Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 12, 2013

တစ်ကိုယ်တော်ခွေထုတ်ဖို့ အစီအစဉ်ရှိသော မြင့်မြတ်


ကျွန်တော်သီချင်း ဆိုတယ်ဆိုတာ ၀ါသနာလည်းပါတယ်။ ကံတရားလည်း တိုက်ဆိုင်သွားတာ ကြောင့်ပါ။ တကယ်ပါ။ ကျွန်တော် တစ်ယောက်တည်းဆို လုပ်ဖြစ်ဖို့ အစီအစဉ် မရှိဘူး။ Music ပိုင်းမှာ အိုင်ရင်းတို့ ကောင်းကောင်း တို့ရှိတယ်။ အိုင်ရင်းတို့ ကောင်းကောင်းတို့နဲ့ သီချင်းခွေ တွဲထုတ်တော့ ပရိသတ်အားပေးမှုက ကွဲပြားရဲ့လား ဆိုတော့ တစ်မျိုးစီပေါ့။ သူတို့က အဆိုပိုင်းမှာကျွမ်းကျင်တဲ့ သူတွေလေ။ ကျွန်တော်က သရုပ်ဆောင်ပါ။ အဆိုပိုင်းမှာ အများကြီးလိုသေးတယ်။ ဝါသနာပါလို့သာ ဆိုဖြစ် သွားတာပါ။ အဆိုပိုင်းနဲ့ ပတ်သက်ပြီး ကိုယ်လုပ်နိုင်သ လောက်ပဲလုပ်တယ်ဆိုတာက music နဲ့ပတ်သက်ပြီး ပြောတာပါ။ ကိုယ်နိုင်သလောက်ပဲ လုပ်တယ်။ ကိုယ်လုပ်နိုင် သလောက် ပဲလုပ်တယ်။ ဘဝတစ်ကွေ့ စီးရီးမှာ အိုင်ရင်းတို့၊ ကောင်းကောင်းတို့ရဲ့ အားကိုယူထား တာလားဆိုတော့ အားယူတယ် ဆိုတာထက် အကူအညီ တွေတော့ အများကြီးယူထားပါတယ်။ Vocal ကို လုပ်ပေးတယ်လေ။ တစ်ကိုယ်တော် အခွေလည်း ထုတ်ဖို့ အစီအစဉ်ရှိတယ်။ ဘာလို့လဲဆိုတော့ သီချင်းလည်း ဆိုပြီးသွားပြီ အခွေလည်း ထုတ်ပြီး သွားပြီဆိုတော့ ထပ်လည်း ဆိုချင်သေးတယ်။ လက်ရှိမှာတော့ ဘဝတစ်ကွေ့ ဗီစီဒီကိုတောင် မနည်း ရိုက်ရဦးမှာပါ။ ဇာတ်ကားမှာ mood သွင်းရတာက ကျွန်တော့်အတွက် အသားကျနေပြီ။ တော်တော်လေးလည်း ထိထိမိမိ ဖြစ်နေပြီ။ အဆိုပိုင်း မှာကျတော့ mood သွင်းရတာ အများကြီး အများကြီးလိုပါသေးတယ်။ နောက်ပိုင်းမှာ Professional လိုင်းကို သရုပ်ဆောင်ပဲ လုပ်သွားဖြစ်ဖို့ များပါတယ်။ ကိုယ်တကယ်လည်း ဝါသနာပါတယ်။ ပရိသတ်ကြည့်ရင်လည်း message တစ်ခုခုရသွားမယ်ဆို ကောင်းတာပေါ့။ သရုပ်ဆောင် အလုပ်ပဲ လုပ်သွားဖြစ်ဖို့ များပါတယ်။

No comments:

Post a Comment