Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, September 15, 2013

ပုဂံရာဇဝင် AD 964-986 (အပိုင်း ၁)



ပုဂံမြို့အဝင်သရပါတံခါး
-
ပုဂံမင်း၂၇ဆက်မြောက် သိန်ခဲမင်း၏ ညီတော်တစ်ပါး သည် နောင်တော်နှင့်တိုက်ခိုက်၍
ရှူံးနိမ့်သဖြင့် စလေအရပ်၌ စတေးရှောင်နေ၏။
ထိုညီတော်၏မြေး ငခွေးဆိုသူသည် လူကုန်ကူးခံရသဖြင့် သူဌေးတစ်ဦးထံတွင် အစေခံဖြစ်နေ၏။
တစ်ခါသော် သူဌေးကRoad to Mandalay ဖြင့်ပုဂံသို့ လှေထိုးထည့်လိုက်၏။
  •  
ပုဂံမရောက်မီတစ်ည၌ အိပ်မက်မက်ရာ မိမိချက်မှ အူများထွက်၍ ပုဂံကို ရစ်ပတ်ထားသည်ဟုမက်၏။
နံနက်တွင် လှေဆန်ခဲ့ရာ ထိုးဝါးတွင်ရွေလင်ပန်းကို ထိုးမိ၍ ငြိပါလာ၏။
“ငါ၏အိပ်မက်ကောင်းလှသည် ဒီစက်မူ့(၁)ကလင်ပန်းစုတ်နဲ့မတန်” ဟုဆိုကာ ခါ၍ချခဲ့၏။

ပုဂံသို့ရောက်သော် ပုဏ္ဏားပညာရှိတစ်ဥိးထံ ( ပုဂံခောတ်တွင်ပုဏ္ဏားတိုင်း Ph.D ပြီးကြသည်) အိပ်မက်အကြောင်းမေးရာ
 ပုဏ္ဏားလည်း “အချဉ်တစ်ကောင်တော့တွေ့ပြီ ဂျင်းထည့်လိုက်ဦးမှ” ဟုတွေးမိပြီး ပုဂံတွင်မင်းဖြစ်မည်ဟု ဟောလိုက်သည်။

ထို့နောက်ငခွေးသည် စလေသို့ပြန်ရောက်သော်သူကြွယ်နှိပ်စက်လှသဖြင့် ပုဂံသို့ထွက်ပြေးပြီး တန်နက်မင်းထံခစားလေရာ မင်းကနှစ်သက်သဖြင့် မြင်းခံခန့်ထားလေ၏။
မင်းသည် မြင်းတင်းကုပ်သို့ စမောလေးတစ်ယောက်နှင့် နေ့စဉ် မြင်းလာကြည့်လေ့ရှိ၏။

အချိန်ကြာလာသော် စမောလေးအား ငခွေးဆွဲစိလိုက်ပြီး မင်းအားလုပ်ကြံရန် တိုင်ပင်လေ၏။
နောက်တစ်နေ့ မင်းအလာတွင် မြင်းချေးတွင်းသို့ တွန်းချသတ်ပြီးနောက် မင်းပြုရာ ပုဂံမင်းဆက်၃၇ဆက်မြောက် စလေငခွေးမင်းဟုတွင်၏။

စလေငခွေးသည် အငြိုးကြီးလေရာ မိမိကိုနှိပ်စက်ဖူးသော သူဌေးကို ခေါ်ယူသတ်သည့်အပြင် ထိုကဲ့သို့နှိပ်စက်တတ်သူတို့ကိုလဲ ကောင်းကောင်းသမလေ၏။
ထိုသို့ပြုဖန်များသော် မှူးမတ်တို့မနှစ်သက်၍ ဆင်ကဲကိုလဘ်ပေးပြီး စလေငခွေးရေကစားစဉ် လုပ်ကြံလေသည်။
ဤသို့ဖြင့် စလေငခွေးမင်းလွန်လေ၏။

