Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 29, 2013

SIM ကတ် သုံးကတ် ထည့်သုံးနိုင်သည့် ကမ္ဘာ့ပထမဆုံး 3G စမတ်ဖုန်း ထုတ်

ထိုင်ဝမ်၊ ဇူလိုင် ၂၈

MediaTek နှင့် LG ကုမ္ပဏီတို့ ပူးပေါင်းပြီး ဖုန်း တစ်လုံးတည်းတွင် ဆင်းကတ် သုံးကတ် ထည့်သုံး နိုင်သော 3G စမတ်ဖုန်းကို တီထွင် လိုက်ကြောင်း ထိုင်ဝမ် အခြေစိုက် MediaTek ကုမ္ပဏီက ထုတ်ပြန် ကြေညာ ခဲ့သည်။

LG ကုမ္ပဏီသည် ယမန်နှစ်ကတည်းက ဖုန်း တစ်လုံးတည်းတွင် ဆင်းကတ် သုံးကတ်ကို ထည့်သုံးနိုင် သည့် LG 290 စမတ်ဖုန်းများကို အိန္ဒိယနိုင်ငံ အတွက် တီထွင် ထုတ်လုပ်ပေးခဲ့သော်လည်း ဈေးကွက်တွင် လူသိများခြင်း မရှိခဲ့ပေ။

သို့သော် LG သည် ၂၀၁၂ ခုနှစ်က စတင်ပြီး ဆင်းကတ် နှစ်ကတ် ထည့်သုံးနိုင်သည့် Android ဖုန်းများကို ထုတ်လုပ်ခဲ့ပြီး တစ်ကတ်နှင့် တစ်ကတ်ကို အလွယ်တကူ ပြောင်းလဲ အသုံးပြုနိုင်သည့် Optimus L Series ဖုန်းများကို ထုတ်ခဲ့ပြီး ဖြစ်သည်။

ယခုထုတ်မည့် ဆင်းကတ် သုံးကတ်ထည့် ဖုန်းများတွင်လည်း တစ်ကတ်မှ တစ်ကတ်သို့ အလွယ်တကူ ပြောင်းသုံးနိုင်ရန် စီစဉ်ပေးထားမည်ဖြစ်ပြီး ထိုသို့ သုံးကတ် သုံးခြင်းကြောင့်လည်း ဘက်ထရီ ပိုပြီး ကုန်သွားခြင်း မရှိနိုင်ဟု LG က ဆိုသည်။

ယခုထုတ်မည့် ဆင်းကတ် သုံးကတ် ဖုန်းနှင့် ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မည်သည့် ကတ်ကိုမဆို အသုံးမပြုလိုလျှင် ပိတ်ထားနိုင်စွမ်းလည်း ရှိမည် ဆိုသော သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

မကြာမီ ကျင်းပမည့် ကမ္ဘာ့ မိုဘိုင်းလ် ဖုန်းညီလာခံ (WMC) တွင် LG က ထုတ်သည့် L Series ဆင်းကတ် သုံးကတ်သုံး ဖုန်းများကို ပွဲထုတ်မည်ဟု ယူဆရကြောင်း GadgetsNews တွင် ဖော်ပြထားသည်။

No comments:

Post a Comment