျိုးကို ခံစားနိုင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း ကွယ်လွန်စ၌ ဖြစ်စေ၊ သုဿာန်၌ဖြစ်စေ၊ ရက်လည် လပတ် နှစ်ပတ်လည်တို့၌ဖြစ်စေ ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေလေ့ရှိပါသည်။ ဤသို့ ကုသိုလ်ကောင်းမှုမပြုဘဲ သတင်းစာတွင်ထည့်၍ အမျှဝေရုံဖြင့်ကား ရနိုင်စရာအကြောင်း မရှိပါ။ ကုသိုလ်ပြု၍ အမျှဝေခြင်းသာ လိုရင်းဖြစ်ပါသည်။ ကုသိုလ်ကောင်းမှုပြု၍ အမျှပေးဝေပြီး သတင်းစာမှာ ထည့်ခြင်းမှာ အမဆားသာဓုခေါ်နိုင်ရန် ဖြစ်ပေလိမ့်မည်။
***************
(သရဏဂုံနှင့် အားထုတ်ကြိုးစားခြင်း)
မေး။ ။ အရှင်ဘုရား၊ “ဗုဒ္ဓေ မေ သရဏံ အညံ နတ္ထိ၊ 
ဓမ္မော မေ သရဏံ အညံ နတ္ထိ၊ 
သံဃော မေ သရဏံ အညံ နတ္ထိ၊ နှင့် 
အတ္တာ ဟိ အတ္တနော နာထော၊ ကော ဟိ နာထော ပရော သိယာ” 
ဤနှစ်ပုဒ် မည်သို့ ထူးခြားသည်ကို ရှင်းပြစေလိုပါသည်ဘုရား။
(မင်းအောင်-ဟုမ္မလင်း)

ဖြေ။ ။ ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ-စသည်တို့မှာ သရဏဂုံဖြစ်၍ အပါယ်ဘေးကြီး တားဆီးနိုင်ရေးအတွက် ကိုးကွယ်ခြင်း ဖြစ်သည်။ 
အတ္တာ ဟိ အတ္တနော နာထော-စသည်မှာ မဂ်တရား ဖိုလ်တရားများကို ရရှိရေးအတွက် မိမိကိုယ်တိုင် ကြိုးစားအားထုတ်ရမည်၊ အခြား မည်သူကမျှ မိမိအတွက် လုပ်ဆောင် မပေးနိုင်ဟု ဆိုလိုရင်း ဖြစ်ပါသည်။ 
ဗုဒ္ဓမြတ်စွာဘုရားသည် နည်းလမ်းညွှန်ပြ ဆုံးမသွန်သင်သူသာဖြစ်၍ ကယ်တင်ရှင် မဟုတ်ကြောင်း၊ မိမိကိုယ်သာ မိမိ၏ အားထားရာဖြစ်ကြောင့် သေဘာပေါက်၍ သမထ-ဝိပဿနာ ဘာဝနာ တရားများကို ကြိုးစားကြရမည်မှာ ဗုဒ္ဓဘာသာတိုင်း၏ တာဝန်ပင် ဖြစ်ပါသည်။
***************
(ရွှေစင်တမတ်၊ ငွေငါးကျပ်) 
မေး။ ။ ရဟန်းသာမဏေတို့သည် ရှေးက ရွှေစင်တမတ် ငွေငါးကျပ် ကိုင်ဆောင် သုံးစွဲခွင့် ရှိသည်ဟု ကြားသိရဖူးပါသည်။ တပည့်တော် သိထားသည်မှာ ရဟန်း သာမဏေတိုပသစည် ဝိနည်းတော်အရ ငွေအသပြာကို လုံးဝ မကိုင်ဆောင်ရဟု ဖြစ်ပါသည်။ ဖြော့ားပေးတော်မူပါဘုရား။
(မချိုပြုံး-သိန္နီ၊ အ-မ-က စယ်အူ၊ သိန္နီမြို့)