ထို့နောက် စလေငခွေး၏သား သိန်းခိုမင်းသည် ဆက်လက်မင်းပြုရာ တစ်ရက်တွင် မြင်းစီး၍ တောကစားသွားလေ၏။
ဆာလာသည်နင့် သခွားခင်းတစ်ခုတွင် သခွားသိးခူး၍စား၏။
ယာရှင်ကား “ဘယ်ဇတ်ထဲကအကောင် ငါ့သခွားသီး လာခိုးနေသလဲမသိ” ဟုဆိုကာတူရွင်းနဲ့ ရိုက်သတ်လိုက်လေ၏။

ထိုအခါ သိန်းခိုမင်း၏ မြင်းခံသည် မှီလာ၍ အဖြစ်အပျက်ကိုတွေ့မြင်သော်  “ဟယ်-တောင်သူကြီး အဘယ့်ကြောင့် ငါတို့မင်းကို ရိုက်သတ်သနည်း” ဟုမေးလေ၏။

တောင်သူကြီးလဲ “တရုတ်ပြည်ပို့မည့် ငါ့သခွားသီးကို ခွင့်မတောင်းဘဲ ခူးစားသောကြောင့် ရိုက်ပုတ်သည်” ဟုဖြေလေ၏။
မြင်းခံက “ဟယ်တောင်သူကြီး မင်းကိုသတ်လျှင် မင်းပြုရမည်တည်း” ဟုပြောရာ
“ငါ့သခွားခင်းကိုပြစ်ပြီး မင်းမပြုနိုင်” ဟုမူလဂျီလုပ်လေ၏။

“သင့်သခွားခင်းကိုလည်း သင်ပိုင်မည်၊ နေပြည်တော်တွင်လဲ မြေကွက့်ရမည်။  ရွေငွေ ဒေါ်လာ အမြောက်အမြားကိုလဲ ပိုင်ဆိုင်မည့်အပြင် ဖွေးဖွေး၊ မိုးယုစံ၊ ဝတ်မှူန်ရွေရည် တို့ကိုပါ ပိုင်ဆိုင်နိုင်မည်” ဟုစည်းရုံး၏။
ဖွေးဖွေးအသံကြားလျှင် တောင်သူကြီးလဲ ထခုန်ကာ မင်းပြုပါတော့မည်ဟု ပြော၏။

မြင်းခံလည်း လူသူမသိအောင် နန်းတော်တွင်းသို့ တိတ်တဆိတ်သွင်း၍ မိဘုရားကြီးအား အလုံးစုံလျှောက်၏။
မိဘုရားကြီးလဲ “အကိတ်ကလေးကိုခေါ်လာတာပဲ” ဟုမြင်းခံကို ချီးမွမ်းကာ တောင်သူကြီးကို မင်းရေးမင်းရာတို့ သင်ပေး၏။

နန်းတွင်းသူ မိဘုရားငယ်တစ်ယောက်နှင့် အမတ်တစ်ယောက်က မိမိတို့အရှင်မဟုတ်၍ မရိုမသေပြုရာတွင် တံခါးစောင့်ကျောက်ရုပ်က ထရန်စဖော်မာကားထဲကလို အသက်ဝင်ပြီး ထထောင်းသဖြင့် တောင်သူကြီးမင်းကို နန်းတွင်းနန်းပြင်မှ ကြောက်ရွံရိုသေကြလေ၏။

တန်နက်မင်းကို စလေငခွေး လုပ်ကြံစဉ်က တန်နက်မင်း၏ မိဘုရားတစ်ဦးသည်
ကိုဝင်းကြည်နှင့် ထွက်ပြေးခါ ကြောင်ဖြူအရပ်တွင် ပုန်းနေလေ၏။
မီးဖွားကြီးပြင်းလာသော် မိခင်က ပြောကြားထားသဖြင့် ပုဂံတွင် မင်းပြုမည်ဟု အားသန်လျှက်ရှိ၏။
ထိုလုလင် အရွယ်ရောက်လာသော် ကွမ်းဆော် (GST 7%အခွန်ကောက်သူ) အဖြစ် ခစားနေရ၏။

