Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 31, 2013

facebook ဟာ ပဋိပက္ခတွေကို သယ်ဆောင်လာပြီလား

၂၀၀၄ ခုနှစ်တွင် အမေရိကန်ကျောင်းသား မက်ဇူကာဘတ်ခ်မှ စတင်ခဲ့သည့် Facebook ဟု ခေါ်သော လူမှုကွန်ရက် သူငယ်ချင်း အချင်းချင်း တွေ့ဆုံဆွေးနွေးကြရန် ရည်ရွယ်၍ တည်ထောင်ခဲ့ရာမှ စတင်ကာ ၂၀၁၃ ခုနှစ်၏ ယနေ့အချိန်တွင် facebook စာမျက်နှာသည် နေ့စဉ်ဘဝများ၏ ရောင်းဝယ်ဖောက်ကားရာ တွေ့ဆုံငြင်းခုံ ကြရာ၊ သတင်းဖတ် ရှုရာ၊ ကောလဟာလတို့ ဆုံစည်းရာ၊ လူမှုရေး လုပ်ငန်းတို့ ထွန်းကားရာ ကုန်ပစ္စည်းများ ကြော်ငြာရာ၊ ခံစားချက်များ ဖော်ထုတ်ပြသရာ၊ ဆဲဆိုသံများ၊ ဆူညံရာ နေရာအဖြစ် တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်။
ဟားဗက်တက္ကသိုလ်မှ ကျောင်းသား များအတွက်သာ ရည်ရွယ်၍ တည်ထောင်ခဲ့ သော Facebook စာမျက်နှာကို မက်ဇူကာ ဘတ်ခ်က ၂၀ဝ၆ ခုနှစ်တွင် တစ်ကမ္ဘာလုံး အသုံးပြုရန်ခွင့်ပြုခဲ့သည်။ ထိုအချိန်မှစတင် ကာ လူမှုရေးကွန်ရက်တစ်ခုအဖြစ် အခိုင် အမာ ရပ်တည်ခဲ့သည့် Facebook သည် ကမ္ဘာ့လူဦးရေ၏ ၁၃ ဦးလျှင် တစ်ဦး အသုံး ပြုသည်အထိ ကျယ်ပြန့်လာခဲ့သည်။ 
အမည်ဝှက် လူတန်းစား
Facebook စာမျက်နှာတွင် အမည် ရင်းနှင့် နေထိုင်ပြောဆိုသည့် စာမျက်နှာများ ရှိသလို အမည်ဝှက်လူတန်းစားဟု ခေါ်ဆို နိုင်သော မည်သူဟု မှန်းဆ၍မရသော စာမျက်နှာများဖြင့် ပြောဆိုဆောင်ရွက်သူတို့ ရှိနေကြောင်း သမ္မတ ဦးသိန်းစိန်၏ ပြော ရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ပြောဆိုခဲ့သည်။
ယနေ့ မျက်မှောက်ခေတ်၏ မျက်နှာစာ တွင်လည်း လူမှုကွန်ရက် Facebook သည် မျက်စိဒေါက်ထောက်ကြည့်နေရသည့် နေရာ တစ်ခုဟုပင် ဆိုရမည့်အခြေအနေ ဖြစ်လာခဲ့ သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ ပြော ပြောခွင့်မရခဲ့သည့် ၂၀၁၁ ခုနှစ်အထိ တိုးတိုး တိတ်တိတ်သာ ပြောဆိုဆွေးနွေးကြရသည့် အကြောင်းအရာများသည်ယနေ Facebook တွင်တော့အကျယ်တဝင့်ငြင်းခုံကြရာ၊ အုပ်စု ဖွဲ့၍ တိုက်ခိုက်ရာ၊ အခြားသော ယဉ်ကျေးမှု များကို အလွယ်တကူ မြည်းစမ်းခွင့်ရသော နေရာတစ်ခုအဖြစ် အရေးပါလာတော့သည်။
