Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 29, 2013

မြန်မာအလှမယ် ခင်ဝင့်ဝါ ဒုတိယမဲအများဆုံး ရနေ့ 

 
အရှေ့ဥရောပ BELARUS ဘေလာရွတ် နိုင်ငံတွင် ကျင်းပနေသည့် Miss Supranational 2013 အလှမယ် ပြိုင်ပွဲသို့ မြန်မာနိုင်ငံမှ မခင်ဝင့်ဝါ ဝင်ရောက်ယှဉ်ပြိုင် လျှက်ရှိပြီး အွန်လိုင်း နှင့် Facebook သုံးစွဲကြသော မြန်မာပရိသတ်၏ လှုံ့ဆော် မဲပေးမှုကြောင့် မခင်ဝင့်ဝါ သည် ဒုတိယ မဲအများဆုံးဖြင့် ထိပ်တန်းပြေးလျှက်ရှိသည်။

ပထမ မဲအများဆုံးမှာ လူဇင်းဘတ်နိုင်ငံသူ Paulmier Heloise ဖြစ် သည်။ ဒီသတင်းရေးနေချိန်ထိ Ms. Paulmier Heloise မှာ မဲအရေ အတွက် ( ၁ သိန်း ၆ သောင်း) နီးပါးရရှိနေပြီး မခင်ဝင့်ဝါမှာ မဲအရေ အတွက် ( ၁ သိန်း ၃သောင်း) ကျော်ရရှိနေသည်။


အိမ်နီးချင်း နိုင်ငံများမှ တရုတ်အလှမယ် Liu Qiang မှာ (၆၆)မဲ ၊ ဖိလစ်ပိုင်မယ် Mutya မှာ မဲ (၅ သောင်း)ကျော် ၊ ထိုင်းနိုင်ငံမှ အလှမယ် Thanyaporn မှာ မဲ(၅သောင်း)နီးပါး နှင့် ရုရှားအလှမယ် Yana မှာမဲ (၆ သောင်း)ကျော် ရရှိနေသည်။ မဲအများဆုံး ရသူကို Miss Supranational 2013 အဖြစ် ရွေးချယ်ပြီး စက်တင်ဘာလ (၆)ရက် နေ့တွင် ကြေညာမည်ဖြစ်သည်။

မဲပေးလိုသူများ အောက်ပါလင့်ခ်ကို နှိပ်ကြရန် မခင်ဝင့်ဝါမှ သူမ၏ Facebook တွင် ဆော်သြ ထားသည် ။ အောက်ပါ Link ကိုနှိပ်ပြီး အနီရောင် စာလုံး Голосовать ကို နှိပ်ခြင်းဖြင့် Vote ပေးနိုင်သည်ဟု ဆိုသည်။ သြဂုတ်လ ၂၆ ရက်နေ့က စပြီး မဲစပေးခဲ့တာဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ ၁၂း၀၀ နာရီ အချိန်ထိ မဲပေးလို့ ရသည်ဟု သိရသည်။ NWA/ BURMA-NEWSELITE


http://lady.tut.by/news/supranational-2013/363296.html?fb_action_ids=503337963086202&fb_action_types=og.recommends&fb_source=aggregation&fb_aggregation_id=288381481237582
 

No comments:

Post a Comment