Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 15, 2013

မင်သော်ပါဝင်သောစီးကရက်များကသာမန်စီးကရက်များထက် ကျန်းမာရေးပိုထိခိုက်စေ



အမေရိကန် အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေး US FDA မှ သိပံ္ပနည်းကျလေ့လာမှုများအပြီး ထုတ်ပြန်ချက်တစ်ခုအရ မင်သော် အရသာစီးကရက်များက သာမန် စီးကရက်များထက် ကျန်းမာရေးကို ပိုမိုထိခိုက်စေကြောင်း သိရသည်။ FDA ၏ စစ်တမ်းများအရ အမေရိက ၌ တစ်နှစ်လျှင် ဆေးလိပ်နှင့်ဆေးရွက် ကြီးသုံးစွဲမှုကြောင့် သေဆုံးသူ ၄၀ဝ၀ဝ၀ ခန့်ရှိကြောင်း သိရသည်။ အရွယ် ရောက်ပြီးသူဆေးလိပ်သောက်တတ် သူများ၌ မင်သော်ပါဝင်သော စီးကရက် သောက်သုံးသူ ၃၀%ခန့်ရှိပြီး ငယ် ငယ်ရွယ်ရွယ် စီးကရက်သောက်တတ် သူများ၌ မင်သော်စီးကရက် သောက် သုံးသူ ၄၀%ရှိကြောင်း သိရသည်။ မင်သော်ပါဝင်သောစီးကရက် သောက် သုံးခြင်းက စီးကရက်စွဲသည့်အကျင့် ကို ပိုမိုပြင်းထန်ပြီး နီကိုတင်းကို မှီခို သည့်လက္ခဏာများ ပိုမိုဖြစ်ပွားစေ ကာ ဆေးလိပ်ဖြတ်ရာ၌ အခက်အခဲ များကို ပိုမိုကြုံတွေ့စေကြောင်း သိရ သည်။
မိုင်ကိ


ွှThanks to Health Updates Journal

No comments:

Post a Comment