" အကောင့်တုတွေ ဘာကြောင့် ထား လဲ၊ အကောင့် အတုတွေ ထားတာက တစ် နည်းအားဖြင့် ပြောရရင် အရင်ခေတ် တုန်းက ကျွန်တော်တို့ အရင်အစိုးရလက်ထက်တုန်း က အင်တာနက်ကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားခဲ့တယ်၊ အီလက်ထရောနစ် ဥပဒေလိုဥပဒေတွေနဲ့ ပြစ်ဒဏ်ပေးတာတွေ ရှိတဲ့အတွက်ကြောင့် လူတွေမှာ မိမိရဲ့ Identity အမှန်ကို ဖုံးကွယ်တဲ့အကျင့် စွဲလာတယ် လို့ ကျွန်တော်တို့ ယူဆပါတယ်။ သို့သော် ဘာပဲဖြစ်ဖြစ် ဒီလို မိမိရဲ့ Identity ကို ဖုံး ကွယ်ပြီး ပြောဆိုဆွေးနွေး လာတာတွေဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့ ကျွန် တော်တို့ ပြောလို့ရပါတယ်" ဟု နို
ထို့ပြင် မြန်မာနိုင်ငံ၏ ယနေ့ခေတ် Facebook သုံးစွဲသူပေါင်း ရှစ်သိန်းရှိနေပြီး ထိုအကောင့်များ ထဲမှ လေးသိန်းသည် နာမည် အတုများဖြင့် သုံးစွဲသည့် အကောင့် အတုများ ဖြစ်ကြောင်း၊ ယခင်အစိုးရ၏ တင်းကျပ်မှုများကို ကျော်လွှားရန် အင်တာ နက်များကို သုံးစွဲခဲ့ရကြောင်း၊ သို့သော် ကောလာဟလများ ဖောင်းပွနေကြောင်း ၎င်းက ယင်းပွဲတွင် ဆက်လက်ပြောသည်။ Facebook ဟုခေါ်ဆိုသော လူမှုရေး ကွန် ရက်ကြောင့် အချိန်တိုအတွင်း သတင်းများ အားလျင်မြန်စွာသိရှိနိုင်ပြီးအပေါင်းအသင်း ဟောင်းများနှင့် ပြန်လည်ဆုံစည်းခွင့်ရရှိနိုင် သည့် နေရာတစ်ခုဖြစ်သော်လည်း သုံးစွဲသူ အချို့၏ တစ်ဖက်အစွန်းရောက်သည့် လုပ် ရပ်နှင့် ရေးသားမှုများက သုံးစွဲသူများကို ထိခိုက်နစ်နာမှုများဖြင့် ကြုံတွေ့နေရခြင်းများ ကို နေ့စဉ်မြင်တွေ့နေရပေသည်။
" Facebook ကို သုံးတာ သတင်းတွေ သိချင်လို့၊ မိတ်ဆွေအပေါင်းအသင်း တွေနဲ့ အမြဲထိတွေ့နေချင်လို့၊ အသိုင်းအဝိုင်းကို ကျယ်ပြန့်ချင်လို့ပါ။ Facebook ကနေ သတင်းအချက်အလက်တွေ အချိန်နဲ့အမျှ ရတယ်။ အပြစ်ကတော့ ဆဲတာဆိုတာ လော်ဘီလုပ်တာ စတဲ့ တလွဲ အသုံးချတာ တွေပဲ" ဟု မြန်မာသတင်းထောက်များ ကွန်ရက်မှ ပြန်ကြားရေးတာဝန်ခံ ကိုသူရ မျိုးက ပြောသည်။
ပဋိပက္ခများ၏ ကစားကွင်းလော
