Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, September 24, 2013

စိတ်ဝင်စားစရာများနဲ့ Anubis ဇာတ်ကားရိုက်ကွင်း

Anubis ရုပ်ရှင် ဇာတ် ကားကြီးရဲ့ ရှစ်ရက်မြောက် ရိုက်ကွင်းကိုတော့ ချက်ထရီ ယမ် ဟိုတယ်မှာ ရိုက်ကူးနေပါ တယ်။ ဇာတ်ကား ရိုက်ကူးမှု အနေနဲ့ ရက် ၂ဝ ရိုက်ကူးထား ဖို့စီစဉ်ထားပြီး ရိုက် ကူးရက် ၂ဝ အတွင်း ရိုက်ကူးမှု မပြီးဆုံးပါကရက်တိုးမြှင့်ပြီးရိုက်ကူးသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။ ဇာတ်ကား ရိုက်ကူးမှု ပထမဦး ဆုံးရက်မှာ နိုက်ဆင်းန်ကို မနက်မိုးလင်းအထိ ရိုက်ကူးဖြစ် ခဲ့တယ်လို့ သိရပါတယ်။ ဇာတ် ကားတစ်ကားလုံး ခေတ်ဆန်၊ ခေတ်လွန်တဲ့ပုံစံတွေ ရိုက်ကူး ထားတဲ့ အပေါ် ဆင်ဆာနဲ့ပတ် သက်ပြီးလည်း ဒါရိုက်တာဖြစ်တဲ့ လူမင်းက "ဒီကားကို ကြည့်လိုက် ရင် ကိုယ် ပြချင်တဲ့ခေတ်ကာလနဲ့ သူ့ကာရိုက်တာနဲ့က ကွက်တိ လောက်ပဲရိုက် ထားတာ။ တအား ကြီးအလွန်အကျွံမရှိပါဘူး။ ကိုယ်သတိလည်းထားပါတယ်။ ဆင်ဆာအတွက် လည်း ဘယ် လောက် ထိပြသင့်လဲဆိုတာ ကိုယ့်ဘာသာစဉ်း စားထားပါ တယ်။ အခုဆိုဆင်ဆာက လည်း ကိုယ့်တာဝန်ကိုယ်ယူပြီး တော့ ခွင့်ပြုတဲ့သဘောတွေရှိနေ တယ်လေ။ ဒီကားကြီးကို ရုံ တင်တဲ့အချိန် ကလည်း တန်းစီ ပြီးစောင့်နေရတာတွေက ဒီ ကြားထဲမှာ ပြသရေးစနစ်
တွေ ပြောင်းလဲသွားလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒီလိုသာ တန်းစီနေရရင်ရုံတွေက တိုး လာတဲ့ ရုံတွေလည်း ကား မရှိရင် မရပ်တည်နိုင် ဘူး။ သူတို့အတွက်လည်း ရပ် တည်နိုင်အောင် ပြသ ရေးစနစ်ကြီးက ပြောင်း ကိုပြောင်းရမယ်။ ဒီအတွက် လည်း နည်းနည်း ကြိုပြီး ရိုက် ရတာပေါ့" လို့ ပြောပြပါတယ်။

ရိုက်ကူးချိန်မှာလည်း အိုက်တင်၊ ဒိုင်ယာလော့ခ်တွေ သင်ပေး၊ ကင်မရာ အချိန်အဆ၊ လိုချင်တဲ့ပုံစံရဖို့အတွက် တစ် ဆင့်ချင်းအချိန်ပေး ရိုက်ကူး နေတာလည်း တွေ့ရသလို ကင်မရာ တစ်ခါချိန်တိုင်း အချိန်ယူပြီး စောင့်ရိုက်ကူးရ တာလည်းတွေ့ရပါတယ်။ အချိန်ယူရိုက်ကူးမှုကို လည်း "ကင်မရာက မှန်ဘီလူး တစ် ခါချိန်ရင် ဘယ်လောက်ကြာ တယ်ဆိုတဲ့ တိုင်ပင်မျိုးတွေ ရှိ တော့ ဗီဒီယို ရိုက်သလို စိတ် မြန်မြန်ဆန်ဆန် ရိုက်လို့မရဘူး။ တစ်ရက်ကို နှစ်ဆင်းန်၊ သုံး ဆင်းန်လောက်ပဲ သွားနိုင်တယ်။ ပထမဆုံး ရုပ်ရှင်ကားကြီး ရိုက် တုန်းကတော့ ငွေကြေးအရ များစွာ အဆုံးရှုံးခံပြီး မပြီးပြီး အောင်ရိုက်ခဲ့တာ။ အခု ခေတ် ကျတော့လည်း စိတ်ကတစ်မျိုး ပေါ့။ ဒီကားထဲမှာပါတဲ့ ပလော့ တွေ ကအစ ကိုယ့်စိတ်ကူးထဲမှာ ရှိတာတွေချည်းပဲ မဖြစ်ဖြစ် အောင် ရိုက်ထားတာ။ 3D တွေ၊ ခရိုမာ တွေလည်းပါတယ်။ ဆူးလေးခုံး ကျော်တံတားမှာ လည်း နိုက် ဆင်းန် ရိုက်ထားတယ်။ ကိုယ်တို့ဆီမှာ တကယ်လှတဲ့ ဆင်းန်တွေ အများကြီးရှိတယ် လေ။ အခက်အခဲ တွေကြောင့် သာ မရိုက်ဖြစ်ကြတာ။ နည်း နည်း လေး စိတ်ရှည်သည်းခံပြီး ရိုက်တယ်" လို့ ပြောပြပါတယ်။

