Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, July 29, 2013

ကလေးငယ်များတွင် တက်ခြင်း


ကလေးတွေမှာ တက်တာနဲ့ ပတ်သက်ပြီး အဖြစ်များနိုင် တာတွေကတော့ ကလေးငယ် တွေမှာ ကိုယ်ပူကြီးရင် တက်တယ်၊ ဦးနှောက် အမြှေးရောင်ရင် တက်တယ်၊ ဦးနှောက် အမြှေးရောင်တာ တောင်မှ ဘက်တီးရီးယားကြောင့် ဦး နှောက်အမြှေးရောင်တာ ရှိမယ်၊ တီဘီ ကြောင့် ဦးနှောက်အမြှေးရောင်တာရှိ မယ်။ တချို့ဖန်းဂပ်စ်မှိုပိုးတွေကြောင့် ဦး နှောက်ရောင်တာတွေရှိမယ်။ ဗိုင်းရပ်စ်ပိုး တွေကြောင့် ဦးနှောက်ရောင်တာတွေ ရှိ မယ်။ ငှက်ဖျားပိုး ဦးနှောက်ထဲ ဝင်သွား ရင်လည်း တက်တာ ဖြစ်နိုင်ပါတယ်။ ဦးနှောက်ထဲမှာ ပြည်တည်နာဖြစ်တယ်ဆို ရင်လည်း တက်တာတွေ ဖြစ်နိုင်ပါတယ်။ ဦးနှောက်ထဲမှာ လေဖြတ်တာ၊ သွေးယို တာမျိုးတွေဖြစ်ရင်လည်း တက်နိုင်ပါ တယ်။
ပိုးတွေကြောင့် ရုတ်တရက် ကိုယ်ပူ ကြီးလာတဲ့အချိန်မှာ ကလေးတွေက ရုတ်တရက် တက်တတ်ပါတယ်။ အဲဒါ မျိုးတွေဖြစ်ရင် အမေတွေက ပိုပြီးတော့ တောင် စိတ်ပူကြပါတယ်။ အဲဒီလို ကိုယ်ပူပြီး တက်တတ်တဲ့ ကလေးတွေမှာ မျိုးရိုးထဲမှာ အဲဒီလိုမျိုး တက်ဖူးတဲ့သူတွေ ရှိတတ်ပါတယ်။ ဥပမာ-အဖေ၊ အမေတို့ က သူတို့ငယ်ငယ်တုန်းကလည်း တက် တတ်တယ်ဆိုရင် သူရဲ့ သားသမီး၊ မြေး၊ မြစ်တွေမှာ တက်တတ်တာကို တွေ့ရပါ တယ်။ ဖျားမှတက်တယ်။ အသက်အရွယ် အပိုင်းအခြားကလည်း အနည်းဆုံး ခြောက်လကနေ ငါးနှစ်-ခြောက်နှစ်အ ထိပဲ တက်တတ်တာကို တွေ့ရပါတယ်။ အဲဒီအသက်အပိုင်းအခြားထက် ကျော် သွားရင်တော့ အဖျားကြီးပြီး တက်တယ် ဆိုတာ သိပ်မရှိတော့ဘူး။
ကိုယ်ပူကြီးပြီး တက်တဲ့အချိန်မှာ တချို့ကလေးတွေက အန်တတ်တာ ကြောင့် အန်ဖတ်ဆို့မှာ စိုးရိမ်ရတယ်။ အဲဒီတော့ ပါးစပ်ထဲမှာ အန်ဖက်တွေ မဆို့အောင် နှိုက်ထုတ်လို့ရရင် နှိုက်ထုတ် ပေးပါ။ နှိုက်ထုတ်လို့ပြီးသွားရင် ကလေး ရဲ့လေပေါက်ပွင့်နေသလားဆိုတာ ကြည့် ပါ။ လေပေါက်ပွင့်အောင် လုပ်ရတဲ့ ပုံစံ က ကလေးရဲ့ ခန္ဓာကိုယ်ကို တစောင်း လေးထားပြီး မျက်နှာကိုရှေ့ဘက်နည်း နည်းမှောက် ထားကာ လက်လေးနဲ့ ထောက်ထားပေးပါ။
ကျွန်တော်တို့ကတော့ A, B, C လို့ ပြောလေ့ရှိတယ်။A ဆိုတာက Airway လေပေါက်ပွင့်နေဖို့ လိုပါတယ်။ြ ဆို တာက Breathing - အသက်မှန်မှန်ရှူ နေသလား ဆိုတာကြည့် ရပါမယ်။ နောက် တစ်ခု C ဆိုတာက Circulation-သွေး လှည့်ပတ်မှု ကောင်းနေလားဆိုတာ ကြည့်ရပါမယ်။ သွေးလှည့်ပတ်မှု ကောင်း၊ မကောင်းဆိုတာက ကလေးရဲ့ လက်တွေ၊ ခြေတွေနွေးနေသလားဆိုတာ ကြည့်ရပါမယ်။ ဒီ A,B,C အချက်တွေ ကောင်းနေရင် ကလေးကတက်နေလည်း စိတ်ပူစရာမရှိပါဘူး။ ဒါက ရိုးရိုးအဖျား ကြီးလို့ တက်ခဲ့တာကို ပြောတာပါ။
အဲဒီလို မဟုတ်ဘဲ အန္တရာယ်ရှိတဲ့ ရောဂါတွေကြောင့် တက်တာမျိုး ဆိုရင် ခဏလေးနဲ့ အတက်ကျမှာ မဟုတ်ပါ ဘူး။ တက်တာ အချိန်ကြာနိုင်ပါတယ်၊ ဆေးခန်းသွားပြလို့ ဆေးခန်းက ဆရာဝန် က အတက်ကျအောင် ဆေးတွေပေးပေ မယ့်လည်း အတက်က ကျမသွားဘူး၊ တက်တာက ၁၀-၁၅ မိနစ်အတွင်းမှာ အတက်မကျဘဲ တက်နေတယ်ဆိုရင် ဆေးရုံကို ရောက်အောင် သွားဖို့ လိုပါ တယ်။ ကလေးတက်တာ ကြာလေလေ၊ ဦးနှောက်ပျက် သွားပြီး အသက်အန္တ ရာယ်ထိခိုက်မှု ဖြစ်နိုင်ခြေ ပိုပြီး များလာ လေလေပါပဲ။
အရေးကြီးတာက ကိုယ်ပူကြီးပြီး ရုတ်တရက်တက်တယ် ဆိုရင် အဖျားကို ပြန်ကျအောင် လုပ်လိုက်ရင် တက်တာ လည်းပြန်ကျ သွားပါတယ်၊ သတိကောင်း တယ်၊ နဂိုပုံမှန်အတိုင်း ပြန်ဖြစ်သွား တယ်။ အဖျားကတော့ ဆက်ရှိရင် ရှိနေ ကြောက်လန့်စရာ အကြောင်းမရှိပါဘူး။ ဆေးတစ်မျိုးတည်းနဲ့ ကိုယ်ပူကြီးတာကို ချမရရင်၊ ဆေးနှစ်မျိုး တွဲပေးပြီး ချချင် လည်း ချရမယ်။ ရေပတ်တိုက်တာ ဒါမှမ ဟုတ် အေးတဲ့အခန်း (Air-condition) ထဲမှာထားတာ စတဲ့ ရောဂါပေါ်မှာ မူ တည်ပြီး အဖျားကို ကျအောင် လုပ်ရတာ တွေလည်း ရှိပါတယ်။

ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေ

No comments:

Post a Comment