Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

ကာလကြာရှည်စွာ ပျောက်ဆုံးနေသော အီဂျစ်ပိရမစ်များကို Google Earth ဂြိုဟ်တုမြေပုံတွင် ရှာဖွေတွေ့ရှိဟု ဆို



အီဂျစ် သဲကန္တာရ တွင် ကာလကြာရှည်စွာ ပျောက်ဆုံးနေခဲ့သော အီဂျစ်ပိရမစ်များကို Google ၏ မြေပုံဆော့ဖ်ဝဲဖြစ်သည့် Google Earth တွင် ရှာဖွေတွေ့ရှိ နိုင်ပြီဟု အမေရိကန် ဗိသုကာပညာရှင် အန်ဂျလာမီကော်က လက်တွေ့သက်သေပြခဲ့သည်။ Google Earth တွင် တင်ထားသော မြေပုံများကို သမိုင်း အထောက်အထားများနှင့် တိုက်ဆိုင်ကြည့်ရာတွင် Google Earth မှမြေပုံများသည် ပျောက်ဆုံးနေသော ပိရမစ်များ၏ တည်နေရာကို ညွှန်ပြနိုင်ကြောင် တွေ့ရသည်။ Google Earth ၏ မြေပုံတိုင်းတာသည့် ယူနစ်စကေးများကို တွက်ချက်ကြည့်ရာတွင် မြေပုံတွင် မို့မောက်နေသော အရာများသည် တောင်ထိပ်များပေါ်တွင်တည်ရှိနေသည့် ပိရမစ်များဖြစ်ကြောင်း အထောက်အထားများဖြင့် သက်သေပြနိုင်ခဲ့သည်။ ထို့ကြောင့် ယခုအခါ ပျောက်ဆုံးနေသည့် ပိရမစ် ၁၇ ခုကို Google Earth ၏ ကျေးဇူးကြောင့် ပြန်လည် ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီဟုဆိုသည်။ ထူးထူးခြားခြားအနေဖြင့် ပျောက်ဆုံးသွားသော ပိရမစ်များတွင် ဘီစီ ၂၇၀၀ ခန့်ကတည်းက တည်ဆောက်ထားခဲ့သည့်ရှေးဟောင်း ပိရမစ်များလည်း ပါဝင်သည်။
 ပြည်မြန်မာ 

No comments:

Post a Comment