CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, September 25, 2013
မျိုးဆက်ပျောက်ကွယ်တော့မည့် ထရုန်လူမျိုး သုံးဦးသာ ကျန်ရှိ
ရန်ကုန် ၊စက်တင်ဘာ ၂၄။ ။ မြန် မာနိုင်ငံအတွင်း ကချင်မျိုးနွယ် ဝင် ထရုန်မျိုးနွယ်စုများမှာ ယခု လက်ရှိတွင် မောင်နှမသုံးဦးသာ ရှိတော့သဖြင့် မျိုးဆက်ပျောက် ကွယ်တော့မည်ဖြစ်ကြောင်း သိ ရသည်။ ထူးဖောင်ဒေးရှင်း၏ အစီအ စဉ်ဖြင့် ရန်ကုန်သို့ ရောက်ရှိနေသည့် ထရုန်မျိုးနွယ်စုဝင် ဦးဒါဝိတ်အား မေးမြန်းမှုကို တစ်ဆင့်ဖြေဆိုမှုအ ရ ဦးဒါဝိတ်သည် ကချင် ပြည်နယ် မြောက်ဖျားရှိ ဂမ်လမ်ရာဇီရေခဲ တောင်ခြေရှိ ခနောင်းရွာတွင်နေ ထိုင်ကာ ယခုအခါ အသက် ၅၅ နှစ် အရွယ် မျှရှိပြီး အသက် ၆၆နှစ် အရွယ်အစ်မတစ်ဦးနှင့် အ သက် ၅ဝအရွယ် ညီမတစ်ဦးတို့ ရှိကြောင်း၊ အစ်မဖြစ်သူသည် ရဝမ်လူမျိုးတစ်ဦးနှင့် အိမ်ထောင် ပြုထားကြောင်း၊ ဦးဒါဝိတ်တို့အ ပါအဝင် ထရုန်မျိုးနွယ်အစစ်မှာ သုံးဦးသာ ရှိတော့ေ ကြာင်း ယင်းက ပြောသည်။
ထရုန်မျိုးနွယ်စုဖြစ်သည့် ဦးဂန်ယောင်က ''ရန်ကုန်ကို အ ခုလို ရောက်လာတာ ပျော်တယ်'' ဟု ရန်ကုန်တိုင်းမ်သတင်းစာ၏မေး မြန်းမှုကို ဖြေဆိုသည်။ ထရုန်လူမျိုးများသည် အဓိကအားဖြင့် တောင်ယာလုပ် ငန်းများကို လုပ်ကိုင်လျက်ရှိပြီး ရံဖန်ရံခါ အမဲလိုက်ခြင်းနှင့် ဆေး မြစ်တူးခြင်းကို ပြုလုပ်ကြောင်း ထူးဖောင်ဒေးရှင်း၏ အစီအစဉ် ကို ဦးဒါဝိတ်နှင့်အတူ လိုက်ပါလာ သည့် ဦးနမားဂျွန်ဆင်၏ပြောပြ ချက်အရ သိသည်။
မြေပြန့်ဒေသရှိလူများနှင့် အဆက်အသွယ်များမရှိဘဲ ထရုန် မျိုးနွယ်အစစ်မှာ သုံးဦးသာရှိပြီး ရဝမ်လူမျိုးနှင့်ရောနှောသည့် မျိုး နွယ်စုများရှိကြောင်းနှင့် ရဝမ်ဘာ သာစကားကိုသာ ပြောဆိုကြောင်း ယင်းနှင့်အတူ ရန်ကုန်သို့လိုက် ပါလာသည့် ဦးနမားဂျွန်ဆင်က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်းစာ သို့ ပြောသည်။
ထူးဖောင်းဒေးရှင်းမှနာယ က ဦးတေဇက ''ကျွန်တော် သူ တို့နှစ်ဦးကို စင်ကာပူကိုခေါ်သွား ဖို့ စီစဉ်ထားပါတယ်။ ဒီလိုခေါ် ရတယ်ဆိုတာကလဲ သူတို့ဒေသ ကိုပြန်ရောက်ရင် သူတို့နယ်အ တွက် ပြန်ပြီးတော့ ကောင်းကျိုး တွေကို ပြုလုပ်နိုင်ဖို့ပါ''ဟု ဦးဒါ ဝိတ်နှင့် ဦးနမားဂျွန်ဆင်တို့အား ညွှန်းဆိုပြောသည်။
မြန်မာနိုင်ငံ၏ ပျောက်ကွယ် လုနီးပါးဖြစ်နေသည့် ထရုန်လူမျိုး များသည် ကချင်နွယ်ဖွားထရုန် လူမျိုးနွယ်စုဖြစ်ပြီး ၁၈ရာစုခန့် က သာမန်လူများကဲ့သို့ အရပ် အမောင်းရှိကြကြောင်း၊ ၎င်းတို့ သည် တရုတ်နိုင်ငံ တိဗက်ကုန်း မြင့်မှ ဆင်း သက်လာကာ မြန်မာ နိုင်ငံ မြောက်ဖျားပိုင်းတွင် လာ ရောက် အခြေချနေထိုင်ကြောင်း၊ ထရုန်လူမျိုးများ နေထိုင်ရာအ ရပ်ဒေသသည် ဆားရှားပါးသော ကြောင့် အိုင်အိုဒင်းဓာတ်ချို့တဲ့ ခြင်းနှင့် ယဉ်ကျေးမှုအစဉ်အလာ အရ သွေးရင်း များနှင့် သာ အိမ် ထောင်သား မွေးခြင်း အမှုအားပြု လုပ်ကြသည့်အတွက် ဆေးပညာ ရှုထောင့်အရ မျိုးရိုးဗီဇပြောင်း လဲလာခြင်းကြောင့် အရပ်အမောင်း များပုလာခြင်းဖြစ်ကြောင်း ဂမ် လမ်ရာဇီ တောင်တက်အဖွဲ့မှ ကိုသူရထွန်းက ထရုန်လူ မျိုး၏ ပြောကြား ချက်နှင့် ဆေးဘက်ဆိုင် ရာကျွမ်းကျင်ဆရာဝန်တစ်ဦး၏ စစ်ဆေးတွေ့ရှိချက်များကို ကိုးကား ၍ ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။
အောင်သူ ၊ နိုင်နိုင်ဇော်
Yangon Media Group
မျိုးဆက်ပျောက်ကွယ်တော့မည့် ထရုန်လူမျိုး သုံးဦးသာ ကျန်ရှိ
Reviewed by VC
on
September 25, 2013
Rating: 5
Reviewed by VC
on
September 25, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment