Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, August 20, 2013

အိုင် ယာ လန်

အိုင် ယာ လန် ဆို တာ နဲ့ ဘီ ယာ ကို လည် တွဲ သိ တတ် ကြ ပါ တယ် ။ ကမ္ဘာ အနှံ့ အပြား မှာ Irish pub တွေ ရဲ့ လွှမ်း မိုး မှု က သေး မှ မ သေး ဘဲ ကိုး ။ တစ် နိုင် ငံ လုံး ပေါင်း မှ လူ ဦး ရေ ငါး သန်း တောင် မပြည့် ချင် တဲ့ အိုင် ယာ လန် ယာ ဥ ရော ပ မှာ ဘီ ယာ သောက် သုံး မှု အများ ဆုံး တိုင်း ပြည် တွေ ထဲ စတုတ္ထ စွဲ ပါ သတဲ့ ။ သူ့ ရှေ့ မှာ Czech republic , ဂျာ မနီ , သြစ တြီး ယား တို့ ရှိ ပြီး သူ့ နောက် မှာ ကပ် လိုက် နေ တာက တော့ သူ့ ထက် လူ ဦး ရေ အဆ ပေါင်း များ စွာ ရှိ တဲ့ UK ပါ ဘဲ ။

အိုင် ယာ လန် ဟာ ဘီ ယာ ကို သောက် ရုံ တင် မက ဘဲ သမိုင်း တ လျှောက် က ယ နေ့ အ ထိ အကြီး အကျယ် ဘီ ယာ ထုတ် လုပ် ခဲ့, ထုတ် လုပ် နေ ဆဲ နိုင် ငံ တစ် ခုပါ ။ နိုင် ငံ ပေါင်း ( ၆၀ ) ကျော် မှာ စ က် ရုံ ဖွင့် ထုတ် လုပ် ပြီး နိုင် ငံ ပေါင်း တစ် ရာ ကျော် မှာ ရ နိုင် တဲ့ ဂီးနက်စ် ( Guinness ) အမည်ရ Stout ဘီ ယာ ဟာ အိုင် ယာ လန် မှာ မူ ရင်း အ ခြေ စိုက် စက် ရုံ ရှိ တာ ပါ။ Larger ဘီ ယာ ဟန် နီ ကယ် ဟာ အိုင် ယာ လန် မှာ ဈေး ကွက် အကြီး ဆုံး ရ ထား တယ် လို့ သိ ရ ပါ တယ် ။ တ ခြား သော ဘီ ယာ ဈေး ကွက် တွေ လည်း ရှိ ပါ သေး တယ် ။

ဒီ တော့ pub လို့ အ တို ခေါ် ကြ တဲ့ Public house တွေ ဟာ အိုင် ယာ လန် အ နှံ့ အ ပြား မှာ မှို လို ပေါက် နေ ပါ တယ် ။ pub ပိုင် ရှင် တွေ ကို ရိုး ရာ အား ဖြင့် publican လို့ ခေါ် ပါ တယ် ။ ၁၉၆၀ မ တိုင် မီ အိုင် ယာ လန် မှာ စူ ပါ မား ကတ် တွေ မ ရှိ ခင် သေး ခင် က အဲ ဒီ pub တွေ ကို spirit grocery လို့ ခေါ် ပါ သတဲ့ ။ အ ကြောင်း က တော့ အ ရက် ( spirit ) အပြင် တ ခြား သော ကုန် ပစ္စည်း ( grocery ) တွေ ကို ပါေ ရာင်း လို့ ပါ ဘဲ ။