ဖြေ။ ။ ရဟန်းသာမဏေတို့သည် ဝိနည်းသိက္ခာပုဒ်အရ ရွှေငွေ(အသပြာ)တို့ကို အလှူခံခြင်း၊ ကိုင်ခံသာယာခြင်း လုံးဝ မပြုလုပ်ရပါ။ ရွှေစင်တမတ် ငွေငါးကျပ်-အလှူခံကောင်းသည်ဟူသော စကားကို အချို့အရပ် (အထူး အားဖ်ြင့ ရှမ်းပြည်) တို့၌ ပြောလေ့ပြောထ ရှိသည်ကို သိရပါသည်။ ယင်းစကား၏ မူလမှာ အဒိန္နာဒါန သိက္ခာပုဒ်ဆိုင်ရာ ပါရာဇိက ကျရောက်နိုင်သော ရွှေငွေပမာဏကိုဆိုသော စကား ဖြစ်ပါသည်။ ဝိနည်းတော်တွင် ပါဒ, ပါဒရဟ, အတိရေပါဒ-တမတ်, တမတ်ထိုက်သောဥစ္စာ, တမတ်ထိက်ပိုသော ဥစ္စာတို့ကို ခိုးယူက ပါရာဇိကကျသည်ဟု အဆိုရှိသည်။ 


တမတ်ဟူသည်မှာ ငွေတမတ်ကို ဆိုလိုသ်ည မဟတု။ သိက္ခာပုဒ်ပညတ်ရာ မဂဓတိုင်းသုံး ရွှေစင်တမတ်ကို ဆိုသည်။ ယင်းရွှေစင်တမတ်မှာ ယင်းခေတ်, ငွေငါဒးကျပ်တန်သည်။ ထို့ကြောင့် ရွှေစင်တမတ် 
ငွေငါးကျပ်သည် ရဟန်းတို့အဖို့ ပါရာဇိကဝတ္ထု ဖြစ်သည်ဟု ဆိုသောစကား ဖြစ်သည်။ 
ထိုစကားအမြွက်ကိုမှတ်၍ အချို့အရပ်တိုပတွင် ရွှေစင်တမတ် ငွေငါးကျပ် ရဟန်းတို့ ကိုင်ကောင်းသည်၊ အလှူခ့ကောင်းသည်ဟု ဆိုကာ လှူကြ အလှူခံကြသည်ကို တွေ့ရဖူးပါသည်။ 


အမှန်မှာ ရဟန်း သာမဏေတို့သည် ရွှေငွေ အသပြာတို့ကို နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မကိုင်ကောင်းဟု မှတ်ရပါမည်။ သို့သော် ဝိနည်းတော်နှင့်ညီညွတ်သော အလှူခံပုံ ခံနည်းများရှိရာ ဝိနည်းစည်းကမ်းကျနစွာ လှူဒါန်းခြင်း၊ အလှူခံခြင်းတို့ကား ခြွင်းချက်အနေဖြင့် ရှိပါကြောင်း ဖြေကြားအပ်ပါသည်။
***************
(အရိမေတ္တေယျ ဘုရားအလောင်း)
မေး။ ။ နောင်ပွင့်တော်မူမည့် “အရိမေတ္တေယျ” ဘုရားအလောင်း ယခု မည်သည့်ဘုံဘဝ၌ ရှိနေပါသနည်း။ စာစောင်တခုတွင် တရုတ်ပြည်ရှိ မီလဖူး၊ ဘိုးတော်အမ်းကုန်းသည် နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရား ဖြစ်ကြောင်းဆိုထား၍ မေးရခြင်း ဖြစ်ပါသည်ဘုရား။
(ကိုတင်ဝင်းအောင်-ချိုးငှက်)

