Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, June 15, 2013

Breast cancer risk has risen for South Asian women ရင်သားကင်ဆာ တောင်အာရှကနေ ဗြိတိန်မှာလာနေသူများ ပိုဖြစ်လာကြ

• University of Sheffield ရှဖီးလ်းလ် တက္ကသိုလ်မှာလုပ်တဲ့ သုတေသနကတွေ့ရှိပြီး၊ ၁၄-၆-၂ဝ၁၃ နေ့က National Cancer Intelligence Network Conference ကွန်ဖရင့်မှာ ထုတ်ဖေါ်လိုက်တာဖြစ်ပါတယ်။
• ဒီသုတေသနကို ၂ဝဝဝ-၂ဝဝ၉ အတွင်း ဒေသမျိုးစုံကလာကြတဲ့ အမျိုးသမီးပေါင်း ၁၃၅ဝဝဝ ယောက်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
• ၂ဝဝဝ-၂ဝဝ၄ အတွင်း တောင်အာရှ (အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဘင်္ဂလားဒက်ရှ်၊ နီပေါ) ကနေလာကြတဲ့ အမျိုးသမီးတွေမှာ တခြားအမျိုးသမီးတွေထက် ၄၅% အဖြစ်နည်းခဲ့တယ်။ ဒါပေမဲ့ ၂ဝဝ၅-၂ဝဝ၉ အတွင်းမှာ အသားအဖြူအမျိုးသမီးတွေထက် ၈% ပိုဖြစ်လာတာတွေ့ရတယ်။
• ဘာလို့ အဲလိုပြောင်းလာသလဲဆိုတာ တိတိကျကျတော့ ပြောမရသေးပါ။
• Lifestyle factors လူနေမှုပုံစံက စဉ်းစားစရာဖြစ်တယ်။
သူတို့တတွေဟာ အခြေခံ နောက်ကြောင်းမှာ စီးပွါးရေးသိပ်မကောင်းတဲ့ မိသားစုကနေ လာကြတယ်။
အဝလွန်ခြင်းကလည်း အချက်တခုဖြစ်တယ်။
သူတို့တတွေ ဗြိတိန်မှာလာနေကြတော့ ကလေးယူတာနည်းလာကြတဲ့အချက်၊
ကိုယ်ဝန်တားဆေးတွေ ပိုသုံးလာကြတဲ့အချက်၊
ဆေးလိပ်နဲ့ အရက်သောက်လာကြတဲ့အချက်တွေကနေ သက်ရောက်စေသလား စဉ်းစာစရာ ဖြစ်ပါတယ်။
“ခေတ်မီ နိုင်ငံတကာယဉ်ကျေးမှုကို အမီလိုက်ချင်သူများ သတိထားစေချင်ပါတယ်ခင်ဗျား။”
http://www.bbc.co.uk/news/health-22891645
ဒေါက်တာတင့်ဆွေ
၁၅-၆-၂ဝ၁၃

No comments:

Post a Comment