Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 29, 2013

ပြည်သူများ စိတ်ဝင်စား စေနိုင်မည့် မိုင်ဒါကွင်း ကားပြပွဲကြီး



ရန်ကုန် စက်တင်ဘာ ၂၈
ကားပြပွဲများကို စိတ်ဝင်စားမှု နည်းပါးနေသည့် ပြည်သူများ၏ စိတ်အာရုံကို မြန်မာနိုင်ငံ၏ အကြီးဆုံး ကားပြပွဲကြီး ANGON INTERNATIONAL AUTO SHOW မိုင်ဒါကွင်း ကားပြပွဲကြီးက ပြောင်းလဲပစ်စေ နိုင်ကြောင်း မော်တော် ယာဉ် အကျိုးဆောင် လုပ် ငန်း လုပ်ကိုင်သူများက ပြောကြား လိုက်သည်။

ယခင်ကား အရောင်းပြပွဲများ စတင်ပြုလုပ်စဉ် ကာလပြပွဲများသို့ ဝယ်ယူကြည့်ရှုသူ များစွာ လာရောက် ခဲ့ကြသော်လည်း နောက်ပိုင်းကားပြပွဲများတွင် လာရောက်ကြည့်ရှုသူများ လွန်စွာ နည်းပါးလာသည်။

ပြည်တွင်းတွင် ပြုလုပ်သည့် ပြပွဲများတွင် ပြည်သူလူထု၏ စိတ်ဝင်စားမှု အများဆုံး ရရှိထားသည့် ပြပွဲမှာ IT ပစ္စည်းများ ရောင်းချ သည့်ပြပွဲများ ဖြစ်ပြီး ယင်းပြပွဲတွင် IT ပစ္စည်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းလျှော့ ၍ ရောင်း ချခြင်း၊ လာရောက် ကြည့်ရှုသူ ပြည်သူများ အံ့အားသင့် စေသည့် ဈေးနှုန်းများဖြင့် ရောင်းချခြင်းကြောင့်လည်း ဖြစ်သည်။

သို့သော်လည်း အောက်တိုဘာ ၁၇ ရက်တွင် မိုင်ဒါကွင်း (မြို့မကွင်း) အတွင်းကျင်းပမည့် YANGON INTERNATIONAL AUTO SHOW သည် ပြည်သူများ၏ စိတ်အာရုံ အယူအဆကို ပြောင်းလဲ ပေးနိုင်မည်ဟု ကားဈေးကွက် ကျွမ်း ကျင် ပညာရှင်များက သုံးသပ်လိုက်သည်။

''ဒီတစ်ခေါက် မိုင်ဒါကွင်းမှာ လုပ်မယ့် ကားပြပွဲက အရင်ကားပြပွဲတွေနဲ့ မတူဘူး။ ပြခန်းတွေလည်း များတယ်။ ကံစမ်း မဲ အစီအစဉ်လည်း ရှိတယ်။ ဒါ့အပြင် အထူးဈေးလျှော့ ရောင်းမယ့် အစီအစဉ်လည်း ရှိတယ် ကြားတယ်။ တစ်ဦးချင်း ရောင်းချ လိုတဲ့ အိမ်စီး ကားတွေကိုလည်း ပြသရောင်းချ နိုင်တာကတော့ တော်တော် ကောင်းတယ်။ ဒီပြပွဲက ကားလုပ် ငန်းနဲ့ အသက်မွေးတဲ့ သူတွေနဲ့ ပြည်သူ တော်တော် များများကို စိတ်အာရုံဖမ်း စားထားတယ်'' ဟု လုပ်သက်ရင့် မော် တော်ယာဉ် အကျိုးဆောင် တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။
ထက်နေ
Credit: Myawady

No comments:

Post a Comment