Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 13, 2013

အသက် ၃ဝ ကျော်သူတိုင်း ရင်ဆိုင်ရနိုင်သည့် ကျန်းမာရေး ပြဿနာများ Irritable Bowel Syndrome (IBS)

 

IBS ဝမ်းမငြိမ်ပြဿနာ


အသက် ၃ဝ ကျော်သူတိုင်း ရင်ဆိုင်ရနိုင်သည့် ကျန်းမာရေး ပြဿနာများ Irritable Bowel Syndrome (IBS)

ဘာကြောင့် ဖြစ်ရမှန်းမသိတဲ့ အစာအိမ် အူလမ်းကြောင်း လက္ခဏာတွေ နာတာရှည် ဖြစ်တာ၊ ဒါမှမဟုတ် မကြာခဏ ပြန်ဖြစ်တာကို IBS လို့ ခေါ်ပါတယ်။ IBS ရောဂါရှိသူတွေမှာ အူမကြီး ဒါမှမဟုတ် အူသိမ်တွေမှာ ပုံမမှန်တာ ဘာမှ မရှိပါဘူး။

ရောဂါလက္ခဏာ
- ဝမ်းသွားပြီးနောက်ပိုင်း ဗိုက်နာတာ သက်သာသွားခြင်း၊
- ဝမ်းဗိုက်နာတာနဲ့အတူ ဝမ်းပျက်ခြင်း၊
- လေပွခြင်း ဒါမှမဟုတ် ဗိုက်တင်းနေခြင်း၊
- ဝမ်းသွားလို့ မဝခြင်း၊
- ဝမ်းနဲ့အတူ အချွဲပါဝင်ခြင်း၊

တခြားလက္ခဏာတွေအနေနဲ့ ပျို့ချင်တာ၊ အစာအနည်းငယ်စားပြီး ဗိုက်ပြည့်တင်းနေတာနဲ့ မောပန်းတာတွေ ဖြစ်တတ်ပါတယ်။ ရောဂါလက္ခဏာရဲ့ ဆိုးရွားမှုနဲ့ မကြာခဏ ပြန်ဖြစ်မှုက တစ်ယောက်နဲ့တစ်ယောက် ကွာခြားပါတယ်။ IBS လက္ခဏာတွေဟာ အူမကြီး ရောင်ရမ်းတဲ့ရောဂါ (Inflammatory Bowel Disease) နဲ့ ကွာခြားပါတယ်။ ဝမ်းထဲမှာ သွေးပါတာ ဒါမှမဟုတ် အဖျားရှိတာ တုန်ချမ်းချမ်းတာတွေ မဖြစ်ပေါ်တတ်ပါဘူး။

ဘာကြောင့် ဖြစ်သလဲ
စိတ်ဖိစီးမှုကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းလုပ်ငန်း ဆောင်တာတွေမှာ ထိခိုက်မှု ရှိတတ်ပါတယ်။ စိတ်ဖိစီးမှုများတာဟာ IBS လက္ခဏဖြစ်ဖို့ အဓိက ကဏ္ဍမှာ ပါဝင်ပါတယ်။ IBS ရောဂါရှိသူရဲ့ ၆ဝ ရခိုင်နှုန်းဟာ စိတ်ဖိစီးမှုများချိန်မှာ ရောဂါထတတ်ပါတယ်။ လုပ်ငန်းသစ် ပြုလုပ်တာ ဒါမှမဟုတ် နေအိမ်ပြောင်းရွှေ့ ရတာတွေလိုမျိုး သိသာပြောင်းလဲတဲ့ ဘဝပုံစံတွေကြောင့် IBS လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။ IBS ရောဂါရှိသူတွေရဲ့ ၄ဝ-၆ဝ ရာခိုင်နှုန်းဟာ စိုးရိမ်စိတ်များတာနဲ့ စိတ်ကျဝေဒနာတွေ ရှိတတ်ပါတယ်။

ရောဂါသတ်မှတ်ခြင်း
လူနာ ရောဂါလက္ခဏာ ခံစားရတဲ့ ဝေဒနာပေါ်မှာ မူတည်ပြီး ရောဂါသတ်မှတ်နိုင်ပါတယ်။ အောက်ပါလက္ခဏာတွေ သုံးလဆက်တိုက် ဒါမှမဟုတ် မကြာခဏ ဖြစ်ပေါ်ခဲ့ရင် IBS ရောဂါလို့ သတ်မှတ်ပါတယ်။

၁။ ဝမ်းဗိုက်နာကျင်တာ ဒါမှမဟုတ် သက်တောင့်သက်သာ မရှိတာဟာ
- ဝမ်းသွားပြီး သက်သာရင်
- ဝမ်းသွားချိန်ပြောင်းလဲတာနဲ့ ဆက်စပ်မှုရှိရင်
- ဝမ်းထဲမှာ ပါဝင်တဲ့ မစင်ပုံသဏ္ဍာန်ပြောင်းလဲတာနဲ့ ဆက်စပ်မှုရှိရင်