 ယနေ့ မျက်နှာစာ၏ လူမှုကွန်ရက် အသုံးချသူများတွင် ဘာသာရေးနှင့် နိုင်ငံ ရေးများတွင် အများဆုံး အသုံးပြုကြ၊ ပြော ဆိုလာကြသည်ကို မြင်တွေ့နေရပြီး သိသိ သာသာပင် အုပ်စုဖွဲ့တိုက်ခိုက်ခြင်းများကို လည်း မြင်တွေ့နေရလေသည်။ မြန်မာ့နိုင်ငံ ရေး၏ ပွင့်လင်းမြင်သာသော အပြောင်း အလဲကို လူမှုရေးကွန်ရက်တွင် တွေ့မြင် နေရပြီး ထိုစာမျက်နှာအား အသုံးချသော နိုင်ငံရေး လှုပ်ရှားမှုများ၊ ဝါဒဖြန့်မှုများ၊ ပဋိပက္ခလှုံ့ဆော်မှုများကို နေ့စဉ်မြင်တွေ့နေ ကြောင်း သုံးစွဲသူများက ဝေဖန်ပြောဆိုလာ ကြသည်။
" Facebook ကို အသုံးချပြီး လူမှုရေး တွေ လုပ်ဆောင်ကြတယ်၊ အလှူဒါနတွေ လုပ်ဆောင်ကြတယ်၊ ဒါက အင်မတန်ကို ကောင်းပါတယ်၊ ပြီးတော့ ဘယ်သူတွေ ဘာလုပ်နေတယ်၊ ခိုးနေသလား၊ ဝှက်နေ သလားဆိုတာ ချက်ချင်းသိနိုင်တယ်။ ဒါက တော့ ကောင်းပါတယ်၊ နိုင်ငံရေးလှုံ့ဆော်မှု တွေ လုပ်နေကြတာကိုလည်း တွေလာရ တယ်။ ဒါပေမယ့် ပဋိပက္ခဆိုတာ အဲ့ဒီက စတယ်ဆိုတာတော့မဟုတ်ဘူး။ အကြောင်း တရားတစ်ခုအဖြစ်တော့ ဟုတ်တာပေါ့" ဟု မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (ရန်ကုန်တိုင်း ဒေသကြီး) ဥက္ကဠ ဦးကျော်စောမင်းက သုံးသပ်ပြောကြားသည်။
 ရန်ကုန်တိုင်းဒေသကြီး နာရေးကူညီမှု အသင်းမှ ဦးကျော်သူက လူမှုရေးကွန်ရက် Facebook သည် ကြည့်ဖို့လောက်သာ ကောင်းကြောင်း၊ ဝေဖန်အကြံပြုသူများ၏ စကားများကို လိုက်နာသင့်သည်များကို လိုက်နာစရာများ ရှာတွေ့နိုင်ကြောင်း၊ အကျိုးမရှိပြောဆိုနေသူများ၊ စကားများအား အချိန်ကုန်ခံ မကြည့်ကြောင်းနှင့် အကျိုးရှိရှိ အသုံးချစေချင်ကြောင်း ပြောဆိုသည်။
ဆိုရှယ်မီဒီယာ ဖြစ်သော Facebook သည် သည် အတွေ့အကြုံ မရင့်ကျက်သူများ၊ အွန်လိုင်းသုံးစွဲသက် မကြာသေးသူများအား ယုံကြည်မှုအမှားများဖြစ်စေကြောင်း မြန်မာ သတင်းထောက်များကွန်ရက်မှ ပြန်ကြား ရေးတာဝန်ခံ ကိုသူရမျိုးက " Facebook ပေါ်မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ် အောင် လှုံ့ဆော်တာတွေ တွေ့လာရတယ်။ မုန်းတီးရေးစကားတွေ ပြောလာတယ်။ အခုမှ Facebook ကို စသုံးတဲ့ လူတွေက တော့ ယုံတယ်ပေါ့။ များသောအားဖြင့် သူတို့က င်္ခေနဘသသု မှာ သတင်းဖတ်ချင် လို့ သုံးကြရင်း လှုံ့ဆော်သူတွေရဲ့ သား ကောင်ဖြစ်ရတာ"ဟု ၎င်းကဆိုသည်။
