Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

အချစ်အမျိုးမျိုး



ဒီကမ္ဘာပေါ်မှာ ချစ်သူစုံတွဲတွေ အများအပြားရှိကြပေမဲ့ တစ်တွဲနဲ့တစ်တွဲ ထပ်တူမကျကြပါဘူး... ပတ်ဝန်းကျင်အခြေအနေ... လိုအင်ဆန္ဒ... တစ်ဦးအပေါ်တစ်ဦးထားတဲ့ သဘောထား... ချစ်ခင်နှစ်သက်မှုအတိုင်းအတာ စတာတွေက အမျိုးမျိုးကွာခြားကြပါတယ်... အဲ့ဒီလိုမတူညီတဲ့အချစ်တွေကို အကြမ်းဖျဉ်းအားဖြင့် အုပ်စုလေးတွေခွဲခြားသတ်မှတ်ထားကြပါတယ်... အခု အဲ့ဒီအချစ်အမျိုးအစားလေးတွေအကြောင်း လေ့လာလိုက်ကြရအောင်...

♫ Eros (ဂန္ထဝင်အချစ်)
ဒီပုံစံအချစ်မျိုးဟာ ကြည်နူးသာယာဖွယ်ရာ ချစ်မေတ္တာသံယောဇဉ်တွေကနေ စတင်ဖြစ်ပေါ်လာတဲ့ အချစ်မျိုးဖြစ်ပါတယ်... ဟောလိဝုဒ်က အချစ်ရုပ်ရှင်ဇာတ်လမ်းတွေမှာ တွေ့နေကြအချစ်ပုံစံမျိုးလည်းဖြစ်ပါတယ်... မြင်မြင်ချင်းချစ်တဲ့ အချစ်မျိုးလို့လည်း ဒီအချစ်အမျိုးအစားကို သတ်မှတ်ထားကြပါတယ်... လူတစ်ယောက်နဲ့တစ်ယောက်ကြားထဲက စိတ်ချင်းဆက်နွယ်မှုအပေါ်အခြေခံတဲ့အချစ်မျိုးဖြစ်ပြီး တစ်ယောက်ကိုတစ်ယောက် ကိုယ်ရောစိတ်ပါ မခွဲနိုင်အောင်ချစ်တဲ့အချစ်မျိုးလည်း ဖြစ်ပါတယ်...

♫ Ludos (ရှင်ဘုရင်အချစ်)
ဒီပုံစံအချစ်မျိုးကတော့ အောင်မြင်မှု.. ရယူပိုင်ဆိုင်မှုအပေါ်မှာ အခြေခံတဲ့အချစ်မျိုးဖြစ်ပါတယ်... ကစားပွဲတစ်ခုမှာကစားသလိုမျိုး အချစ်ကို အနိုင်ရယူကစားချင်တဲ့သူတွေရဲ့ အချစ်မျိုးဖြစ်ပါတယ်... များသောအားဖြင့် တစ်ယောက်ထက်ပိုတဲ့ ချစ်သူရည်းစားတွေရှိတတ်ပြီး ကိုယ့်စိတ်သာယာမှုအတွက် ချစ်တဲ့အချစ်မျိုးလို့လည်း ဆိုနိုင်ပါတယ်... ချစ်သူတစ်ယောက်နဲ့တွေ့တဲ့အချိန်အတွင်းမှာ ရနိုင်သမျှသာယာမှုတွေ ရယူဖို့ကိုပဲ ဦးတည်တတ်ကြပါတယ်... ဒါကြောင့် ဒီလိုအချစ်မျိုးနဲ့ ချစ်ကြသူတွေဟာ ချစ်သက်တမ်းတိုတိုနဲ့ လမ်းခွဲကြရတာများပါတယ်...

♫ Storge (လက်တွဲဖော်အချစ်)
ဒီပုံစံအချစ်မျိုးကတော့ မိတ်ဆွေသူငယ်ချင်းသံယောဇဉ်အပေါ်မှာ အခြေခံပါတယ်... ဒီအချစ်မျိုးဟာ မိတ်ဆွေသူငယ်ချင်းဘဝကနေ တဖြည်းဖြည်းနဲ့ ကြီးထွားရစ်ပတ်လာတဲ့အချစ်မျိုးဖြစ်ပါတယ်... များသောအားဖြင့် ဝါသနာစရိုက်တူညီမှုနဲ့ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန်အားပေးကူညီမှု.. ဝတ္တရားကျေပွန်မှုတွေအပေါ်မှာ အခြေခံလာတာဖြစ်ပါတယ်... ရမ္မက်စိတ်မျိုးကြောင့် ဖြစ်လာတဲ့အချစ်မျိုးလည်းမဟုတ်ပါဘူး...

♫ Pragma (လက်တွေ့အချစ်)
ဒီအချစ်မျိုးကတော့ လက်တွေ့အခြေအနေအပေါ်မှာ အခြေခံဖြစ်တည်လာတဲ့ အချစ်မျိုးဖြစ်ပါတယ်... ရှင်ဘုရင်အချစ်နဲ့ လက်တွဲဖော်အချစ်တို့ ပေါင်းထားတဲ့ပုံစံမျိုးလည်းဖြစ်ပါတယ်... ဒီအချစ်မျိုးဟာ အလွန်လက်တွေ့ကျပြီး ဘဝဆန်ပါတယ်... ဒီအချစ်မျိုးနဲ့ချစ်တတ်တဲ့သူတွေဟာ သူတို့ရဲ့ချစ်သူကိုရွေးချယ်ရာမှာ ဈေးတွက်တွက်ပြီးရွေးချယ်တတ်ကြပါတယ်... သူတို့ဘဝရဲ့ရည်မှန်းချက်ကို အတူမျှဝေလုပ်ဆောင်နိုင်မယ့်သူမျိုးကိုမှ ရွေးချယ်ပြီးချစ်တတ်ကြတဲ့ အချစ်မျိုးဖြစ်ပါတယ်...

♫ Mania (အရူးအမူးအချစ်)
ဒီအချစ်မျိုးကတော့ စွဲလမ်းမှုအပေါ်အခြေခံတဲ့ အချစ်မျိုးဖြစ်ပါတယ်... ဂန္ထဝင်အချစ်နဲ့ ရှင်ဘုရင်အချစ်တို့ တွဲဖက်ထားတဲ့ပုံစံမျိုးလို့ဆိုနိုင်ပါတယ်... ဒီအချစ်မျိုးဟာ ကိုယ့်ကိုယ်အထင်ကြီးမှု လျော့ပါးကျဆင်းနေတဲ့သူတွေက တခြားတစ်ယောက်အပေါ် ချစ်ခြင်းမေတ္တာတွေပုံအောပြီး ချစ်ချင်ရာကနေ ဖြစ်ပေါ်လာတဲ့ အချစ်မျိုးဖြစ်ပါတယ်... ဒီလိုအချစ်သမားတွေဟာ မနာလွန်ဝန်တိုမှုအလွန်များပြီး တစ်ဦးထဲမောင်ပိုင်စီးချင်တတ်ကြပါတယ်...

♫ Agape (အံ့ချီးဖွယ်အချစ်)
ဒီပုံစံအချစ်မျိုးဟာ တစ်ကိုယ်ကောင်းစိတ် အတ္တစိတ်ကင်းမဲ့မှုအပေါ်မှာ အခြေပြုပါတယ်... ဂန္ထဝင်အချစ်နဲ့ လက်တွဲဖော်အချစ်တို့ ပေါင်းစပ်တွဲဖက်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်... ဒီလိုအချစ်နဲ့ချစ်တတ်သူတွေဟာ သူတို့ချစ်သူအတွက် အရာရာကိုစွန့်လွှတ်ဖို့ ဝန်မလေးတတ်ကြပါဘူး... ခိုင်မြဲတဲ့ သစ္စာမေတ္တာတရားနဲ့ အတ္တအကြွင်းမဲ့ကင်းတဲ့ အချစ်မျိုးဖြစ်ပါတယ်...

သင်ကော... သင့်ချစ်သူအပေါ် ဘယ်လိုအချစ်မျိုးနဲ့ ချစ်ပါသလဲ....

No comments:

Post a Comment