Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 20, 2013

အစားအသောက်တွေနဲ့ ပတ်သက်ရင် တရုပ်ကတင်သွင်းတဲ့ အစားအစာအချို့ ဝယ်မစားကြဖို့


ကင်ဆာဖြစ်စေနိုင်တယ်..............
အစားအသောက်တွေနဲ့ ပတ်သက်ရင် တရုပ်ကတင်သွင်းတဲ့ အစားအစာအချို့ ဝယ်မစားကြဖို့

၁။တရုတ်က သွင်းတဲ့ ဆိတ်သားခြောက် ဆိုရင် လုံးဝ ဝယ်စားဖို့ စိတ်မကူးပါနဲ့ တဲ့။ တရုပ်မှာ ဆိတ်သားဟာ တကယ့်ရှားပါးအစာပါ။ ဝက်သားကို ဓါတုဆေးတွေမထည့်ခင်မှာ အာသံ ဘက်က ဝယ်ပြီးလှောင်ထားတဲ့ ဆိတ်ကျင်ငယ်ရည်မှာ ၃၊၄ ရက်စိမ်ပြီး အခြောက်လှမ်းပြီးမှ အပူပေး ဆိတ်သားခြောက်ဖြစ်စေပါသတဲ့။

၂။မြီးရှည်ဆိုတာ တရုပ်စကားနဲ့ခေါ်တဲ့ မုန့်ဟင်းခါးဖတ်ပါ။ ဆန်နဲ့လုပ်ထားတဲ့ မုန့်ဖတ် အလုံး အကြီး အသေးမှန်သမျှကို တရုပ်တွေက မြီးရှည်လို့ဘဲခေါ်ပါတယ်။ အဲဒီမုန့်ဖတ် ရယ်ဒီမိတ် တွေ
ဟာ တချို့ မုန့်တီဆိုင်တွေက အပြုတ်ခံတယ်၊အလုံးလှတယ်၊ရောင်းပန်းလှပြီး အနံ့ အသက် မွှေး တယ်ဆိုပြီး သုံးကြပါသတဲ့။ အမှန်တော့ အဲဒီမြီးရှည်တွေဟာ ပလပ်စတစ်တွေပါတဲ့။ ကုန်တိုက်တွေ မှာတင်တဲ့ ရယ်ဒီမိတ်တွေကိုမှ သန့်တယ်ဆိုပြီး ကုန်တိုက်တွေမှာသာ ဈေးဝယ်လေ့ရှိတဲ့ လူတန်းစားသစ်တရပ် မြန်မာပြည်မှာ ပေါ်လာတာ မကြာသေးပါဘူး။ ချင့်ချိန်ဆင်ခြင်ပြီးမှသာ သုံးစွဲသင့်ပါတယ်။

၃။ ပင်လယ်ရေညှိဆို အခုတလော မြန်မာပြည်မှာ သိပ်ပေါ်ပြူလာဖြစ်တာဘဲဆိုပြီး ဟိုတလောက ဘန်ကောက်ကို ရှော့ပင်လာတဲ့ သားအမိတစ်စုက ပြောသွားပါတယ်။ ကိုရီးယားကားကြည့်ရင်း ပင်လယ်ရေညှိလေးဝါးရင်း ဆိုဘဲ။ ကောင်းပါတယ်။ မကောင်းတာကတော့ အဲဒီပင်လယ်ရေညှိကို ပလပ်စတစ်ကျွတ်ကျွတ်အိပ် ကို ပိုကျွတ်အောင် ဓါတုဆေးစိမ်ပြီး အစစ်နဲ့ ရောပြီး ထုတ်လုပ် ပါသတဲ့။ ခေတ်မှီတိုးတက်လာတာနဲ့အမျှ ပလပ်စတစ်လဲ ဗိုက်ထဲ အစာအဖြစ်ရောက်နေပါပြီ။

၎။ နောက်ဆုံးတခုကတော့ အများသိကြတဲ့ ပလပ်စတစ်ကြက်ဥပါ။ သိပြီးသား ဟိုးလေးတကျော် ဆိုတော့ အကျယ်ချဲ့မရေးတော့ပါ။

ဒါတွေအားလုံး တရုပ်ပြည်မှာ အချင်းချင်းလိမ်ရောင်းတဲ့ အပြင် နယ်စပ်ကနေ မြန်မာပြည်ကို သွင်းပါသတဲ့။

ဒီကောင်တွေ ပြောတာ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ ဘာပြန်ပြော ရမှန်းမသိ ဖြစ်နေတုန်း မှာဘဲ တစ်ခါက သူငယ်ချင်းတစ်ယောက်ရဲ့ ဘုရင့်နောင်က ရေထွက်ကုန်ပွဲရုံမှာ ကိုယ်တိုင် မြင်ဖူး တာလေး ကိုရုတ်တရက် ကောက်ခနဲသတိရလာလို့ ပြောပြလိုက်ပါတယ်။

အဲဒီပွဲရုံက တရုပ်ကို ပင်လယ်ရေထွက်ကုန်ခြောက်ပို့တာပါ။ ငါးမန်းတောင်တွေပါ။ အရမ်းမဲသဲနေပြီး ညှီပါတယ်။ တရုပ်တွေ အရမ်းနှစ်သက်ပါတယ်။ နှစ်ကူးမှာလည်း အထူးတလည် ဟင်းချို လုပ်သောက် ပါတယ်။ သံစည်ပိုင်းကြီးနဲ့ အပြည့် ရေထဲကို ဓါတုဆေးရည် တစ်စက် နှစ်စက်
ရောထည့်ပြီး မဲသဲနေတဲ့ ငါမန်းတောင်တွေကို ထည့်စိမ်ပြီးဆွဲထုတ်ချလိုက်တာ ချက်ချင်း ဖြူဖွေး သွား ပါလေရောဗျာ။

အဲဒီငါးမန်းတောင်ကို နင်တို့ဘို့ကလွဲပြီး ဘယ်သူ့မှ မရောင်းဘူးလို့။

(ကိုဇော်)

No comments:

Post a Comment