၁၈ ရာစု မတိုင် မီ က အ နောက် ကမ္ဘာ မှာ အရက် သောက် တဲ့ လူ တွေ အ လွန် များ ခဲ့ပါ တယ် ။ နောက် ပိုင်း မှာ တော့ အရက် ရဲ့ ဆိုး ကျိုး ကို သ ဘော ပေါက် လာ ကြ ရာ က နေ အ ရက် ဆန့် ကျင် ရေး လှုပ် ရှား မှု ( Temperance Movement ) ဆို တာ အ မေ ရိကန် ပြည် နယ် တစ် ခု မှာ စ ပေါ် ပေါက် လာ ပါတယ် ။ အ မေ ရိ ကန် က နေ UK ကို ပြန့် နှံ့ သွား ပြီး တခြား နိုင် ငံ တွေ မှာ လည်း အ ရက် ဆန့် ကျင် ရေး လှုပ် ရှား မှုေ တွ ပေါ် ပေါက် လာ ပါ တော့ တယ် ။

ဒီ Temperance Movement ရဲ့ အ ရှိန်ေ ကြာင့် အိုင် ယာ လန် မှာ လည်း အ ရက် နဲ့ ဆိုင် တဲ့ လုပ် ငန်း တွေ ကို ထိ ခိုက် လာ ခဲ့ပါ တယ် ။ င်္ဒီ တော့ publican တွေ တော် တော် များ များ ဟာ လ ည်း တ ခြား သော လုပ် ငန်း တွေ ဘက် ကို လှ ည့် သွား ခဲ့ ကြ ရ ပါ တယ် ။ အ ခု ရှိ နေ တဲ့ pub တွေ က တော့ အရင် လို grocery ရောင်း တာ မျိုး တွေ မ ရှိ တော့ ဘဲ ဘီ ယာ အ ရက် စ တာ တွေ ကို သာ ရောင်း တဲ့ လူ ငယ် တွေ လူ လတ် ပိုင်း တွေ အ လာ များ ရာ နေ ရာ ပါ ။

ကု လ သမ္မဂ က နှစ် စဉ် ထုတ် ပြန် တဲ့ human development index အ ရ အိုင် ယာ လန် ယာ ၂၀၁၃ မှာ လည်း က မ္ဘာ့ ဖွန့် ဖြိုး မှု အ ရှိ ဆုံး ထိပ် ဆုံး နိုင် ငံ များ မှာ ပါ ပါ တယ် ။ တ ဖက် က လည်း အိုင် ယာ လန် မှာ ခေတ် အဆက် ဆက် ဘီ ယာ ရဲ့ ကောင် တွေ ဖြစ် သွား ရသူ တွေ နည်းမယ် မထင် ပါဘူး ။ data နဲ့ အတိအကျ မသိ ပေ မယ့်  ဒီ နေ့ ည နေ စောင်း ဒပ်ဘလင် မြို့ အ နှံ့ေ ခြ ဆန့် ကြည့် ရ သ လောက်က တော့ လမ်း မှာ ဆေး စွဲ နေ ပုံ ပေါ် သူ တွေ , အ ရက် မူး နေ တဲ့ လူ တွေ မ ရှား လှ ပါ ဘူး ။

မြို့တိုင်း မှာ မူး ယစ် ဆေးနဲ့ အ ရက် ကြောင့် ဘဝ ပျက် နေ သူ တွေ ရှိ တတ် ပေ မယ့် လူ ဦး ရေ ငါး သိန်း လောက် သာ ရှိ တဲ့ ချမ်း စိမ့် စိမ့် ပိ ပြား ပြား ဒပ် ဘ လင် မြို့ က လေး က လေး ရဲ့ နေ ဝင် ရီ သ ရော မှာ ဒီ လို ရီ ဝေ နေ တဲ့ လူ ငယ် လေး တွေ ကို တွေ့ ရ တာ က တော့ ခပ် ဆန်းဆန်း feel တစ် ခု ပါဘဲ။ ဘယ် လို ဆန်း သ လဲ ဆို တာ က တော့ နောက် နေ့ တွေ မှ ဘဲ ဆန်း စစ် ကြည့် နိုင် မယ် ထင် ပါ ရဲ့ ။ ဒီ နေ့ အ ဖို့ က တော့ ဒီ လောက် သာ ပါ ဘဲ ။

No comments:

Post a Comment