Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 26, 2013

ခြေဖနောင့် အသားမာတက်ခြင်း အတွက် သဘာဝကုထုံး


By Good Health

ခြေဖနောင့် အရေပြား ခြောက်သွေ့ပြီး အသားမာတက်နေတဲ့အခါ အိမ်မှာပဲ လွယ်ကူတဲ့ နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။ သကြားသကြားခွက်ရဲ့ လေးပုံသုံးပုံကို စန္ဒကူး၊ ပူရှိန်း စတဲ့ အဆီတစ်မျိုးမျိုးနဲ့ ရောမွှေပြီး ခြေဖနောင့် အသားမာနေရာပေါ်မှာ သုတ်လိမ်းပြီး ညင်ညင်သာသာ ကြေးချွတ်ပွတ်တိုက်ပေးပါ။ ချောမွေ့နူးညံ့တဲ့ အရေပြားဖြစ်အောင် ပွတ်တိုက်ပြီးမှ သန့်စင်ပေးပါ။

နာနတ်သီး

နာနတ်သီးကို အခွံနွှာပြီး ခြေဖနောင့် အသားမာ နေရာတွေပေါ် သုတ်လိမ်းပေးနိုင်ပါတယ်။ နာနတ်သီးထဲမှာ ပါတဲ့ အင်ဇိုင်းနဲ့ အက်စစ်ဓာတ်ဟာ ခြေဖနောင့်အသားမာကို ကင်းစင်စေပါတယ်။

အုန်းဆီ

ခြေဖနောင့်အသားမာမှာ အုန်းဆီ၊ သံလွင်ဆီ၊ နှမ်းဆီ၊ ကြက်ဆူဆီ အစရှိတဲ့ ဆီတစ်မျိုးမျိုးကို လိမ်းပေးရင်လည်း အသားမာ ကင်းစင်စေပါတယ်။

ဇွန်
http://news.yatanarpon.com.mm/news/news-84438

No comments:

Post a Comment