Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 15, 2013

“လင်မယားဖြစ်ရခြင်း အခြေခံအကြောင်းရင်း (၂) မျိုး”


Thursday, August 15, 2013

(၁) - ပုဗ္ဗသန္နဝါသ - ရှေ့ဘဝဘဝမှ လင်မယားဖြစ်ခဲ့ရဖူးသောကြောင့် လင်မယားဖြစ်ရ၏။

(၂) - ယခုဘဝတွင် တစ်ဦး၏အကျိုးကို တစ်ဦးက စေတနာအပြည့်နှင့် သယ်ပိုးဆောင်ရွက်ခဲ့ဖူးခြင်းကြောင့် လင်မယားဖြစ်ရ၏။

အောက်ပါအချက်များနှင့် တူညီတဲ့ အကြင်လင်မယားဖြစ်ပါက

- သမ္မသဒ္ဓါ - သဒ္ဒါတရားချင်းတူညီ

- သမသီလာ - အကျင့်ချင်းလည်းတူညီ

- သမဓဂါ - စွန့်ကြဲပေးကမ်းမှုချင်းလည်း တူညီ

- သမပညာ - အယူအဆ၊ အတွေးအခေါ်ပညာချင်းလည်း တူညီမည်ဆိုပါက

ဤလင်မယားသည် ယခုဘဝတွင် ကွဲကွာခြင်းမရှိသည့်အပြင် ယခုလက်ရှိဘဝတွင်သာမက နောက်ဘဝဆက်ဆက်တိုင်အောင်

(၁) - အကျိုးစီးပွား တိုးတက်ခြင်း

(၂) - ကိုယ်ချမ်းသာ စိတ်ချမ်းသာ နေထိုင်ရခြင်း

(၃) - ရန်သူများ မနှိပ်စက်နိုင်ခြင်း

(၄) - မှန်ကန်သော တရားကို ကျင့်ကြံနိုင်ခြင်း

စသည့်အကျိုးတရားများကို ရရှိနိုင်ပေသည်ဟု ဘုရားရှင် က ဟောကြားတော်မှုခဲ့ပေသည်။

ကြည်ညိုမဆုံး နှလုံးအေးမြ မြတ်ဗုဒ္ဓ

Credit - (copy from စာအုပ်စာပေ လူ့မိတ်ဆွေ) ဧခ သာ

နှလုံးသားအာဟာရ

No comments:

Post a Comment