Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 12, 2013

အီလက်ထရွန်နစ် စီးကရက် စွဲလမ်းမှုအပေါ် FDA ဝေဖန်


The Voice Weekly
၂၀၁၀ ပြည့်နှစ်ကတည်းက စီးကရက် ဖြတ်လိုသူများသည် အီလက်ထရွန်နစ် စီးကရက် (အီး-စီးကရက်များ) သောက်သုံးခြင်း ဓလေ့ဖြင့် ကုစားခြင်းအား အမေရိကန် အစားအစာနှင့် ဆေးဝါး စီမံခန့်ခွဲရေး အဖွဲ့ (FDA) က ဝေဖန်ခဲ့သည်။

ယခုအခါ လျှပ်စစ်ဓာတ်ခဲ စွမ်းအင်ဖြင့် အပူပေးပြီး နစ်ကိုတင်း ဓာတ်အတု ဖန်တီးကာ ဆေးလိပ် အရသာအတိုင်း ခံစားခြင်းအပေါ် FDA က ပြန်လည် ဆန်းစစ်ရန် လိုလာကြောင်း ယင်း အီးစီကရက် သည်လည်း စွဲလမ်းမှု များလာကြောင်း ထောက်ပြခဲ့သည်။

အမေရိကန် သန်းပေါင်းများစွာသည် ဆေးလိပ်ဖြတ်ရန် ကြိုးစားသည့် အနေဖြင့် အီး စီးကရက်များကို သောက်သုံးကြသော်လည်း ယင်းသို့ သုံးစွဲခြင်းသည် အန္တရာယ်ကင်း၊ မကင်းမှာ မသေချာကြောင်း အန္တရာယ် မကင်းကြောင်း တွေ့ရှိရလျှင်လည်း FDA အနေနှင့် ပွင့်လင်းစွာ ထုတ်ပြန် တားဆီးသင့် ကြောင်း ABC သတင်းတွင် ရေးသားထားသည်။

ယခုအခါ အမေရိကန် နိုင်ငံအတွင်း ဆေးလိပ် ဖြတ်လိုသဖြင့် အီးစီးကရက် သောက်သုံးနေသူများ သည် နှစ်စဉ် ဒေါ်လာ ၁ ဘီလီယံခန့် သုံးစွဲနေကြကြောင်း ယင်းသတင်းက ဆိုသည်။

No comments:

Post a Comment