Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, July 26, 2013

နားကိုက်တဲ့ ဒုက္ခ

 

26 July 2013  |

နှာစေးတာ၊ အအေးမိ တာတွေနဲ့ အတူ အဖျားခတ်ပြီး ဒုက္ခပေးတာ ကတော့ နားကိုက်တာပါပဲ။ နှာစေး တာ၊ နှာရည်ယိုတာတွေ ကြာရှည်တော့ နှာခေါင်းနဲ့ နား ဆက်သွယ်ရေး ထားတဲ့ ပြွန်မှာ နှာခေါင်းထဲက ချွဲ အရည်တွေ နောက်ပြန်ကန် နားထဲဝင် လာပြီး နားကို ဒုက္ခပေး တာပါပဲ။ အအေးမိ၊ နှာစေးခြင်းဟာ အဖြစ် အများဆုံးနဲ့ နားဒုက္ခ အပေးဆုံး အကြောင်းရင်း တစ်ခုဖြစ် လာစေတယ်။ ဒါကြောင့် ရာသီ အပြောင်းအလဲမှာ အအေးမမိအောင် သတိထား ရမှာဖြစ်တယ်။ ကလေးဆိုတာ ကူးစက်ပိုးတွေ ခံနိုင်ရည်ရှိဖို့ အာဟာရဓာတ်ကောင်း ကောင်း ကျွေးမွေးပြုစု ရမှာဖြစ်တယ်။ သို့မှသာ ထိုပိုးတွေ ဝင်ရောက်နှိပ်စက် မှုဒဏ်မှ ကာကွယ်ပေးနိုင်ရန် ခုခံအား စနစ်တိုးတက် စေနိုင်မှာဖြစ်တယ်။
ဘာ့ကြောင့် အအေးပတ်ရတာ လဲ။ ဒါကလည်း အဓိကကျတဲ့ အခြေ ခံကျန်းမာရေး ပြုစုစောင့်ရှောက်မှုကို လိုအပ်သလို အသုံးမချ လို့ပါပဲ။ ဥပမာ မိုးအေးနေတယ်ဆိုရင် မိမိကလေးတွေ ကို နွေးနွေးထွေးထွေး လေးဖြစ်အောင် အနွေးထည် သို့မဟုတ် အင်္ကျီလက် ရှည်လေးတစ်ထပ် ထပ်ဝတ်ပေးတာ တို့၊ က်ြစါပ်ပြုတ်၊ ခေါက်ဆွဲပြုတ် သို့မဟုတ် ဟင်းချို ပူပူလေး၊ ဟင်းနဲ့ ထမင်းနွေးနွေးလေး ကျွေးပေးလိုက် တာမျိုး ပြုလုပ်ပေးခြင်းဖြင့် ကလေး ငယ်အား နွေးထွေးစွာ ထားနိုင်ပါ တယ်။ တစ်နှစ်နဲ့ တစ်နှစ်အောက် ကလေးမျိုးကို ရင်ခွင်ထဲ ပွေ့ပိုက်ထား ပေးလိုက်တာမျိုး၊ အိပ်ပျော်သွားရင် စောင်နဲ့ ထွေးပေးထားတာမျိုး လုပ်နိုင်ပါတယ်။
နောက်တစ်မျိုးကတော့ ရေကူး သင်ရင်း နားထဲရေဝင်ရာမှ မခြောက် နိုင်တော့လို့ နားထဲမှာမှိုစွဲရာက နား ဒုက္ခဖြစ်စေတာပါ။ ရေကူးသင်လို့၊ ရေကူးလို့ချည်းမဟုတ်ဘဲ၊ ရေချိုးရင်း၊ ဆော့ကစားရင်း နားထဲ ရေဝင်ရာက တော်တော်နဲ့ ရေကပြန်မထွက်နိုင်တော့ စိုရာကနေ မှိုပိုးလာရောက် အတွယ်ခံရတော့တာပဲ။ ဒီအချက်ကလည်း ကလေးတွေနဲ့ လူကြီးတွေ မှာ အဖြစ်များတဲ့ အချက် သို့မဟုတ် ဂရုမမူမိတဲ့ အချက်တစ်ခုပါပဲ။ အချိန် တန်ရင် ကောင်းသွားမှာ ပဲလို့ ထင် ထားတတ်တယ်။ သို့ပေမယ့် မှိုစွဲရာ ကနေ ကြီးလာတော့ နားမကြားရတဲ့ ပြဿနာအထိ ကြုံတတ်ပါသေးတယ်။ တချို့ကတော့ နားမကိုက်တတ်လို့ မှိုစွဲမှန်းတောင် မသိလိုက်ကြပါဘူး။ နားကိုက်မှသာ ပိုးဝင် ရောက်ခံရမှန်း သိလေ့ရှိပါတယ်။
ဒါတင်ပဲလား၊ မဟုတ်ပါဘူး။ ကလေးဟာ ရေမကူး၊ ရေကန်ထဲ ဆင်းမချိုး၊ ဒါပေမယ့် ဘာ့ကြောင့် နားကိုက်ရတာလဲလို့ မေးခွန်းထုတ် စရာ ရှိလာနိုင်ပါတယ်။ ကလေးရော လူကြီးမှာပါ အဖြစ်များတဲ့ အကြောင်း ရင်းထဲပါတာ တစ်ချက် ဖော်ပြလိုပါ တယ်။ နားကြပ်တာပါပဲ။ နားယားလို့၊ နားထဲရေဝင်လို့၊ နား ဖာချေး အစိုမို့လို့ စသည်တို့ကြောင့် နားထဲ ကို တွေ့ကရာ မသန့်ရှင်းတဲ့ နားဖာ ကလော် သို့မဟုတ် ဂွမ်း သို့မဟုတ် ဒုတ်တံစသည်တို့ဖြင့် ကော်ကြ၊ ကြပ် ကြ၊ အမျိုးစုံ ကလိရာမှ ပိုးအဝင်ခံရ တော့တာပါ။ တချို့သူများနားကို အကလော်ကောင်းတော့ နားစည် မြှေးတောင် ပေါက်ရတဲ့အထိ ဒုက္ခရောက်သွားတာပဲ။ ကဲ အဖြစ်များတဲ့ နားပြဿနာတွေ သိပြီဆိုတော့ မိမိမှာ နားပိုးဝင်ရောက်ခြင်းခံရလို့ ရောင် ရမ်းနေသလား၊ အတွင်းနားမှာ အရည်တွေတွေ့ရသလား၊ နားစည် မြှေး ဒုက္ခရောက်သလား ဆိုတာ သိဖို့ စစ်ဆေးကြည့်ရှုရန် လိုပါတယ်။ ဒါကို နား၊ နှာခေါင်း၊ လည်ချောင်း ဆရာ ဝန်ကသာ ကြည့်ရှုစစ်ဆေးပေးမှာဖြစ် ပါတယ်။
နားကိုက်လာရင် အျေားတက်လာမယ်၊ နားကောင်းကောင်း မကြား ခေါင်းမူး၊ နှာစေး၊ နှာရည်ယိုတာတွေ တွဲလျက်ဖြစ်ပေါ်လာ နိုင်ပါတယ်။ နားကိုက်နေတဲ့ ကလေးအား ပါရာစီတမောလ်ဆေးရည်ကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း တိုက်ထား နိုင်ပါတယ်။ သိပ်ကိုက်နေရင် ရေနွေး နွေးထည့်ထားတဲ့ အိတ်လေးအား နားပေါ်တင်ပေးပါက သက်သာစေပါ တယ်။ ကလေးအား ဗျစငမငည မပေးရပါ။ လိုအပ်ပါက ဆရာဝန်နှင့် ပြပါ။

ဒေါက်တာရည်ညွန့်မေ

No comments:

Post a Comment