ဆိုရှယ်မီဒီယာ၏ သက်ရောက်မှုများ ကို မြန်မာနိုင်ငံသာမက အခြားနိုင်ငံများ လည်း တွေ့ကြုံကြရလေသည်။ အမေရိကန် နိုင်ငံ၏ ၂၀ဝ၈ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည့် ကွင်းဆင်းလေ့လာချက်အရ ၂၀ဝ၀ ခုနှစ် နောက်ပိုင်းတွင် ဆိုရှယ်မီဒီယာများကို အသုံးချပြီး လူဖြူများကြီးစိုးရေး အသားပေး ပြောဆိုမှုများ ၃၃ ရာခိုင်နှုန်းရှိကြောင်း ဖော်ပြ ထားသည်။
နိုင်ငံတော် သမ္မတရုံး၏ ပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က မြန်မာနိုင်ငံတွင် တိကျစွာ ထုတ်ပြန်ထားသော စာရင်းဇယားမရှိသော် လည်း ဆက်သွယ်ရေး ပုံမှန်အင်တာနက် ချိတ်ဆက် အသုံးပြုနေသူ ၁ ဒသမ ဝ၅ သန်း ရှိနေပြီး Facebook သုံးစွဲနေသည့် အကောင့် ရှစ်သိန်းရှိကြောင်း၊ ထို့ကြောင့် အင်တာနက်သုံးစွဲသူများ၏ ၈၀ ရာခိုင်နှုန်း တွင် င်္ခေနဘသသု အကောင့်ရှိကြောင်း ပြော ဆိုခဲ့သည်။
သတင်းနှင့် ပတ်သက်ပါက ယုံကြည် စိတ်ချရသည့် မီဒီယာ Wesite များ ရှိနေ သော်လည်း ခိုင်လုံခြင်းမရှိသည့် သတင်း များကို အမည်ဝှက်မျိုးစုံဖြင့် ရေးသားဖြန့်ဝေ လာကြပြီး လူမျိုးရေးနှင့် ဘာသာရေး ပဋိ ပက္ခဖြစ်စေနိုင်သည့် အသုံးအနှုန်းများ သုံးစွဲ လာကြသည်။ " ကျွန်တော်တို့က အရင် ထိန်းချုပ်မှု စနစ်ကို ပြန်သွားဖို့မဟုတ်ဘူး၊ ဆင်ဆာမရှိ တော့ဘဲ လူအဖွဲ့အစည်းက မိမိဘာသာမိမိ ဘယ်လိုထိန်းကျောင်းမယ်ဆိုတာကို အဖြေ ရှာဖို့ လိုလာပြီ၊ ခုတော့ ပြုပြင်ပြောင်းလဲ ရေးနဲ့ တည်ဆောက်ရေးကို သွားလို့မရဘဲ ပြန်လည်ထူထောင်ရေးနဲ့ ကယ်ဆယ်ရေး ကိုပဲ သွားနေရတယ်၊ ရှေ့မရောက်ဘဲ နောက်ကြောင်းပဲ ပြန်လှည့်နေရတယ်"ဟု ဦးရဲထွဋ်က ဇွန်လ ၂၈ ရက်နေ့တွင် ပြုလုပ် သည့် မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့သည်။
ထို့ပြင် လူမှုရေးကွန်ရက်ပေါ်မှ အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းများနှင့်ပတ်သက်ပြီး "ကိုယ်စီ ဆုပ်ကိုင်ထားတဲ့ အမှန်တရားချင်း ပြိုင်နေ ကြတယ်လို့ပဲ မြင်တယ်၊ အဲဒီပြိုင်ဆိုင်မှုက အကျိုးဖြစ်မလား အဆိုးဖြစ်မလားဆိုတဲ့ သုံးသပ်နေတဲ့အကျင့် အားနည်းနေတယ်လို့ မြင်ပါတယ်"ဟု ရန်ကုန် ပြည်သူ့အကျိုး ဆောင်ကွန်ရက်မှ ကိုဝေဠုက ပြောသည်။ မြန်မာနိုင်ငံတွင် အီလက်ထရောနစ် ဥပဒေ ရေးဆွဲနေဆဲအချိန်ဖြစ်သည့် အတွက် ယင်းဥပဒေ ထွက်ပေါ်လာပါက အသရေ ဖျက်မှု၊ ဆူပှုမှုဖြစ်ပေါ်စေရန် ဖန်တီးမှု ပုဒ်မ၊ အဆိုးဝါးဆုံးကတော့ နိုင်ငံတော်လျှို့ဝှက် ချက်ပေါက်ကြားမှု စသည့်ပြစ်မှုများ ထည့် သွင်းရေးဆွဲလာနိုင်ကြောင်း မြို့နယ် တရား သူကြီးတစ်ဦးက သုံးသပ်ပြောကြားသည်။
