Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 4, 2013

မန်း တံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကျွေးနေသူမိန်းကလေးအား မုဒိမ်းကျင့် လုယက်သတ်ဖြတ်ခဲ့သူအား သေဒဏ်ချမှတ်


Popular Myanmar News Journal
မန္တလေး- သြဂုတ် ၎

မန္တလေးတံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကျွေးနေသူမိန်းကလေးအားမုဒိမ်းကျင့် လုယက်သတ်ဖြတ်ခဲ့သူအား ကျောက်ဆည်ခရိုင်တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ အသက် ၇၀ကျော် မိခင်အား အကြော်ရောင်း ကျုံရာကျပန်းအလုပ်များဖြင့် လုပ်ကိုင်ကြွေး မွေးနေသော မစန်းစန်းဝင်း(ခ)မဂွတိုအား တရားခံ တပ်ပြေး အောင်စိုး သည် ၂၀၁၃ခုနှစ် မတ်လ ၈ရက် နေ့တွင် တံတားဦးမြို့မြင်းဝန်းသုသန်ထဲတွင် မုဒိမ်းကျင့်ကာ လူသတ်ခဲ့ပြီး အလောင်းမှ နားကပ်၊ လက်စွပ်တို့ အား ခိုးယူခဲ့ပြီး အဆိုပါတရားခံအား အဆိုပါနေ့တွင် မြို့သာမြို့အရှေ့ဘက် ရွာသစ်ကျေးရွာတွင်ဖွင့်လှစ်ထား သည့် လက်ဖက်ရည်ဆိုင်တွင် သက်သေခံပစ္စည်းနှင့်အတူ နေ့တွင်းချင်းဖမ်းမိခဲ့သည်။
၎င်းမှာ တပ်မှ ထွက်ပြေးလာသော ဒုတပ်ကြပ်ကြီးတစ်ဦးဖြစ်သောကြောင့် စစ်ဘက်ဆိုင်ရာ တရားရုံး တွင် စစ်ဆေးမည်ကို မြို့ခံများက စိုးရိမ်သောကြောင့် အရပ်ဘက် တရားရုံးတွင်သာ စစ်ဆေးလိုကြောင်း စာတန်းများ၊ သေဒဏ်ပေးစေလိုသောစာတန်းများကို ကိုင်ဆိုင်ကာ တံတားဦးရဲစခန်းရှေ့တွင် မတ်လအတွင်း က ဆန္ဒထုတ်ဖော်ခဲ့ကြသေးကြောင်းမြို့ခံတစ်ဦးကပြောသည်။
သေဆုံးသူ မစန်းစန်းမြင့်(ခ)မဂွတိုမှာ အသက်၇၀ကျော် မျက်မမြင်မိခင်အား လုပ်ကျွေးနေပြီး အတန်း ပညာကောင်းစွာမရှိခြင်း၊ စကားမပီခြင်း ခေါင်းရွက်ဈေးသည်အဖြစ် ဈေးလှည့်လည်ရောင်းချကာ ကြုံရာကျပန်းအလုပ်လုပ်ကိုင် ခြင်းတို့ကြောင့် စာနာစိတ်ဖြင့် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။
တံတားဦးမြို့နယ်ရဲစခန်းမှ တရားခံအောင်စိုး(၂၅)နှစ်အား (ပ) ၁၄/၂၀၁၃ ပုဒ်မ ၃၉၂/၃၀၂/၃၇၆တို့ဖြင့် စွဲချက်တင်ခဲ့ပြီး ကျောက်ဆည်ခရိုင်တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှု ကြီးအမှတ် ၇/၂၀၁၃ ပုဒ်မ ၃၀၂/၁၁(ဂ)အရ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ဖိုးလပြည့်

No comments:

Post a Comment