Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 12, 2013

The Kiss of Life သို့မဟုတ် ၁၉၆၇ ခုနှစ် မှာ ဆုရခဲ့တဲ့ ဓာတ်ပုံ

ဖြစ်ရပ်မှန်
၁၉၆၇ ခုနှစ် မှာ ကမ္ဘာတဝန်း က မီဒီယာတွေ မှာ အကျယ်တဝင့်ဖော်ပြခဲ့တဲ့ The Kiss of Life ဓာတ်ပုံပါ

သေချာမသိဘဲ ဒီပုံ ကို ကြည့်ရင် ဓာတ်တိုင်ပေါ်မှာ
အမျိုးသား နှစ်ယောက် မဖွယ်မရာ လုပ်နေတယ်လို့ ထင်စရာရှိပါတယ်။

အဖြစ်မှန်က အမျိုးသား နှစ်ယောက် မဖွယ်မရာ လုပ်နေတာ မဟုတ်ပါဘူး။

လျှပ်စစ်လုပ်သား တွေဖြစ်တဲ့ Randall Champion နဲ့ J. D. Thompson ဓာတ်တိုင်ထိပ်မှာ တပ်ဆင်ထားတဲ့ လျှပ်စစ် ကိရိယာတွေ ကို တက်ပြင်ရင်း
Randall Champion ဟာ ဗို့ အား ၄၀၀၀ ရှိတဲ့ လျှပ်စစ်လှိုင်းရဲ့ အဖျား ရိုက်ခက်မှုကြောင့် ရုတ်တရက် နှလုံး ရပ်သွားခဲ့ပါတယ်

ခါးမှာ ပတ်ထားတဲ့ ခါးပတ် ကြောင့်သာ အောက်ကို ပြုတ်မကျသွားခဲ့တာပါ

Randall Champion အခြေအနေ ကို သိတဲ့ Thompson ဟာ သိသိခြင်း နှလုံး ခုန်မှု ပြန်ရအောင် ပါးစပ်မှ တဆင့် လေမှုတ်သွင်းပြီး ကြိုးစားခဲ့ပါတယ်

ဒီလို ကြိုးစားရင်းနဲ့ နှလုံးအနည်းငယ်ပြန်ခုန်လာ မှ သူ့ကို တိုင်ပေါ်မှ ထမ်းချခဲ့ပါတယ်

တိုင်အောက် ရောက် မှ နှလုံးအပြည့်အဝ ပြန်နိုးလာအောင် Thompson နဲ့ လုပ်ဖော်ကိုင်ဖက်တွေ က CPR နည်းနဲ့ ကြိုးစားခဲ့လို့ Randall Champion ဟာ အသက်ချမ်းသာခွင့်ရခဲ့ပါတယ်

ဒီဓာတ်ပုံရိုက်ပြီး ဆုရသွားသူ က Rocco Morabito ပါ
______________________________

Shwe News ၏စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
ယောမင်းကြီး

No comments:

Post a Comment