Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 13, 2013

Box Office ဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် မတ်ဒေမွန်၏ ဇာတ်ကားသစ် Elysium ရပ်တည်




ဟောလိဝုဒ်၊ သြဂုတ် ၁၂

နာမည်ကျော် ဟောလိဝုဒ် သရုပ်ဆောင် မတ်ဒေမွန်ရဲ့ ဇာတ်ကားသစ် Elysium ဟာ အမေရိကန် Box Office ရဲ့ ဝင်ငွေအကောင်းဆုံး ဇာတ်ကား အဖြစ် ရပ်တည်နိုင်ခဲ့တယ်လို့ Reuters သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မတ်ဒေမွန် ပါဝင် သရုပ်ဆောင်ထားတဲ့ သိပ္ပံဆန်းကြယ် ဇာတ်ကား Elysium ဟာ သြဂုတ်လ ၉ ရက်နေ့တုန်းက စတင် ရုံတင် ပြသခဲ့ပြီး သုံးရက်တာ အတွင်းမှာ ဝင်ငွေ ဒေါ်လာ သန်း ၃၀ ကျော် ရရှိကာ Box Office ရဲ့ ဝင်ငွေ အကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။

မတ်ဒေမွန်ဟာ Elysium ဇာတ်ကားထဲမှာ ပျက်စီးနေပြီ ဖြစ်တဲ့ ကမ္ဘာမြေကြီးပေါ်မှာ နေထိုင်ရသူ တစ်ဦးဖြစ်တဲ့ မက်စ်အဖြစ် သရုပ်ဆောင် ထားပြီး Elysium လို့ခေါ်တဲ့ အာကာသ စခန်းပေါ်က ရောဂါ မရှိ၊ ဆာလောင် မှု မရှိ နေထိုင်ခွင့်ရနေသူတွေနဲ့ အန္တရာယ် ထူပြောတဲ့ ကမ္ဘာပေါ်မှာ နေထိုင်ရ သူတွေကြား တန်းတူ အခွင့်အရေး ရဖို့ တိုက်ပွဲဝင်မှာ ဖြစ်ပါတယ်။

Elysium ဇာတ်ကားဟာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း စတင် ပြသတဲ့ အခြား ဇာတ်ကားသစ် သုံးကားဖြစ်တဲ့ We're the Millers၊ ကာတွန်းရုပ်ရှင် Planes နဲ့ Percy Jackson: Sea of Monsters ဇာတ်ကားတို့ကို ကျော်ဖြတ်ပြီး Box Office ဝင်ငွေ အကောင်းဆုံး ဇာတ်ကားအဖြစ် ရပ်တည် နိုင်ခဲ့တာ ဖြစ်ပါ တယ်။

လွန်ခဲ့တဲ့ တစ်ပတ်က Box Office မှာ နံပါတ် ၁ နေရာက ရပ်တည်နိုင်ခဲ့တဲ့ ဒင်ဇယ်လ်ဝါရှင်တန်နဲ့ မက်ခ်ဝဲလ်ဘတ်တို့ရဲ့ 2 Guns ဇာတ်ကားကတော့ နံပါတ် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ဟုခ်ျဂျက်မန်းရဲ့ Wolverine ဇာတ်ကားဟာလည်း နံပါတ် ၇ အထိ ဆင်းပေးလိုက်ရတာကို တွေ့ရပါ တယ်။

Elysium ဇာတ်ကားကို ဒါရိုက်တာ နေးလ်ဘလွန်ကမ့်ပ်က တာဝန်ယူ ရိုက်ကူးထားတာ ဖြစ်ပြီး အဓိက သရုပ်ဆောင်တွေအဖြစ် မတ်ဒေမွန်နဲ့ ဂျိုဒီ ဖော်စတာတို့က ပါဝင် သရုပ်ဆောင်ထားပါတယ်။
The Voice Weekly 

No comments:

Post a Comment