Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 9, 2013

ချင်းပြည်နယ်ရှိ နာမည်ကျော် ရိဒ်ရေကန်နှင့် အခြားနေရာများတွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း အခြေခံစခန်း တိုးချဲ့တည်ဆောက်ရန် စီစဉ်



Created on Friday, 09 August 2013 22:57

ချင်းပြည်နယ်တွင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်း၏ အခြေခံ စခန်းများ ဖြစ်နိုင်မည့် ရိဒ်ရေကန်၊ ဘွေပါးတောင်နှင့် လိုင်ဗားဒေသမှာရှိသည့် ဇိန်မှုတောင်တို့ကို တိုးချဲ့တည်ထောင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဦးဝင်းထွန်းက ပြည်သူလွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

''ချင်းပြည်နယ်မှာ ရိဒ်ရေကန်တို့လို့ နေရာတွေကို သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွေ လုပ်လို့ရတယ်။ နတ်မတောင် တို့လိုပေါ့။ ဒီလိုလုပ်မယ်ဆိုရင် အဓိက လိုအပ်ချက်က လမ်းပမ်းဆက်သွယ်ရေးပါ။ ဧည့်သည်တွေလာရင် တည်းခိုနိုင်မယ့် နေရာတွေ လိုအပ်ပါမယ်။ ရိဒ်မှာတော့ အဆင့်မြင့် အဆောက်အဦ တစ်ခု တည်ဆောက်နေတယ်လို့ သိရပေမယ့် ခရီးသွား လုပ်ငန်းအတွက် အသုံးပြုမယ် မပြုဘူးဆိုတာ မသိရပါဘူး'' ဟု ချင်းပြည်နယ် ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။

ချင်းပြည်နယ်တွင် သဘာဝအခြေခံ ခရီးသွားအဖြစ် ချင်းပြည်နယ် တောင်ပိုင်းရှိ နတ်မတောင်သို့ သွားရောက်မှု များပြားပြီး မြောက်ပိုင်း ဒေသများတွင် သွားလာမှု နည်းပါးသည်ဟု သိရှိရသည်။

''သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းအတွက် ပြုလုပ်မယ် ဆိုရင်တော့ ပြည်တွင်း၊ ပြည်ပက စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်မှ အဆင်ပြေနိုင်မယ်။ အစိုးရကလည်း ဒီလိုလုပ်ကိုင်ဖို့ ဥပဒေသတ်မှတ်ပြီး ခွင့်ပြုပေးရမယ်။ ဒါမှမဟုတ်ရင်တော့ လေထဲတိုက်အိမ် ဆောက်သလိုမျိုးပဲ ဖြစ်မှာပါ။ ကျွန်တော် အပါအ၀င် ဒီလုပ်ငန်းကိုလုပ်ဖို့ စီစဉ်နေကြပေမယ့် ဘာမှအကောင်အထည် မဖော်နိုင်သေးဘူး။ ဒီကိစ္စကို ချင်းပြည်နယ် အစိုးရက ဦးဆောင်ပြီး ဆောင်ရွက်သင့်ပါတယ်'' ဟု ချင်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇိုဇမ်က ပြောကြားခဲ့ပါသည်။

ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ပင်မစီမံကိန်းကို သက်ဆိုင်ရာ အစိုးရဌာနများနှင့်အတူ ခရီးသွား လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများ ပူးပေါင်းရေးဆွဲ လျက်ရှိပြီး သဘာဝအခြေခံ ခရီးသွား လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမှာ ဖြစ်ပါကြောင်း၊ စီမံကိန်း ရေးဆွဲအတည်ပြုပြီး အချိန်တွင် ခရီးသွား လုပ်ငန်းများက လိုက်နာဆောင်ရွက်နိုင်ရေး အတွက် ထုတ်ပြန်သွားမှာ ဖြစ်ကြောင်း ပြောကြားသည်။

ချင်းပြည်နယ်ရှိ နာမည်ကျော် ရိဒ်ရေကန်ကို တွေ့ရစဉ်
 Eleven Media Group

No comments:

Post a Comment