Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 27, 2013

အမဲသားလုံး ဟင်းချို

အမဲသားလုံး ဟင်းချို။ ဂေါက်သီးအရွယ် အမဲသားလုံးများကို မုန့်ညှင်း၊ မှိုတို့ဖြင့် ရောချက်ထားတာမို့ အရသာက ပျော်ဖွယ်ရာ မရှိပါဘူး။ နှမ်းဆီနဲ့ ငရုတ်ကောင်းရနံ့လည်း သင်းနေတာမို့ ခုပဲ ချက်ကြည့်ရအောင်…

အမဲသားလုံး ပါဝင်သောပစ္စည်းများ

အမဲသား – ၃၀၀ ဂရမ်
ကြက်သွန်ဖြူ – ၃ခု (နှုတ်နှုတ်စင်းပါ)
ဂျင်း – လက်ဖက်ရည်ဇွန်း တ၀က် (နှုတ်နှုတ်စင်းပါ)
ကြက်သွန်မြိတ် – ၁ခု (နှုတ်နှုတ်စင်းပါ)

ဆန်ဝိုင် – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
နှမ်းဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်ဥ – စားပွဲတင်ဇွန်း ၁ဇွန်း (ခလောက်ပါ)
ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်

ဟင်းချို အတွက်ပါဝင်သောပစ္စည်းများ

အမဲသားလုံး
တရုတ်မုန့်ညှင်း – တ၀က် (အရှည်လှီးပါ)
မှို့ခြောက်ပွင့်(အမဲ) – ၆ခု (ရေနွေးဖြင့် ၂မိနစ်ခန့်ပြုတ်ပြီး အညှာမှားလှီးထားပေးပါ)
ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၂ဇွန်း
ကော်မှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ကြက်သွန်မြိတ် – ၁စည်း (အ၀ိုင်းလေးများ လှီးပါ)
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ခနော ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း

အမဲသားလုံး ချက်ပြုတ်နည်း

၁။ အမဲသားလုံးအတွက် ပါဝင်သော ပစ္စည်း( အမဲသား၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ကြက်သွန်မြိတ်၊ ဆား၊ ပဲငံပြာရည်၊ နှမ်းဆီ၊ ကြက်ဥ၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်) အားလုံးကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီးလျှင် ဂေါက်သီး အရွယ် အမဲသားများကို အလုံးလေးများလုံးလိုက်ပါ။

၃။ ထို့နောက် ဒယ်ပြားထဲ ဆီအနည်းငယ် ထည့်၍ အမဲသားလုံးများကို နီညှိရောင်သန်းလာ သည်အထိ ကြော်ပေးပါ။

ဟင်းချို ချက်နည်း

၁။ ဒယ်အိုးထဲသို့ ရေ(သို့) ဟင်းရွက်ပြုတ်ရည် ၅ခွက်၊ ဆီ ထည့်ပြီး ဆူလာအောင်တည်ထားပါ။

၂။ ဆူလာလျှင် ဒယ်အိုးအတွင်းသို့ ကြော်ထားသော အမဲသားလုံးများ၊ မှိုခြောက်၊ တရုတ်မုန့်ညင်း များကို ထည့်လိုက်ပါ။

၃။ အရသာအတွက် ပဲငံပြာရည်၊ ဆား၊ ကြက်သားမှုန့် ထည့်ေ၇ာမွှေလိုက်ပါ။

၅။ အရသာအပေါ့အငံ့ အနေတော်သွားလျှင် ကြက်သွန်မြိတ်များ၊ ငရုတ်ကောင်းမှုန့် များကို အပေါ်မှ ဖြူးပေးလိုက်ပါ။

၆။ ငရုတ်ကောင်းနံ့လေးသင်းနေသည့် အမဲသားလုံးများကို စားသုံးနိုင်ပါပြီ…


Wutyee Food House မှ ကူးယူမျှဝေပါသည်.....

No comments:

Post a Comment