Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 31, 2013

သက်မဲ့ ဘုရားနှင့် သက်ရှိ ရဟန်းတွင် ဘယ်အလှူ မြတ်သနည်း


မိတ်ဆွေတစ်ဦးက မေးလာသော မေးခွန်း ဖြစ်ပါသည်။
"ပရိတ်နိဗ္ဗာန်ပြုပြီးဖြစ်သောဘုရားရှင် နှင့် သက်ရှိထင်ရှား သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသော ရဟန်းတော် ဤရတနာနှစ်ပါးကို ဆွမ်းလှုခြင်းတွင် မည်သည်က မြတ်ပါသနည်း" ဟူ၍ ဖြစ်ပါသည်။ စာဖတ်သူတို့လည်း မည်သို့ ထင်မြင်ပါသနည်း။
ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ်ကပင် ဘုရားသားတော် ရဟန်းများ ကို ကိုးကွယ်ဆည်းကပ်ရန် မှာကြားခဲ့ပြီးသား ဖြစ်သည်။ ယင်းသို့ မှာကြားခဲ့ခြင်းကြောင့် ယနေ့တိုင် ဘုရားသားတော် ရှင်ရဟန်း၊ ဆရာတော် များကို ဗုဒ္ဓဘာသာဝင်တို့ ကိုးကွယ်ဆည်းကပ်ပါသည်။ သို့ပါသောကြောင့် သာသနာတော် တည်တံ့ပြန့်ပွားရသည်။
ထိုသို့ သာသနာအဓွန့်ရှည်စေရန် မျှော်မှန်း၍ ဟောကြားပေးအပ်ခဲ့သော ဗုဒ္ဓမြတ်စွာဘုရား၏ ကျေးဇူးတော်ကို လည်းကောင်း၊ ရှင်တော် ဘုရား ဟောကြားအပ်သော တရားတော်များကို နာကြားနေ ရသော ကြောင့်လည်းကောင်း၊ သာသနာ့ဘောင်အတွင်းတွင် နေထိုင် အသက်ရှင် နေရသောကြောင့် လည်းကောင်း အစရှိသဖြင့် အကျိုးကျေးဇူး များစွာကို သိရှိနားလည်သည့် အနေဖြင့် အသက်မရှိတော့သော်လည်း ရှိသည်အမှတ်ဖြင့် နေ့စဉ် ကိုးကွယ်ခြင်း အလုပ်သည် ထူးကဲသော ကုသိုလ်တစ်မျိုးပင် ဖြစ်သည်။ ဘုရားရှိခိုးပူဇော်သည့် အခါတိုင်း ဗိုလ်ငါးပါး ဟုခေါ်သည် သဒ္ဒါ၊ သတိ၊ သမာဓိ၊ ပညာ၊ ဝီရိယ တို့ကပ်ပါလျှင် ပို၍ ထူးကဲ များပြားသော ကုသိုလ်ထူးကို ရအပ်သည်။
နိဗ္ဗါန်ကို ရည်မှန်း၍ ပြုသော အလှူမှန်လျှင် ပုဂ္ဂိုလ်ဆွဲ မရှိ၊ အယုတ် အလတ်၊အမြတ်မရွေး လှူဒါန်းရမည်ဟုလည်း ဟောကြားထားသည် ကိုလည်း အချက်ပိုအနေဖြင့် သိရှိ မှတ်သားစေလိုပါသည်။

ထို့ကြောင့် ရှင်တော် ရဟန်းများအား ဆွမ်းကပ်ခြင်းအပြင် နေ့စဉ် ဘုရားဆွမ်းတော်တင်ခြင်း၊ ဆီမီး၊ရေ၊ပန်း ကပ်လှူပူဇော်ခြင်း ကလည်း ပြုလုပ်အပ်သော ကုသိုလ်ထူး တစ်ခုဖြစ်ပါကြောင်း အသိပေးပြီး နိဂုံးချုပ်အပ် ပါသည်။
--
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment