Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 12, 2013

ဆုမြတ်နိုးဦး - ဆယ်ကျော်သက်ကတည်းက သရုပ်ဆောင်ဖြစ်ချင်ခဲ့တာ


Saturday, 13 July 2013

လူတိုင်းလူတိုင်းမှာ ဆယ် ကျော်သက်ဘ၀က ဖြစ်ချင်ခဲ့တဲ့စိတ် ကူးတွေ၊ မျှော်လင့်ချက်တွေရှိခဲ့ ကြမယ်ထင်ပါတယ်။ တချို့လည်း ကိုယ်ဖြစ်ချင်တဲ့ စိတ်ကူးအတိုင်း ဖြစ်ခဲ့တာရှိသလို၊ တချို့လည်း စိတ် ကူးနဲ့ထပ်တူမကျတဲ့ လက်တွေ့ ဘ၀ကို ရောက်နေကြရတာ တွေရှိ ပါတယ်။ ဆယ်ကျော်သက် အရွယ် တုန်းက ဖြစ်ချင်ခဲ့တာဘယ် လို.. ဆိုပြီး ပရိသတ် စိတ်ဝင်စားမယ့် အန...ုပညာရှင်များရဲ့ဆယ်ကျော် သက်ဘ၀က စိတ်ကူးတွေ အကြောင်း ကို တင်ဆက်ပေးလိုက်ပါတယ်။

ဆယ်ကျော်သက်တုန်းက သ ရုပ်ဆောင်အဓိကဖြစ်ချင်တယ်

ဆယ်ကျော်သက်တုန်းကဖြစ် ချင်တဲ့စိတ်ကူးအိပ်မက်တွေက အ များကြီးပဲ။ ဆရာဝန်လည်းဖြစ်ချင် တယ်။ အင်ဂျင်နီယာလည်းဖြစ်ချင် တယ်။ လေယာဉ်မယ်လည်းဖြစ်ချင် တယ်။ ဒါပေမဲ့ အဲဒီထဲကမှ အဓိက က မြတ်နိုးမော်ဒယ်လ်ဖြစ်ချင်တယ်။ သရုပ်ဆောင်ဖြစ်ချင်တယ်။

မိဘတွေက စည်းကမ်းရှိ အောင်သွန်သင်တယ်

ဆယ်ကျော်သက်တုန်းက မိဘ တွေက အရမ်းအတင်းအကျပ်ကြီး ထိန်းချုပ်တာတော့ မခံခဲ့ရဘူး။ ဒါ ပေမဲ့ စည်းနဲ့ကမ်းနဲ့တော့ မိဘတွေ က နေခိုင်းတယ်။
အရမ်းကြီးထိန်း ချုပ်ပြီး ဟိုမသွားရ၊ ဒီမသွားရ ချုပ် ချယ်တဲ့အထဲမှာတော့မပါဘူး။ မိဘ တွေက၀န်ထမ်းဆိုတော့ အရမ်းကြီး ကိုယ့်ကို လွတ်ထွက်မသွားအောင် တော့ထားတယ်။

ထိန်းချုပ်တဲ့မိဘတွေကိုအ ကြံပေးချင်တာက

ထိန်းချုပ်တဲ့မိဘတွေကို အကြံ ပေးစကားပြောချင်တာက အရမ်း ကြီးထိန်းချုပ်ရင်လည်း မကောင်း ဘူး။ သားသမီးတွေက အရမ်းထိန်း ချုပ်ခံရရင် အပြင်ရောက်တော့ ကိုယ်လုပ်ချင်ရာလုပ်ကြတာလေ။ မိဘနဲ့သားသမီး ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်းနဲ့ ကိုယ်ဖြစ်ချင်တာ၊ သူဖြစ်ချင်တာတွေကိုဆွေးနွေးပြီး လုပ်သွားရင် အရမ်းထိန်းချုပ်တာ ထက်စာရင် ပိုကောင်းမယ်လို့ထင် ပါတယ်။