၂။ အောက်ပါတို့မှ နှစ်မျိုး ဒါမှမဟုတ် နှစ်မျိုးထက်ပိုပြီး မကြာခဏ ဖြစ်တတ်ရင်
- ဝမ်းသွားချိန် ပြောင်းလဲရင်
- ဝမ်းပုံသဏ္ဍာန် ပြောင်းလဲရင် (ဥပမာ ဝမ်းမာတာ၊ ဝမ်းပျော့တာ ဒါမှမဟုတ် ဝမ်းအရည်သွားတာ)
- ဝမ်းသွားတဲ့ အနေအထားပြောင်းလဲရင် (ဥပမာ ဝမ်းသွားပြီး ဝမ်းကုန်စင်တယ်လို့ မထင်ခြင်း၊ ဝမ်းမထိန်းနိုင်ခြင်း ဒါမှမဟုတ် ဝမ်းညှစ်ရခြင်း)
- ဝမ်းထဲမှာ ချွဲပါရင်
- လေပွတာ ဒါမှမဟုတ် ဝမ်းဗိုက်တောင်းတင်းနေတယ်လို့ ခံစားရရင်

အထက်ပါလက္ခဏာတွေနဲ့ ဆင်တူဖြစ်တတ်တဲ့ တခြားရောဂါတွေမှာ ခွဲခြားနိုင်ဖို့အတွက် အောက်ပါ စမ်းသပ်မှုတွေကို ပြုလုပ်ရပါမယ်။
- အစာအိမ်နဲ့ အူလမ်းကြောင်း အောက်ပိုင်း ဓာတ်မှန်ရိုက်ခြင်း (Barium enema)
- အစာအိမ်နဲ့ အူလမ်းကြောင်းကို ဓာတ်မှန်ရိုက်ကြည့်ခြင်း (BArium follow through)
- အူမကြီးအတွင်း မှန်ပြောင်းနဲ့ ကြည့်ခြင်း

ကုသခြင်း
IBS ရောဂါကို ကုသရာမှာ ရောဂါဆိုးရွားမှုနဲ့ လူနာတစ်ယောက်ချင်းစီရဲ့ လက္ခဏာပေါ်မှာ မူတည်ပါတယ်။ ဘဝနေထိုင်မှုပုံစံ ပြောင်းလဲတာ၊ ဆေးဝါးနဲ့ကုသတာနဲ့ စိတ်ပိုင်းဆိုင်ရာ ကုသမှုတွေ ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ဘဝနေထိုင်မှုပုံစံ ပြောင်းလဲခြင်း
အမျှင်ဓာတ်ဟာ အပင်အစားအစာတွေမှ အစာမေခြေနိုင်တဲ့ အပိုင်းဖြစ်ပါတယ်။ အမျှင်ဓာတ်ကြောင့် အူမကြီးအတွင်း အစာရွေ့လျားမှု အချိန်ကြာမြင့်နိုင်ပါတယ်။ လူတိုင်းဟာ အမျှင်ဓာတ်ကြောင့် အကျိုးကျေးဇူး မရရှိနိုင်ပါဘူး။ ဝမ်းချုပ်တတ်တဲ့ IBS လူနာတွေအနေနဲ့ အမျှင်ဓာတ်ကြောင့် အကျိုးရှိနိုင်ပါတယ်။

အစားအသောက် ပြောင်းလဲခြင်း
IBS လက္ခဏာတွေဟာ တစ်ခါတစ်ရံမှာ တချို့အစာစားပြီး ဖြစ်ပေါ်တတ်ပါတယ်။ ဘာအစာကြောင့် IBS လက္ခဏာ ဖြစ်တယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကွဲပြားတတ်ပါတယ်။ ဒါကြောင့် အစားအစာနဲ့ ပတ်သက်ပြီး ဒိုင်ယာရီ ထားကာ ဘယ်အစာကြောင့် IBS လက္ခဏာ ဖြစ်တယ်ဆိုတာ မှတ်ထားပြီး အဲဒီအစားအစာကို ရှောင်ပါ။ နွားနို့၊ ပဲအမျိုးမျိုးနဲ့ ဂေါ်ဖီထုပ်လိုမျိုး ဟင်းသီးဟင်းရွက် အဆီစာနဲ့ အယ်လ်ကိုဟောတွေဟာ IBS လက္ခဏာကို ပိုဆိုးစေတဲ့ အစာတွေပါ။

ဒေါက်တာခင်မိုးမိုး 

No comments:

Post a Comment