၁၉ နှစ်အရွယ် မော်ဒယ် ခင်ဝင့်ဝါ ဘယ်လာရုစ်နိုင်ငံရောက်နေပါပြီ။
အဲဒီမှာ လုပ်မယ့် ငါးကြိမ်မြောက် Miss Supranational ပြိုင်ပွဲကြီးအတွက် ရောက်နေတာပါ။

ပြိုင်ပွဲကျင်းပသူတွေက သူ့ကို Miss Supranational Myanmar 2013 အဖြစ် ရွေးထားပါတယ်။
တခြားနိုင်ငံက အလှအပပေါင်း ၈၀ ကျော်နဲ့ အပြိုင်ကြဲရပါတော့မယ်။

(မနက်ခင်းစာ မစားခင် ကိုယ့်ကိုယ်ကိုယ် မှတ်တမ်းတင်နေတဲ့ မော်ဒယ်)
ခင်ဝင့်ဝါက အဝေးသင်တက္ကသိုလ်မှာ ရုက္ခဗေဒ ဘာသာရပ် သင်ယူနေတဲ့ တတိယနှစ်ကျောင်းသူဖြစ်ပါတယ်။
သူ့အရပ် ၁၇၃ စင်တီမီတာ ရှိတယ်လို့ ပြိုင်ပွဲဝက်ဆိုက်မှာ ရေးထားပါတယ်။ ၅ ပေ ၈ လက်မ မြင့်သူပါ။
လာမယ့်ရက်တွေမှာ ဘယ်လာရုစ်ရောက် ခင်ဝင့်ဝါအကြောင်း ထပ်မံ ရေးသားပါဦးမယ်။

( ပြည်ပက အလှမယ်တဦးနဲ့)
(အခန်းဖော်က အင်ဒိုနီးရှားမယ်လို့ ဆိုပါတယ်)
တခြားနိုင်ငံကအလှမယ်တွေရဲ့ ဓာတ်ပုံတချို့ လည်း မြန်မာအလှမယ်နဲ့ နှိုင်းယှဉ်ကြည့်နိုင်အောင်တင်ပေးလိုက်ပါတယ်။














































No comments:
Post a Comment