Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 28, 2013

ဂျိမ်းစ်ဘွန်းဇာတ်ကားတွင် လူကြမ်းလုပ်လိုသည်ဟု ဂျွန်ထရာဗိုတာပြော

နယူးယောက်၊ ဇူလိုင်၊ ၂၇

ဟောလိဝုဒ်ရဲ့ ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးဖြစ်တဲ့ ဂျွန်ထရာဗိုတာက သူ့အနေနဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေမှာ လူကြမ်းနေရာကနေ ပါဝင်သရုပ်ဆောင်ချင်တယ်လို့ ပြောကြားခဲ့ကြောင်း contactmusic.com မှာ ဖော်ပြထားပါတယ်။

“ကျွန်တော် ဂျိမ်းစ်ဘွန်းကားတွေမှာ လူဆိုးနေရာက သရုပ်ဆောင်ချင်ပါတယ်” လို့ Face Off အပါအဝင် နာမည်ကျော် ဇာတ်ကားအများအပြားမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဂျွန်ထရာဗိုတာက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဂျွန်ထရာဗိုတာက သူဟာလက်ရှိ ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီယယ်ခရိုက်ခ်ျရဲ့ အမာခံ ပရိသတ်တစ်ဦးပါလို့ လည်း ပြောကြားခဲ့ပါသေးတယ်။

၁၉၆၂ ခုနှစ်ကနေ ၁၉၈၃ ခုနှစ်အထိ ဂျိမ်းစ်ဘွန်းအဖြစ် ဇာတ်ကားခုနစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော် မင်းသားကြီး ရှောင်ကွန်နရီကိုလည်း ဂျွန်ထရာဗိုတာက ချီးကျူးစကား ပြောကြားခဲ့ပါ သေးတယ်။

“ကျွန်တော်အကြိုက်ဆုံးဂျိမ်းစ်ဘွန်းမင်းသား နှစ်ယောက် ရှိပါတယ်။ ရှောင်ကွန်နရီနဲ့ ဒန်နယယ်ခရိုက်ခ်ျပါ။ သူတို့နှစ်ဦးစလုံးဟာ မာကြောကြံ့ခိုင်ပြီး အဆင့်အတန်းရှိတဲ့ လူကြီးလူကောင်း နှစ်ယောက်ပါ” လို့ ဂျွန်ထရာဗိုတာက Telegraph သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဂျွန်ထရာဗိုတာဟာ လက်ရှိအချိန်မှာတော့ Kristie လို့အမည်ရတဲ့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုမှာ ရွှေကမ္ဘာလုံးဆုရှင် ခရစ္စတီအယ်လီနဲ့ တွဲဖက်သရုပ်ဆောင်လျက် ရှိပါတယ်။

No comments:

Post a Comment