ကျောင်းတက်ဖို့ စွန့်လွှတ်ခဲ့တယ်

အနုပညာလုပ်ဖို့အတွက်အ များကြီးစွန့်လွှတ်ခဲ့ရတာတော့မရှိ ဘူး။ ဒါပေမဲ့ စင်္ကာပူသွားပြီးကျောင်း သွားတက်ဖို့ကိုတော့ စွန့်လွှတ်ခဲ့ရ တယ်။ အစတုန်းက ကျောင်းသွား တက်ဖို့စီစဉ်ထားပေမယ့် မော် ဒယ်လ်လောကထဲရောက်လာတော့ ပြိုင်ပွဲဝင်ပြီး ဆုတစ်ဆု ချိတ်တော့ ကျောင်းသွားတက်ဖို့မလုပ်ဖြစ်တော့ ဘူး။ အခုလည်း ကျောင်းတက်ဖို့ ကိစ္စကိုဆက်မလုပ်ဖြစ်တော့ဘူး။ အ နုပညာအလုပ်ကို တကယ်ဝါသနာ ပါလို့လုပ်ခဲ့တာပါ။ အနုပညာရှင် တစ်ယောက်ဖြစ်ချင်ခဲ့တဲ့အတွက် ကြောင့် မြတ်နိုးကြိုးစားခဲ့ရတာပါ။
ပိုကြိုးစားမယ်

ဆယ်ကျော်သက်အိပ်မက်နဲ့ အခုလက်ရှိမက်နေတဲ့အိပ်မက် တစ် ထပ်တည်းကျပါတယ်။ ဒါပေမဲ့ မြတ် နိုး ဒီထက်တော့ပိုလိုချင်သေး တယ်။ မြတ်နိုးရာခိုင်နှုန်းနဲ့တော့ ဘယ် လောက်ထပ်တူကျမလဲ မတွက် တတ်ဘူး။ ဒါပေမဲ့ အခုရောက်နေ တဲ့အပေါ်မှာ စိတ်ထဲမှာ ငါဒီလိုကြီး သာဖြစ်လိုက်ရင် အကောင်းသား၊ ငါဒီလိုလုပ်လိုက်ရင်အကောင်းသား ဆိုတဲ့စိတ်မျိုးတော့မရှိဘူး။ အခု ရောက်နေတဲ့ဘ၀ကို အားရတယ်။ ပြီးတော့ မြတ်နိုးဖြစ်ချင်တဲ့နေရာကို ရောက်ဖို့ ဒီထက်ပိုပြီးတော့ကြိုးစား သွားမယ်။

ဒီလိုနဲ့ သရုပ်ဆောင်ဖြစ်လာ တယ်

အနုပညာလောကကိုရောက် လာတာက မြတ်နိုး ၂၀၁၀ခုနှစ် ဒီ ဇင်ဘာလမှာ လုပ်တဲ့ Miss Christmas ပြိုင်ပွဲမှာစပြီးတော့ ပြိုင်ပွဲဝင် တယ်။ အဲဒီပွဲ မှာ ခေါင်းလျှော်ရည် တစ်ခုကပေးတဲ့ Miss Title တစ် ဆုရခဲ့တယ်။ အဲဒီကနေမှ နောက် ပိုင်းမော်ဒယ်လ်အေဂျင်စီတွေက ခေါ်သုံးပြီးတော့မှ အနုပညာလော ကထဲကို ရောက်လာတာပါ။

ဘာဖြစ်ဖြစ် စိတ်မညစ်နဲ့

တချို့တွေ ကိုယ်လုပ်ချင်တာ နဲ့ ကိုယ်ဖြစ်ချင်တာတွေကို လက် တွေ့မှာအကောင်အထည်မဖော်နိုင် တဲ့လူတွေရှိတယ်။ လုပ်ချင်တာနဲ့ လုပ်သင့်တာဆိုရင်တော့ လုပ်သင့် တာကိုဦးစားပေးပါလို့။ ဒါပေမဲ့ ကိုယ်လုပ်သင့်တာတွေကိုလုပ်ပြီး သွားရင်တော့ ကိုယ်ဖြစ်ချင်တာကို ကြိုးစားပြီးတော့ ဖြစ်အောင်လုပ်ပါ။ ဖြစ်ချင်တာမဖြစ်တဲ့လူတွေကိုတော့ ငါဒီဟာမလုပ်လိုက်ရလို့ဆိုပြီး ထိုင် ပြီးတော့ စိတ်ညစ်နေမယ့်အစား ကိုယ်လုပ်နေတဲ့အလုပ်ကို ဘယ်လို ကောင်းအောင်လုပ်ရမလဲလို့ စိတ် ကူးပြီးလုပ်သွားပါ။

ကလောင် - မိုးထက်ကျော်
(8DAYS)

No comments:

Post a Comment