Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, August 28, 2013

ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ် ဂီဆယ်လီ ဘန့်ချန်း


Wednesday, 28 August 2013 

မော်ဒယ်လ် ဂီဆယ်လီ ဘန့်ချန်းသည် အနုပညာ သက်တမ်း ခုနစ်နှစ် အတွင်း ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ်အဖြစ် ဆက်လက် ရပ်တည်လျက် ရှိကြောင်း Forbes မဂ္ဂဇင်းမှ ထုတ်ပြန်ချက် တစ်ရပ်အရ သိရသည်။

သူမ၏ အနုပညာ ၀င်ငွေမှာ ယခင် နှစ်ကထက် နည်းသော်လည်း ဂီဆယ် လီဘန့်ချန်းသည် ကမ္ဘာကျော် မော်ဒယ်လ်များ ဖြစ်သည့် မီရန်ဒါကားနှင့် အေဒရီရာနာ လိုင်မာတို့ကို ဖြတ်ကျော်၍ ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး မော်ဒယ်လ် ဖြစ်လာခဲ့သည်။

အသက် ၃၃ နှစ်အရွယ် ကလေး နှစ်ဦး၏ မိခင် ဘရာဇီး မော်ဒယ်လ် ဂီဆယ် လီဘန့်ချန်းသည် အမေရိကန် ဘောလုံး အကျော်အမော် တွမ်ဘရာဒီ၏ ဇနီးချော ဖြစ်သည်။ သူမသည် ကမ္ဘာကျော် အလှပြင် ပစ္စည်း ကုမ္ပဏီ ဖြစ်သည့် Sejaa ကုမ္ပဏီ၊ Pantene ကုမ္ပဏီ၊ Oral-B ကုမ္ပဏီ၊ ဘရာဇီး နိုင်ငံမှ နာမည်ကြီး Grendene အတွင်းခံ အ၀တ်အထည် ကုမ္ပဏီ တို့၏ ပင်တိုင် မော်ဒယ်လ်အဖြစ် စာချုပ်ချုပ်ဆို ထားသည်။

ဂီဆယ် လီဘန့်ချန်း၏ ယခုနှစ် ၀င်ငွေမှာ အမေရိကန် ဒေါ်လာ ၄၂ သန်း ရှိကြောင်း Forbes မဂ္ဂဇင်းက ခန့်မှန်းထားသည်။

No comments:

Post a Comment