Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

စင်ကာပူ ပရိသတ်များ တစ်ခဲနက် အားပေး ခဲ့ကြသည့် Metallica



Wednesday, 28 August 2013 

စင်ကာပူ နိုင်ငံတွင် ဖျော်ဖြေပွဲ မပြုလုပ်သည်မှာ အနှစ် ၂၀ ကြာပြီဖြစ်သည့် အမေရိကန် heavy metal ဂီတအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် Metallica အဖွဲ့သည် သြဂုတ် ၂၄ ရက်က ချန်ဂီ ကုန်စည်ပြပွဲ ခန်းမတွင် စင်ကာပူ ပရိသတ်ကြီး အတွက် ဖျော်ဖြေပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

Metallica ဂီတ အဖွဲ့၏ ဖျော်ဖြေပွဲသို့ လာရောက်သူ ပရိသတ် ၄၀၀၀၀ ခန့်သည် အနက်ရောင် ၀တ်စုံများကို ၀တ်ဆင် လာခဲ့၍ Metallica ဂီတ အဖွဲ့ကို တစ်ခဲနက် အားပေး ခဲ့ကြသည်။

အဆိုပါ ဖျော်ဖြေပွဲသို့ လာရောက် ကြည့်ရှုသူ ပရိသတ်များ အနက် မလေးရှား နိုင်ငံသူ ဇီဒါအက်ဇစ်လည်း ပါဝင်သည်။ ဇီဒါအက်ဇစ်သည် လွန်ခဲ့သည့် ခြောက်နှစ် ကတည်းက အရိုးကင်ဆာ ရောဂါဝေဒနာ ခံစားရသဖြင့် သူမ၏ ဘယ်ဘက် ခြေထောက်ကို ဖြတ်ပစ် ခဲ့ရသူ ဖြစ်သည်။ ကလေး သုံးဦး၏ မိခင် ဇီဒါအက်ဇစ်သည် Metallica အဖွဲ့၏ ဖျော်ဖြေမှုကို ကြည့်ရှုနိုင်ရန် အတွက် ကွာလာလမ်ပူ မြို့မှ ၆ နာရီကြာ ကားစီး၍ လာခဲ့ရကြောင်း၊ heavy metal ဂီတသည် သူမ၏ ရူးသွပ်မှုပင် ဖြစ်ကြောင်းနှင့် ၎င်းဂီတကို အလွန် နှစ်သက်ကြောင်း သူမက ပြောကြားခဲ့သည်

။မြ၀တီ

http://www.myawady.com.mm/arts/artcorner/item/23784-2013-08-28-12-57-45

No comments:

Post a Comment