ကွန်မြူနစ် စနစ် ကျင့်သုံးသည့် တရျုတ် နိုင်ငံတွင် လူမှုရေး စာမျက်နှာဖြစ်သည့် Facebook သုံးစွဲမှုအား ပိတ်ပင်ထားသော် လည်း ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံ ဖြစ်သည့် မြန်မာနိုင်ငံတွင် ယင်းစာမျက်နှာ အား ပိတ်ဆို့ရန်မှာ မဖြစ်နိုင်သော်လည်း ထိန်းကျောင်းရန် လိုအပ်လှပေသည်။
နိုင်ငံတကာတွင် Cyber Police ဟု ခေါ်သော အင်တာနက် စောင့်ကြည့်ရုံ ထောက်အဖွဲ့ထားရှိခဲ့ပြီး လူမှုရေး စာမျက်နှာမှ တစ်ဆင့် ခြိမ်းခြောက်မှုနှင့် ဆူပူအြွုံကစေရန် ကြံစည်မှုများရှိပါက ထိန်းသိမ်းမှုများကို လုပ်ဆောင်လျက်ရှိရာ ထိုအဖွဲ့များပင် လို အပ်လာပြီလောဟု မေးခွန်းထုတ်စရာပင် ဖြစ်လာခဲ့လေပြီ။ " Facebook မှာက ဘယ်သူဘာပြော နေတာလဲဆိုတာ ရှာရလွယ်တယ်။ Profile အမှန်သုံးတယ်။ ပြီးတော့ မိတ်ဆွေသူငယ် ချင်းတွေရှိနေတော့ ဘယ်သူ ဘာပြောနေ တယ်ဆိုတာ ရှာရလွယ်တယ်။ ဒါ့ကြောင့် အကောင့်တုတွေ၊ နာမည်ပြောင်တွေ သုံးပြီး ပြောဆိုနေကြတာတွေဖြစ်တာပဲ"ဟု ကျော် စောမင်းက သုံးသပ်ရှင်းပြသည်။ လူမှုကွန်ရက် Facebook ဖြင့် အောင် မြင်လာခဲ့သည့် အလှမယ် နန်းခင်ဇေယျာက ဂျပန်နိုင်ငံမှာ ပြိုင်ခဲ့တုန်းက Facebook သာမရှိရင် ဆုရခဲ့မှာမဟုတ်ပါဘူး၊ အရေးပါ တယ်ဆိုပေမယ့် အရမ်းကြီးတော့ အရေးမပါ ပါဘူး၊ ခုတစ်လော Facebook မှာ ရန် ဖြစ်ကြတယ်၊ ဆဲဆိုကြတာကို တွေ့ရတယ်၊ အဆိုးဆုံးကတော့ အဟက်ခံရတာပေါ့၊ ကောင်းတာလေးကတော့ အပြင်ထွက် ဈေး ဝယ်စရာမလိုဘဲ အွန်လိုင်းကတင်ပဲ ဈေး ဝယ်လို့ရနေတာပါပဲ" ဟု Venus News နှင့် တွေ့ဆုံခဲ့စဉ် ဖြေကြားခဲ့သည်။