တစ်ခါသော် ပုဂံတွင် မင်းလောင်းပေါ်လိမ့်မည် အချိန်နေရာအတိအကျဖြင့် အုတ်အော်သောင်းသဲ ဖြစ်ကြ၏။
ထိုနေ့၌ လူအပေါင်းတို့သည် မင်းလောင်းအား ပူဇော်ရန် တူးရွင်းတောင်ဘက်သို့ သွားကြကုန်၏။
ကွမ်းဆော်သည်လည်း အများနည်းတူ မင်းလောင်းကြည့်လိုသည်နှင့် တူရွင်းတောင်သို့ လာခဲ့၏။

လမ်းတွင် သိကြားမင်းသည် လူယောင်ဆောင်၍ ဖရာရီစီးလာရာ ကွမ်းဆော်ကို တွေ့သည်နှင့်
“အမောင် ငါ့ကားကို ပုဂံသို့ ယူဆောင်သွားပါ၊ ငါဤနေရာတွင် ကလပ်တက်ချင်သည်” ဟုဆို၏။
ကွမ်းဆော်လဲ “ငါ့မှာ မင်းလောင်းကြည့်သွားရမည်ဖြစ်သဖြင့် သင့်ကားကို ယူမသွားနိုင်” ဟုပြောသော်
“ငတုန်း ကားနဲ့သွားတော့ ပိုမြန်တာပေါ့ကွ” ဆိုကာမှ သဘောကျ၍ ဖရာရီကိုစီး၏။

ထို့နောက်လူအိုက “ဤပတ္တမြားလက်စွပ်နှင့် AK47တို့ကိုလည်း ယူသွားပါလေ။ ငါကြာလျှင်မစောင့်နှင့်
မင်းရင်ပြင်သို့သာ အရောက်မောင်းပါ” ဟုဆိုလိုက်၏။
ကွမ်းဆော်လဲ ဖရာရီကိုစီး၍ အမြန်မောင်းလာခဲ့၏။

တူးရွင်းတောင်နားသို့ ရောက်သော် ဖရာရီကားပေါ်မှ AK47 ကိုင်ကာ ဆင်းလာသော ကွမ်းဆော်ကိုမြင်လျှင် လူအများက သူပင်မင်းလောင်းတည်းဟု ဦးတိုက်ကြလေ၏။
ကွမ်းဆော်လဲ အံအားသင့်သွားကာ “သောက်ဆန်းကြီး” ဟုရေရွတ်လေ၏။

အတန်ကြာမှ ငယ်ငယ်တုန်းက နတ်ကတော်ဟောဘူးတာ သတိရသွားပြီး ငါသည်ပင် မင်းလောင်းဖြစ်တော့သည်
တကားဟု ကြွေးကြော်ကာ နန်းတွင်းသို့ အမြန်မောင်းသွားလေ၏။

တောင်သူကြီးမင်းလဲ ငါကလွဲပြီး ဘယ်သူမှ စီးခွင့်မရှိအောင် လိုင်စင်ပိတ်ထားတဲ့ ဖရာရီကားကို မည်သူစီးလာသနည်းဟု နန်းဦးမှဆို၏။
ထိုမင်း၏ ကုသိုလ်ကံ ကုန်ပြီးဖြစ်၍ ယခင်ကျောက်ရုပ်ကပင်သူ့ကို နန်းဦးမှတွန်းချသောကြောင့် အနိစ္စရောက်ပြီး
ကွမ်းဆော်လဲ ကွမ်းဆော်ကြောင်ဖြူမင်းအဖြစ် မင်းဆက်၄၀မြောက် ပုဂံမင်းဖြစ်လေ၏။

ဦးဦး 


No comments:

Post a Comment