Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, September 30, 2013

ငွေကျပ်သိန်းသုံးသောင်းကျော် လိမ်လည် ရှောင်တိမ်းမှုအပြီး မန္တလေး ကားဈေးကွက်အေးစက်

မန္တလေး၊ စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ကားဝယ်ရောင်း ဈေးကွက်အတွင်း ငွေကျပ် သိန်းသုံးသောင်းကျော် ကားစလစ်များ လိမ်လည် ရှောင်တိမ်းမှု ဖြစ်ပွားပြီးနောက် စက်တင်ဘာလ တတိယပတ်မှ စတင်၍ အရောင်းအဝယ် အေးလျက် ရှိကြောင်း မန္တလေးမြို့ ကားဝယ်ရောင်း လုပ်ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။
“ကားစလစ်လိမ်လည်မှုက လူဦးရေလည်း များတယ်။ ဒီလိုဖြစ်သွားတော့ ဈေးကွက်လည်း အတော်ထိခိုက်တယ်။ ဈေးကွက်လည်း အေးတယ်။ အောက်ကားတွေပဲ အရောင်းအဝယ် ဖြစ်တော့တယ်” ဟု ၁၀ နှစ်ကျော် ကားဝယ်ရောင်း လုပ်ကိုင်လျက်ရှိသူ မန္တလေးမြို့ခံ ဦးဝင်းမြင့်ဦးက ဆိုသည်။

မန္တလေးမြို့ ကားဈေးကွက်သည် ယခုလိမ်လည်မှု များကြောင့် အေးလျက်ရှိသည့်အပြင် မိုးရာသီ ဖြစ်ခြင်းကြောင့် ပွဲပျက်သည်များလည်း ရှိကြောင်း၊ ယခုစက်တင်ဘာလ နောက်ဆုံးပတ်အတွင်း မန္တလေးမြို့ ကားဈေးကွက်တွင် ကျပ်သိန်း ၁၀၀ အောက် ကားများသာ အရောင်းအဝယ် ဖြစ်ပြီး ကျပ်သိန်းရာချီ ကားဈေးကွက်မှာ ငြိမ်လျက် ရှိကြောင်း၊ အောက်တိုဘာလ ကုန်ခန့်တွင် မန္တလေးမြို့ကား ဈေးကွက် ပြန်ကောင်းလာရန် ခန့်မှန်းကြောင်း ဦးဝင်းမြင့်ဦးက ပြောကြားသည်။

ကား အရောင်းပြခန်းများနှင့် ချိတ်ဆက်ကာ အရောင်းအဝယ် လုပ်နေသူတစ်ဦးက ယခုနှစ်ဧပြီလမှ စတင်၍ ငါးလအတွင်း ကားစီးရေ ၄၀၀ ခန့်အတွက် စလစ်၊ အုံနာဘုတ်စသည့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) နှင့် သက်ဆိုင်သော ကိစ္စများ ပြီးစီးအောင် လုပ်ဆောင်ပေးခြင်း မရှိဘဲ ရှောင်တိမ်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ ဝယ်ယူသူများက ကားတန်ဖိုး၏ လေးပုံသုံးပုံခန့်ကို ပေးဆောင်ခဲ့ပြီး ယင်းသို့ လိမ်လည် ရှောင်တိမ်းမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် များစွာနစ်နာခဲ့ရကြောင်း ၁၀ နှစ်ကျော်ကြာ ကားဝယ်ရောင်း လုပ်ကိုင်လျက်ရှိသော မန္တလေးမြို့ခံ ဦးကျော်က ဆိုသည်။

မန္တလေးမြို့ ၃၅လမ်း၊ ဂေါဝိန်ဆိပ် မရောက်မီ ရေနံရုံးအနီး လင်းကမ္ဘာခြံတွင် ဝယ်ရောင်းများစုကာ ကားဝယ်ရောင်း လုပ်ကိုင်သည့် နေရာတွင် အဆိုပါ ငွေကျပ် သိန်းသုံးသောင်းကျော် လိမ်လည်ရှောင် တိမ်းမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လမ်း ၆၀၊ ၃၅ လမ်းအနီးတွင် မော်တော်ယာဉ် ရောင်းဝယ်ရေးစခန်း ဖွင့်လှစ်ကာ ကားဝယ်ရောင်း လုပ်ကိုင်လျက် ရှိကြသည်။

No comments:

Post a Comment