Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 10, 2013

အဆီကြွယ်ဝသော ငါးများ စားသုံးခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချပေးနိုင်

  • Written by 



  • ငါးမည်းလုံး၊ ဆော်လမွန်ငါး၊ ငါးသေတ္တာငါး သို့မဟုတ် အခြားအဆီဓာတ် ကြွယ်ဝသော ငါးများကို တစ်ပတ် လျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် စားသုံးခြင်းသည် အမျိုးသမီးများ၌ ရင်သားကင် ဆာ ဖြစ်ပွားမှု အန္တရာယ်ကို

    လျှော့ချပေးနိုင်ကြောင်း ဗြိတိန် နိုင်ငံထုတ် ဆေးပညာဂျာနယ် တစ်စောင်တွင် ဖော်ပြထားသည်။ ယခင် လေ့လာ ဆန်းစစ်မှုများ ပြုလုပ်ထားသည့် အမေရိကန်၊ ဥရောပနှင့် အာရှနိုင်ငံမှ လူဦးရေ ၈ဝဝဝဝဝ ကျော်၏ စားသောက်မှု အလေ့အထ မှတ်တမ်း ၂၆ ခုကို တရုတ် အခြေစိုက် သုတေသန ပညာရှင်များက ပြန်လည် ဆန်းစစ်မှုများ ပြုလုပ်ခဲ့ရာ အဆီဓာတ် ကြွယ်ဝသော ငါးများကို စား သုံးသူများတွင်  ရင်သား ကင်ဆာ ဖြစ်ပွားမှု အန္တရာယ်ကို လျှော့ချ ပေးနိုင်ကြောင်း လေ့လာ တွေ့ရှိခဲ့သည်။ အဆီဓာတ် ကြွယ်ဝသော  ငါးများတွင် n-3 PUFAs အမည်ရှိ အက်စစ်ဓာတ်များ ကြွယ် ဝစွာ ပါရှိပြီး ၎င်းအက်စစ်သည် ကိုယ်ခံအား စနစ်၊ သွေးကြော လှုပ်ရှားမှုများနှင့်  အာရုံကြောမှ တစ်ဆင့် ဦးနှောက်အတွင်း သတင်း ပေးပို့မှုများကို လုပ် ဆောင်ရာတွင် များစွာ အကျိုးပြုကြောင်း သုတေသီများက လေ့လာ တွေ့ရှိထားသည်။ အဆိုပါ  n-3 PUFAs အက်စစ်ဓာတ်တွင် EPA၊ DPA၊ DHA နှင့် ALA စသည့် အုပ်စုဝင်များ ပါရှိပြီး ၎င်းအုပ်စုများကို အဆီဓာတ် ကြွယ်ဝသော ငါးများ၊ အခွံမာ အသီးများ၊ အစေ့များနှင့် ဟင်းသီးဟင်းရွက် များတွင် အဓိက အားဖြင့် တွေ့ရှိရကြောင်း သိရသည်။
    ထို့ကြောင့် n-3 PUFAs အက်စစ်ဓာတ်များစွာ ပါရှိသည့် အစားအစာများကို စားသုံးသည့် အမျိုးသမီးများ နှင့် ၎င်း အစားအစာများကို အနည်းငယ်သာ စားသုံးသည့် အမျိုးသမီးများအား နှိုင်းယှဉ်၍ ပညာရှင်များက လေ့လာခဲ့ရာ ယင်းအစား အစာများကို ပုံမှန် စားသုံးသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဖြစ်ပွားမှု အန္တရာယ်သည် ၁၄ ရာခိုင်နှုန်းထိ လျော့ကျလျက်ရှိကြောင်း လေ့ လာ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။    ။

    No comments:

    Post a Comment