Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 15, 2013

မြန်မာတွင် အချိုမှုန့်စက်ရုံများ ပြန်လည်ဖွင့်လှစ်ရခြင်း၏ အကြောင်းအရင်း


အချိုမှုန့်(MSG)ဆိုတာ မိုနိုဆိုဒီယမ် ဂလူတမိတ် ကိုဆိုလိုတာဖြစ်ပြီး ဂလူတမိတ်အက်ဆစ်တစ်မျိုးဖြစ်ပါတယ်။ဂလူတမိတ်အက်ဆစ်ဆိုတာ အမိုင်နိုအက်ဆစ် ဒြပ်ပေါင်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ခန္ဓာကိုယ်အတွက် ပရိုတင်းအဖြစ်ပြောင်းလဲထုတ် ပေးပါတယ်။အရွယ်ရောက်ပြီးလူတစ်ယောက်အနေနဲ့ တစ်နေ့ကို ပရိုတင်းလိုအပ်မှုဟာ ၁၀၀ မီလီဂရမ် လိုအပ်ပါတယ်။ပျမ်းမျှခြင်းတစ်နေ့ကို ဂလူတမိတ်အက်ဆစ် ၂၀ ဂ၇မ် ၃၀ ဂရမ်နီးပါးကို အစားအသောက်တွေကနေရရှိပါတယ်။

တခြားတစ်ဖက်ကကြည့်ရင်တော့ အားလုံးသောခန္ဒာကိုယ်အကျိုးပြု ပရိုတင်းတွေ၊ဆီတွေ၊ဗိုက်တာမင်တွေနဲ့ သတ္တုဓါတ်တွေဟာ ပိုသုံးရင် အန္တာရာယ်ဖြစ်စေတာချည်းပါပဲ။အချိုမှုန့်ရဲ့ သေနိုင်တဲ့ သုံးစွဲတဲ့ပမာဏ ဟာ ဆားထက်စာရင် အဆ ၃၀ လျော့နည်းပါတယ်။ပြောချင်တာကတော့ ဆားက အချိုမှုန့်ထက် ပိုမို အန္တာရာယ်ရှိပါတယ်။အဓိကအရေးကြီးတာကတော့ သတ်မှတ်နှုန်းထားထက်ပိုမိုစားသုံးဖို့မသင့်တာပါ။ပြီးတော့ လွဲလွဲမှားမှား အသုံးပြုနေတာတွေပါ။။ဥပမာ - ဒီအတိုင်းစားသုံးဖို့မသင့်ပါဘူး။ရေထဲကို ဆားထည့်၊အချိုမှုန့်ထည့် အ၇င်ဖျော်ပြီးမှ ဟင်းလျာတွေထဲကို ထဲ့ရမှာပါ။ပြီးတော့ ဟင်းကို ချက်နေတဲံအချိန်မှာ ပူပူနွေးနွေးမထည့် သင့်ပါဘူး။

ကျွန်တော်တို့ နိုင်ငံမှာ အချိုမှုန့်ထုတ်လုပ်ဖို့ နည်းပညာတွေနဲ့ ကုန်ကြမ်းပစ္စည်းတွေ အများကြီးရှိပါတယ်။အချို့စက်ရုံတွေဆိုရင် တည်ဆောက်ပြီး ရင်းနှီးမြှုပ်နှံမှုတွေကလဲ အသင့်အနေအထားဖြစ်နေပါပြီ။
ဒါဆိုရင်ဘာဖြစ်လို့ ထုတ်လုပ်မှုတွေကို ရပ်တန့်ပြီး နိုင်ငံခြားကနေ တင်သွင်းနေလဲဆိုတာ. . .

No comments:

Post a Comment