ဖြေ။ ။ အ၇ိမေတ္တေယ ဘုရားအလောင်းသည် ယခုအခါတွင် တုသိတာနတ်ပြည်၌ နတ်သားအဖြစ်ဖြင့် ရှိနေပါသည်။ မဓုရသဝါဟိနီကျမ်းတွင် အရှင်မာလယ မထေရ်သည် တာဝတိံသာ စူဠာမဏိစေတီသို့ သွားရောက်ဖူးမြော်ရာ တုသိတာမှလာ၍ ဘုရားဖူးသော မေတ္တေယျအလောင်းတော် နတ်သားနှင့် တွေ့ဆုံကြောင်း၊ မဟာဝံသတွင် ဒုဋ္ဌဂါမဏိမင်း နတ်ရွာစံခါနီး၌ မည်သည့်နတ်ပြည်က
ကောင်းမည်ကို မေးလျှောက်ရာ ရဟန္တာအရှင်မြတ်များက တုသိတာနတ်ပြည်သည် အရိမေတ္တေယျ ဘုရား အလောင်းနတ်သား ရှိသဖြင့် တရားနာနိုင၍ အကောင်းဆုံးဖြစ်သည်ဟု ဖြေကြားကြောင်း ပါရှိသည်။ 


ထေရဝါဒ မဟုတ်သော ဗုဒ္ဓဘာသာဝင်တို့ကား ပြဿနာရှင်ဆိုသော မီလဖူး-ကိုသာမက တိဘက် ဒလိုင်းလားမား စသည်တို့ကိုလည်း အရိမေတ္တေယျ ဘုရားလောင်းဖြစ်ကြောင်း ဆိုပါသည်။ ၄င်းတို့၏ ယုံကြည်ချက်အရ ဆိုခြင်း ဖြစ်ပေလိမ့်မည်။
***************
(ငရဲပြည်ကို တွေ့မြင်ခြင်း)
မေး။ ။ မကျန်းမမာဖြစ်၍ သတိလစ် မေ့မြောသွားရာ ငရဲပြည်သို့ ရောက်သွားသည် ဆိုသည်မှာ ဖြစ်နိုင်ပါသလား ဘုရား။
(ယွန်းအိ-ညောင်ဝိုင်း၊ အိမ်မဲမြို့)


ဖြေ။ ။ ဖြစ်နိုင်ပါသည်။ အဋ္ဌကထာတိုပတွင် ရဟန္တာတပါး၏ ခမည်းတော် မုဆိုးကြီးသည် ရဟန်းဝတ်၍ သားရဟန္တာထံတွင်နေရာ သေခါနီး၌ ငရဲနိမိတ်များ ထင်၍ ငရဲမီးများ၊ ငရဲခွေးကြီးများကို အော်ဟစ် နေကြောင်း၊ သားရဟန္တာက ၄င်းအား ခုတင် အိပ်ရာဖြင့် ဆောင်ယူစေလျက် ဘုရားရင်ပြင်တွင် ချထားပြီး ပန်းများ ပူဇော်ခိုင်း၍ တရားစကားများ ဟောပြောကြောင်း၊ ထိုအခါမှ ငရဲနိမိတ်များပျောက်၍ နတ်ပြည်ဆိုင်ရာ နိမိတ်များ ထင်လာကြောင်း ပါရှိသည်။ 


မကျန်းမမာ၍ မေ့မြောနေစဉ် ငရဲပြည်သို့ ရောက်သွားသည်၊ ထိုငရဲနိမိတ်ထင်စဉ် ကွယ်လွန်လျှင် ငရဲသို့ ရောက်သွားနိုင်သည်။ ၄င်းမှာ နိမိတ် ၃-မျိုးတွင် ဂတိနိမိတ်ပင် ဖြစ်သည်။ သို့သော် ထိုစဉ်က မသေလွန်ဘဲ ပြန်သတိလည်လာပြီး ကုသိုလ်ကောင်းမှုများကို ပြုလုပ်က ယင်းဂတိနိမိတ် ပျောက်၍ နတ်ပြည်စသည့် ကောင်းသောဂတိနိမိတ်များ ပြန်လည်ပေါ်ပေါက်လာကာ ကောင်းရာဘဝများသို့ ရောက်နိုင်ပေသည်။

(မြတ်မင်္ဂလာ ၁၉၉၁-ခု မတ်လ) 
မင်္ဂလာသတင်းစဉ်

No comments:

Post a Comment