နိုင်ငံတော်အစိုးရက ဆက်သွယ်ရေး လိုင်းများ တိုးချဲ့ပေးပြီး လူတန်းစားမရွေး လွယ်ကူစွာ အသုံးချနိုင်ရန် တန်ဖိုးနည်း မိုဘိုင်းဖုန်းများကိုလည်း ကျပ် ၁၅၀ဝ ဖြင့် ချပေးခဲ့ရာ လာမည် ၂၀၁၄ ခုနှစ်တွင် ခြောက်ဆထိ တိုးချဲ့ပေးမည်ဖြစ်ကြောင်း၊ မြန်မာ့လူဦးရေ သန်း ၆၀ တွင် မိုဘိုင်း အသုံးပြုသူ ၇ ဒသမ ၃ သန်းသာ ရှိသော ကြောင့် လူဦးရေ၏ ၇၅ ရာခိုင်နှုန်း မိုဘိုင်း ဖုန်းအသုံးပြုနိုင်ရန် အစိုးရမှတိုးချဲ့ပေးမည် ဖြစ်ရာ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကောလာဟလများ ပိုမိုဖြစ်ပွားဖွယ်ရာ ရှိသည်ဟု ဦးရဲထွဋ်က သုံးသပ်ပြောကြား သည်။
"ဆူပူမှုတွေမှာ လူအတုတွေ ဝင်လာ သလို င်္ခေနဘသသု မှာလည်း လူအတုတွေ ဝင်လာပြီး လှုံ့ဆော်မှုတွေဖြစ်အောင် လုပ် လာမှာကို သတိထားရမယ်၊ နစ်နာစေလိုတဲ့ စိတ်နဲ့မဟုတ်ဘဲ သင့်မြတ်သော၊ တရား မျှတသော ဥပဒေတွေနဲ့ ထိန်းကျောင်းပေး ဖို့တော့ လိုပါလိမ့်မယ်"ဟု သတင်းစာဆရာ ကျော်စောမင်းက သုံးသပ်ပြီး မြန်မာ သတင်းထောက်များကွန်ရက်မှ ပြန်ကြား ရေးတာဝန်ခံ ကိုသူရမျိုးက "အခုနောက်ပိုင်း ဖုန်းတွေချပေးတယ်၊ ဖုန်းနဲ့လူတွေ သုံးလာ ကြာတယ်၊ လူသုံးများလာတယ်ပေါ့၊ ဒီလို လူသုံးများလာတာကနေ Facebook ပေါ် မှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ် အောင် လှုံ့ဆော်တာတွေ တွေ့လာရတယ်။ အခုမှ င်္ခေနဘသသု ကိုစသုံးတဲ့ လူတွေက တော့ ယုံတယ်ပေါ့၊ များသောအားဖြင့် သူတို့က င်္ခေနဘသသု မှာ သတင်းဖတ်ချင် လို့ သုံးကြရင်း လှုံ့ဆော်သူတွေရဲ့ သား ကောင်ဖြစ်ရတာ၊ နောက်ပိုင်း မိုဘိုင်းဖုန်း တွေ ပိုချလာမယ် လူတွေပိုသုံးလာမယ်၊ ဒါဆိုရင် င်္ခေနဘသသု ဟာ ပဋိပက္ခဖန်တီးသူ တွေရဲ့ ကစားကွင်းဖြစ်လာနိုင်ဖို့ရှိတယ်" ဟု ဆိုသည်။
စာမျက်နှာသည် ယနေ့ လူကြီးလူငယ်မရွေး စိတ်ကျက်စားရာ၊ သတင်းဖတ်ရာ၊ ပေါက် ကွဲထွက်ရာ နေရာကြီးဖြစ်လာခဲ့ပြီး ယင်း နေရာအား အခြေခံသည့် ခွဲခြားဆက်ဆံ ပြောဆိုမှုများ၊ ပဋိပက္ခဖြစ်စေရန် လှုံ့ဆော် ရေးသားမှုများ ကြီးထွားလာပြီး ယဉ်ကျေးမှု၊ ခံယူချက်နှင့် ပင်ကိုစိတ်များ ပျောက်ကွယ် သွားမည်ကို စိုးရိမ်ကြောင်း လူမှုကွန်ရက် Facebook သုံးသူအချို့ကပြောကြပြီး ယင်း တို့ကို ထိန်းသိမ်းရန် ပြောဆိုရေးသား သူ တို့သည် ချင့်ချိန်ပြီးယုံကြည်ရန် လိုအပ် ကြောင်း လူအတုများ၏ သွေးခွဲမှုကို မခံရ စေရန် သတိရှိဖို့လိုအပ်ကြောင်း သုံးသပ် ကြလေသည်။

ခင်နှင်းကြည်သာ 

No comments:

Post a Comment