CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, August 3, 2013
ကလေးများ ဓာတုပစ္စည်း အန္တရာယ် လျော့ကျစေရန်
03 AUGUST 2013 | BY GOOD HEALTH
ကလေးတွေဟာ ကိုယ်ခံစွမ်းအား စနစ် အလုံအလောက် မဖွံ့ဖြိုးသေးတဲ့ အတွက် ဓာတုပစ္စည်းတွေရဲ့ ဒဏ်ကို ပိုမိုခံရ နိုင်ပါတယ်။ ဓာတုပစ္စည်းနဲ့ ထိတွေ့မှုများတဲ့ ကလေးတွေဟာ ကျန်းမာရေး ထိခိုက်မှု များတဲ့အတွက် ကလေးတွေ ဓာတုပစ္စည်းနဲ့ ထိတွေ့မှု အန္တရာယ် လျော့ကျစေဖို့ မိဘနဲ့ အုပ်ထိန်းသူတိုင်း လိုက်နာသင့်တဲ့ အချက်တွေကို ရေးသား လိုက်ရပါတယ်။
အိမ်လုပ် အစားအသောက်များကို ဦးစားပေးပြီး ကျွေးပါ
ကလေးတွေအတွက် အကောင်း ဆုံးကတော့ အိမ်မှာ စိုက်ပျိုးထားတဲ့ ဩ ဂဲနစ်အပင်ထွက် ဟင်းသီးဟင်းရွက်၊ သစ် သီးဝလံတွေကို ချက်ပြုတ်ပြင်ဆင်ပြီး ကျွေးတာပဲ ဖြစ်ပါတယ်။ ဈေးက ဝယ် လာတဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ တွေကို ရှလကာရည်တစ်ဆ၊ ရေကိုးဆ ရောပြီး သေချာဆေးကြောပေးပါ။ ဒါဆို ရင် ကလေးတွေအနေနဲ့ ပိုးသတ်ဆေး ထိတွေ့မှုကို လျော့ကျစေနိုင်ပါတယ်။
ငါးကို ဂရုစိုက်ပြီး ကျွေးပါ
ကလေးတွေ အတွက် ငါးအကောင် သေးတွေက အန္တရာယ်ကင်းပါတယ်။ ငါး က ကြီးလေလေ၊ ပိုးသတ်ဆေးနဲ့ ပြဒါး လို အပြင်းစားသတ္တုတွေနဲ့ ထိတွေ့မှု မြင့် မားလေလေဖြစ်တာကြောင့် ကလေးကို အကောင်သေးတဲ့ ငါးကို ဦးစားပေးပြီး ကျွေးပါ။
သန့်စင်ထားသော ရေကိုတိုက်ပါ
ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတုပစ္စည်းထိတွေ့မှုကို လျော့ ကျစေဖို့ စစ်ထားတဲ့ရေနဲ့ သန့်စင်ထားတဲ့ ရေ သောက်ပါ။
အိမ်ကို သဘာဝနည်းဖြင့် ရှင်းလင်းပါ
ဆော်ဒါမှုန့်၊ ရှလကာရည် စတာ တွေနဲ့ အိမ်သန့်ရှင်းရေး ပြုလုပ်ပါ။ ဓာ တုပစ္စည်းပါဝင်မှုများတဲ့ အဆိပ်ရှိသန့်စင် ပစ္စည်းတွေဟာ ဓာတ်မတည့်မှုကို ဖြစ် စေနိုင်သလို ပန်းနာရင်ကျပ်ရောဂါ ထ စေနိုင်ပါတယ်။ ဒါ့အပြင် အင်ဒိုခရိုင်းစ နစ်ကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတွေ ပါ ဝင်ပြီး ကျန်းမာရေး ထိခိုက်စေနိုင်ပါတယ်။
အိမ်တွင်း ပလပ်စတစ် အသုံးပြုမှု လျော့ချပါ
ပလပ်စတစ်ဘူး၊ ပလပ်စတစ်ခွက်နဲ့ ပလတ်စတစ်နဲ့ ထုပ်ပိုးထားတဲ့ အ စားအသောက်ဘူးတွေမှာ ဓာတုပစ္စည်း တွေ ပါဝင်နေပါတယ်။ ဒါကြောင့် ကလေး ကို ကျွေးတဲ့အခါ ဖန်ထည်အမျိုးအစား ကိုပဲ သုံးပါ။
အိမ်တွင်း ဥယျာဉ်စိုက်ပျိုးပါ
အိမ်တွင်း သစ်ပင်ပန်းမန်တွေ စိုက် ပျိုးတာက လေထုညစ်ညမ်းမှု ကင်းစင် စေပြီး လေကောင်းလေသန့် ရရှိစေပါ တယ်။
အရုပ်များကို သတိထားပါ
ပလတ်စတစ် အရုပ်တွေမှာ phthlates ဓာတ်ပါဝင်တာကြောင့် ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သစ်သား၊ ပိတ်စ၊ သဘာဝအမျှင်နဲ့ စက္ကူ တွေနဲ့ ပြုလုပ်ထားတဲ့ အရုပ်တွေက ပလတ် စတစ်အရုပ်တွေထက် ပိုပြီး အန္တရာယ် ကင်းပါတယ်။
ချက်ပြုတ်နည်းကို ဆင်ခြင်ပါ
ကင်တဲ့နည်းနဲ့ ဆီနဲ့ ကြော်တဲ့ နည်း ထက် ပြုတ်တဲ့ နည်း၊ ပေါင်းတဲ့ နည်းတွေ ကို သုံးပြီး ဟင်းလျာတွေကို ပြင်ဆင်ပြီး ကျွေးသင့်ပါတယ်။
တစ်ဆင့်ခံ ဆေးလိပ်အန္တရာယ်ကို သတိပြုပါ
ကလေးတွေကို ဆေးလိပ်ငွေ့ မရူဖြစ်စေဖို့ ကလေးရှေ့မှာ ဆေးလိပ်မသောက် ပါနဲ့။ ဆေးလိပ်သောက်နေသူနားမှာ က လေးကို မထားသင့်ပါ။
ဆရာဝန်၏ ညွှန်ကြားချက်ဖြင့်သာ ကလေးကို ဆေးတိုက်ပါ
ကလေးတွေကို ဆေးတိုက်တဲ့ အခါ၊ အထူးသဖြင့် ပဋိဇီဝပိုးသတ်ဆေးတွေကို တိုက်တဲ့အခါ ဆရာဝန် ညွှန်ကြားမှသာ တိုက်ပါ။ ချောင်းဆိုးပျောက်ဆေးရည်၊ ငုံ ဆေး စတာတွေ တိုက်မယ်ဆိုရင် အ ရောင်တု၊ အနံ့အတု စတာတွေ မပါတဲ့ အမျိုးအစားကို ရွေးချယ်သင့်ပါတယ်။
GOOD HEALTH
ကလေးများ ဓာတုပစ္စည်း အန္တရာယ် လျော့ကျစေရန်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 03, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
August 03, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment