Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 13, 2013

ယာဉ်ထိန်းရဲ ၀တ်စုံနဲ့ မိုက်ကယ်ဂျက်ဆင်အကွက်ဆွဲတဲ့တယောက်ကို ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိ ကြောင်း

 

ခွင့်ပြုချက်မရှိဘဲယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်းအောင် ပြု လုပ်ခဲ့သူများအား အရေးယူ (ရုပ်/သံ)
၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အချိန်ခန့်တွင် ရဲမှူးသာဌေး၊ အမှတ် (၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့ သည် facebook တွင် ယာဉ်ထိန်းရဲ ၏ ကကွက်ဆန်းခေါင်းစဉ်ဖြင့်ရန်ကုန်မြို့၊ အနော်ရထာ လမ်းနှင့် ဆူးလေ ဘုရား လမ်း ဆုံမီးပွိုင့်၌ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံဝတ်ဆင်၍ လမ်းလယ် တွင် ယာဉ် ထိန်း ရဲလမ်း ရှင်းအချက်ပြနေပုံအား ဒန်ဆာအကဖြင့် သရုပ်ပျက် ကခုန် လက်ပြနေသည် ကိုတွေ့ရှိရ သဖြင့်စုံစမ်းရာအဆိုပါသူမှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် တစ်ဦးမဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆို သူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာ မင်(စီ)ကြော်ငြာအတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင်ရိုက်ကူးခဲ့သည့်ယာဉ်ထိန်း ရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာ ဒုံဈေးမှ ချုပ်လုပ်ဝယ်ယူခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအား ခွင့်ပြုချက် တစ် စုံ တစ်ရာမရှိဘဲယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန် ကုန် မြို့ လယ်ရှိ လူအများ စည်ကားရာနေရာတွင်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျ ဆင်းအောင် ရည် ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက်ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေ မန်နေ ဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက်တာဇော်ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေး ပါရန် ရဲမှူးသာဌေးမှ တိုင်တန်းခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိ ကြောင်းသတင်းရရှိပါသည်။ - 

See more at: http://www.dawnmanhon.com/2013/07/blog-post_8746.html#sthash.4AQEu2a0.dpuf
ဒီနေ့ facebook မှာ ပြန့်နေတဲ့ ယဉ်ထိန်းရဲ တယောက် ဆူးလေ မီးပွိုင့်မှ ကနေတဲ့ ဗွီဒီယိုက ယဉ်ထိန်းရဲ အစစ်အဟုတ်ဘဲVicee ကြော်ငြာရိုက်နေတဲ့ ရိုက်ကွင်းက အခန်းတခု ဖြစ်ကြောင်း သိရပါတယ်
photo credit : Myo Min Thwin
video link : https://www.facebook.com/photo.php?v=195873580576547

No comments:

Post a Comment