အနူးပစ်ရုပ်ရှင်ဇာတ်ကား ကြီးကို ဆူးလေ ခုံးကျော်တံ တားမှာ နိုက်ဆင်း(န်) ရိုက် ကူးခဲ့ပြီး နောက် Chatrium Hotel မှာ ရိုက်ကူးနေတဲ့ ရိုက် ကူး ရေး ရက် ၈ ရက် မြောက် နေ့ မှာရိုက် ကွင်းကိုသွားရောက် ဖြစ်ခဲ့ပါတယ်။

ချက်ထရီယမ်ဟိုတယ်မှာ ရိုက်ကူးနေတဲ့ ဇာတ်ကား ရိုက်ကွင်း ကိုရောက်တာနဲ့Hello Kitty ပန်းရောင်ကားလေး မောင်းဝင် လာတာကိုတွေ့ လိုက်ရ ပါ တယ်။ ဆင် ဝင် အပေါ် ကိုကြည့် လိုက် တော့ညွှန်ကြားစီစဉ် နေတဲ့သရုပ်ဆောင်ဒါရိုက်တာ လူမင်းနဲ့စက်အဖွဲ့သားတွေ ကိုတွေ့ရပါတယ်။ ကားတွေနဲ့အချိန်အဆကိုက်ညီအောင်၊စိတ်တိုင်းကျအောင် တစ်ဆင်းန်ချင်း အချိန်ယူရိုက်ကူး နေကြပါတယ်။ပါဝင်ကြတဲ့သရုပ်ဆောင်လူမင်း၊နေတိုး၊ဝတ်မှုံရွှေရည်၊ရွှေမှုံရတီတို့ သရုပ်ဆောင်တွေအစုံအလင်၊စက်အဖွဲ့သားတွေများစွာနဲ့ ဒီရိုက်ကွင်းကတော့ စိတ်တူကိုယ် တူနဲ့ ပုံဖော်ရိုက်ကူးနေကြတဲ့ရိုက်ကွင်းပါပဲ။ ဒီဇာတ်ကားကိုရန်ကုန်မှာ ရိုက်ကူး ပြီး နေပြည်တော် အဝေးပြေးလမ်းမကြီးနဲ့ ချောင်းသာတို့မှာ သွားရောက်ရိုက်ကူးဖို့အတွက်စက်တင်ဘာ ၂၅ ရက်နေ့လောက် စတင်သွား ရောက်ရိုက်ကူးဖြစ်မယ်လို့လည်း သိရပါတယ်။ရုပ်ရှင်ကို ဒီခေတ်လူငယ်တွေ ကြည့်စေချင်တဲ့အတွက် ရည်ရွယ်ပြီး ရိုက်ကူးထားတာကြောင့် ဒီဇာတ်ကား ရိုက်ကူးဖြစ်တာလို့လည်းသိရပါတယ်။ "ဒီခေတ်လူငယ်တွေကြည့်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ရိုက် တာ။ အခုခေတ်ကလေးတွေ အထူးသဖြင့် ခေတ်ဆန်တဲ့ ကလေးတွေက မြန်မာကားမကြည့် ဘူးဆိုတာကိုပဲဂုဏ်ယူပြီးပြော ဆိုတာ မျိုးတွေကိုယ်တို့ပတ်ဝန်းကျင်မှာမြင်နေတွေ့နေရတယ်။ ဒီခေတ်လူငယ် တွေက ရုပ်ရှင်ကိုစိတ်ဝင်စားမှုအားနည်း လာတယ်လို့ ကျွန်တော်ခံ စားရတယ်" လို့ပြောပြပါတယ်။ဇာတ်ကားရိုက်ကူးမှုကိုချက်ထရီယမ် ရေကူးကန်မှာဆက်လက်ရိုက်ကူးရာရွှေမှုံရတီတို့ သူငယ်ချင်း တစ်စုရေကူးနေချိန်နေတိုးကို နောက်ကလူဆိုးတွေ လိုက်ဖမ်း တာ ကြောင့် ရေကူးကန်ထဲ နေတိုးပြုတ်ကျတဲ့ ဇာတ် ဝင်ခန်းကို ရိုက်ကူး ခြင်းပဲ ဖြစ်ပါတယ်။

မေမွန်မောင်

No comments:

Post a Comment