Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 26, 2013

ဇော်ဝင်းထွဋ်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲ ထပ်မံကျင်းပမည်


ဘုန်းနေလ (ဒဂုံတက္ကသိုလ်) | တနင်္လာနေ့၊ သြဂုတ်လ ၂၆ ရက် ၂၀၁၃ ခုနှစ် ၁၁ နာရီ ၂၇ မိနစ်

ရော့ခ်အဆိုတော်ကြီး ဇော်ဝင်းထွဋ်၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောက်တိုဘာ ၅ ရက်တွင် အမျိုးသား ကဇာတ်ရုံ တွင် ည ၇ နာရီ၌ ကျင်းပမည်ဖြစ်သည်။ ယင်းဖျော်ဖြေပွဲသည် ဇော်ဝင်းထွဋ်၏ ဂီတသက်တမ်း နှစ် (၃၀) ပြည့် ဖျော်ဖြေပွဲဖြစ်ပြီး ဇော်ဝင်းထွဋ် နှင့်အတူ Idiots ၊ ချမ်းချမ်းတို့က ပါဝင်ဖျော်ဖြေမည်ဖြစ်သည်။

“ဒီပွဲမှာ ကိုညီထွဋ်အရင်တုန်းကအောင် မြင်ကျော်ကြားခဲ့တဲ့ သီချင်းတွေလည်းပါမယ်။ ကိုညီထွဋ်ကသီချင်း ၃၀ကျော်
လောက်ဆိုပြီး ချမ်းချမ်းနဲ့ စုံတွဲငါးပုဒ်ဆိုမှာပါ။ ကိုညီထွဋ်အနေနဲ့ အရင်ကတွဲဆိုခဲ့ဖူးတဲ့ မိန်းကလေး အဆိုတော်တွေနဲ့ မတူတဲ့သီချင်းတွေကို ဆိုမှာပါ”ဟု Myanmar Media Management မှ ကိုစည်သူက ဆိုသည်။

ယင်း Rock Concert တွင် ယခင်ခေတ်ဟောင်းမှ သီဆိုခဲ့သည့် သီချင်းများကိုလည်း ခေတ်ဟောင်းဂီတ ပစ္စည်းများဖြင့် တစ်နာရီကြာတင်ဆက်မည်ဖြစ်သည်။ ဒါ့အပြင် သားဖြစ်သူအီတိုးကလည်း ယင်းဖျော်ဖြေပွဲတွင် ပါဝင်တီးခတ် မည်ဖြစ်သည်။ လက်မှတ်များကို ကျပ် ၃၀၀၀၀၊ ၂၀၀၀၀၊ ၁၀၀၀၀ ဖြင့် သတ်မှတ်ထားသည်။

Mizzima - News in Burmese

No comments:

Post a Comment